Monday, December 22, 2008

Peekaboo ပိုစ့်ခေါက်ခြင်း

Postလေးတွေခေါက်ချင်တယ်ဆိုရင်ဒီမှာသွားဖတ်လိုက်ပါခင်ဗျာ...

Wednesday, December 10, 2008

မချစ်တက်မမုန်းတက်တဲ့သူ

သက်ရှိသက်မဲ့..
ဘယ်အရာမဆို..
တဏှာနဲ့ချစ်ရင်..စိတ်ပူလောင်တယ်။
သဒ္ဒါမေတ္တာနဲ့ချစ်ရင်..
စိတ်အေးချမ်းရတယ်။
ဒေါသနဲ့မုန်းရင်..
စိတ်ဆင်းရဲရတယ်။
သတိဥာဏ်နဲ့မုန်းရင်..
စိတ်ချမ်းသာရာရတယ်။
တဏှာနဲ့မချစ်တက်တဲ့သူ..
ဒေါသနဲ့မမုန်းတက်တဲ့သူ..
ဘ၀တိုင်းဖြစ်ရပါစေ..။
(ရှင်ဆန္ဒာဓိက)

Monday, December 8, 2008

ဒီမှာရယ်ကြမယ်..

"သားအားလုံးသိတယ်နော်"

တစ်ခါကသိပ်လည်တဲ့ကလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့ သူ့ မေမေအလှပြင်နေတဲ့အနားကိုသွားပြီး

"မေမေ သားအားလုံးသိတယ်နော်" လို့ ပြောတဲ့အခါ

သူ့ မေမေက "အေးအေး သား.. သားကလိမ်မာတယ် ဘယ်သူ့ မှလျှောက်မပြောနဲ့ 

မုန့် ဖိုးယူသွား " ဆိုပြီး မုန့် ဖိုးပေးလိုက်ပါတယ်။

ဒါနဲ့ ကလေးက သူ့ ဖေဖေဆီသွားပြီး "ဖေဖေသားအားလုံး သိတယ်နော်"လို့ 

ပြောလိုက်ပါတယ်။ သူ့ ဖေဖေကလည်း "အေးအေး သားအတွက် မုန့် ဖိုး

ယူသွား လျှောက်မပြောနဲ့ " ဆိုပြီးမုန့် ဖိုးပေးလိုက်ပါတယ်။

အဲဒီအချိန်မှာ အိမ်ကိုစာပို့ သမားတစ်ယောက်ရောက်လာပါတယ်

ကလေးက " ဦးလေး ဦးလေး သားအားလုံးသိတယ်နော်"လို့ ပြောတဲ့ အခါ

စာပို့ သမားကြီးပြန်ပြောလိုက်တာကတော့"အမလေး လူလေးရယ် မင်းအား

လုံးသိသွားပြီလား လာစမ်းပါဦးဖေဖေ့ဆီကို" ဖြစ်ပါသတဲ့။

"တရားခံဘယ်သူလဲဟေ့"

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုန်းကံကြီးမားတဲ့ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေသတဲ့။

ဘုရင်ကြီးရဲ့ နှူတ်ထွက်စကားဟာလည်း သမာသမတ်ရှိတာနဲ့ အညီ တည်စေမြဲစေဖြစ်ပါသတဲ့။

တစ်နေ့ တိုင်းခမ်းလှည့်လည်တဲ့အခါ မိန်းမတစ်ယောက်က

“အရှင်မင်းကြီး ကျွန်တော်မတို့  မိန်းမသားတွေမှာ ကိုယ်ဝန်ဆောင်ပြီးမီးဖွားတဲ့အခါ

နာကျင်ဆင်းရဲမှုတွေကို ခံစားရပါတယ်..ဒီကိုယ်ဝန်ဟာ ယောကျာင်္းတွေန.ဲ လည်းသက်ဆိုင်တဲ.အတွက် ဒီလိုနာကျင်မှုတွေကိုသူတ.ို လည်းခံစားရမှတရားနည်းလမ်းကျပါလိမ့်မယ်လို.” လျှောက်တင်သတဲ့။ဒါနဲ.မင်းကြီးလည်းဟုတ်ပေသားဆိုပြီး”မိန်းမတွေမီးဖွားတဲ့အခါ

သက်ဆိုင်တဲ့ ခင်ပွန်းဖြစ်သူက နာကျင်မှုကိုခံစားစေ” လို့ အမိန့် တော်ချမှတ်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး တိုင်းပြည်အတွင်းမှာမိန်းမတွေမီးဖွားတိုင်း သက်ဆိုင်ရာယောကျာင်္းတွေကဗိုက်နာကြသတဲ့။

တစ်နေ.တော့မင်းကြီးရဲ့ညီလာခံသဘင်မှာအမတ်ချုပ်ကြီးက ထပြီးဗိုက်နာပါသတဲ့။

အဲဒီအချိန်မှာတကယ်တမ်းမီးဖွားနေတာကတော့ မိဖုရားကြီးဖြစ်နေပါသတဲ့။



"Asshole"

တစ်ခါက ပန်းခြံတစ်ခုထဲက ခုံတန်းလျားတစ်ခုမှာလူစိမ်းနှစ်ယောက် အတူတူထိုင်နေပါတယ်။

တစ်ယောက်ကသတင်းစာဖတ်ရင်းနဲ့ 

“ဟာ..ဒီနိုင်ငံရေးသမားတွေဟာ` asshole’ တွေဘဲ” လို့ ထအော်ပါသတဲ့။

အဲဒီအခါမှာ ဘေးကတစ်ယောက်က “ဟေ့ မင်းဒီလိုမပြောပါနဲ့ ... ငါလုံးဝသည်းမခံနိုင်ဘူး” လို .ထအော်ပါသတဲ့။

ဒါနဲ့ ပထမလူက နဲနဲအားနာသွားပြီး

“သြော်.. ခင်ဗျားကနိုင်ငံရေးသမားလားလို့ "မေးတဲ့အခါ
ဒုတိယလူက “အေးငါ ‘asshole’ ဘဲ” လို့ ဒေါသတကြီးပြန်အော်လိုက်ပါတယ်။

ရွာဘောလုံးပွဲ

ကျေးလက် ဘော်လုံးပွဲ

ရွှီ...
ဟော...ပုဆိုးဘိုသီဘတ်သီနဲ့ လယ်ဖီ(Refree) ဝီစီမှုတ်လို့၊
ကွင်းထဲကိုသခတ်သုတ်သုတ်ဆင်းလာ ပြီး နာရီမသုံး-
(၂)လုံးဆို ဟက်ပဒိုင်း(half time)ပေးမယ်
(၄)လုံးဆို ပွဲအပြီး၊
ဒါပေမယ့် မြို့ကဒိုင်လူကြီးတွေလို့ပဲ နောက်(man out)တော့ ငါမသိ၊
လက်ထိရင် ဟိုင်းဘော(hand ball) ဂိုးရှေ့မှာဆို ပိုင်နယ်တီ
ကဲ.....စပြီ၊
-လယ်ဖီ ဝီစီအမှုတ်
ခတ်သုတ်သုတ် တောင်ဘက်ကိုခုတ်တင်
မောင်သင့်ကိုပေး၊ မောင်သင်ကခွေးပု
ခွေးပုကမြကြည်၊ မြကြည်က ဂိုလီဗာ( Goal Keeper ) ကိုကြည့်....
ကန်သွင်း....ကစ်ပြင်းပစေ့နော်....
-ကျေးတောသားတွေရဲ့ သက်လုံမှု၊ ကြိုးစားမှု၊ ဇွဲကြီးမှု
(မာရာဒိုနာ) တုမမှီနိုင်
နောက်တန်းလူ....သူတို့အခေါ် ဘက်သား
ထန်းတစ်ဖျား ကစ်နဲ့ ပြေးအကန်
ပရိတ်သတ်သြဘာသံ....ကွင်းလုံးလျှံ....
-အရှုံးအနိုင်မစဉ်းစား
ယှဉ်ပြိုင်ခြင်းသည် အဓိကထား
မင်းန်အောက်လည်းမရှိ
ကော်နာ..လည်းမရှိ
လော်မာမှုလည်းမရှိ
ဖောင်း..ဘောလည်းမရှိ
လောင်းဘော လည်းမရှိ
လိုင်းစ်မင်းလည်းမရှိ
ပကတိရိုးသား၊ ကြိုးစားတဲ့
ကျေးတောသားတွေရဲ့ ဒီဘောပွဲ
(တကယ်ပဲ) ဂြိုလ်တုကရိုက် ကမ္ဘာ့တီဗီလိုင်းထဲ
လွှင့်လိုက်ဖို့ ကောင်းတယ်.....။

(ပန်းလှိုင်စိုး)

Photoshop လှလှလေးတွေလုပ်မလား..

" နတ်သမီးလေးလိုလှဖို့"

Photoshop လှလှလေးတွေလုပ်ဖို့စိတ်ဝင်စားသူများအတွက်ပါဒီက တစ်ဆင့်တင်ပြပေးလိုက်ရပါတယ်..

Photoshop 7 အတွက်စာအုပ်လေးကို ဒီမှာ
Download ယူလိုက်ပါ...ပုံလှလှလေးတွေဖန်းတီးဖို့စိတ်ဝင်စားသူတွေအတွက်အရမ်းအသုံးဝင်မှာပါ

ပုံလှလှတွေဖန်တီးနိုင်ကြပါစေ...

ဒီ Tutorial က ဓာတ်ပုံတစ်ခုကို လှပတောက်ကြွားတဲ့ Desktop Wallpaper တစ်ခုအဖြစ်ပြောင်းပေးမယ့် Heaven Effect လို့တင်စားရမယ့် Tutorial ပါ။
၁) Wallpaper အရွယ် New File တစ်ခု ဖွင့်ပါမယ်။ ဒီ Tutorial မှာတော့ (1280 x 800 px) အရွယ်ကို ဖွင့်ပါတယ်။
၂) Effect ပြုလုပ်ချင်တဲ့ ဓာတ်ပုံကို ဖွင့် Copy ကူးပြီး စောစောက New File ပေါ်ကို Paste လုပ်ပါမယ်။ မိမိလိုအပ်တဲ့ အရွယ်ရအောင် Scale ကို ချုံ့ချဲ့ ပြုလုပ်ပါမယ်။

၃) ပြီးတဲ့အခါ Lasso Tool တစ်ခုသုံးပြီး ပုံရဲ့ Background ကို Selection လုပ်ပါမယ်။

၎) Ctrl + J သို့မဟုတ် Layer > New > Layer Via Copy ကိုလုပ်ပါမယ်။ ဒါဆိုရင် Background Layer ပေါ်မှာ နောက်ထပ် Layer နှစ်ခုတွေ့ရပါမယ်။





၅) ပြီးသွားရင်တော့ Filter > Blur > Gaussian Blur ကို Radius ကြီးကြီးဖြင့် Background ကို ခပ်ဝါးဝါး ဖန်တီးပါမည်။ ဒီမှာတော့ 30 pixels ထားပါသည်။

၆) ပြီးလျှင် အောက်မှ Layer-1 ကို ပြန်ရွေးပြီး Filter > Blur > Smart Blur ဖြင့် ကော်ပတ်ရုပ်ပုံစံမျိုးဖြစ်အောင် ဖန်တီးပါမည်။ လိုအပ်သော Radius ကိုတော့ မိမိစိတ်ကြိုက် ထားနိုင်ပါသည်။

၇) ပြီးလျှင် Ctrl+ M သို့မဟုတ် Image > Adjustment > Curves ကိုဝင်ပါ။ Curve ကို အထက်သို့ ဆွဲတင်ပြီး ပုံကို လင်းသွားအောင် ဖန်တီးပါ။

၈) ပြီးလျှင် Layer -2 သို့ပြန်ဝင်ပြီး Layer Mask တစ်ခုသုံးပြီး (သို့မဟုတ်) Soft Rounded Eraser Tool ဖြင့် အောက်မှ Layer ၏ အနားသတ်များ ထင်းလာအောင် Layer -2 ကို ဖျက်ပါမည်။

၉) ပြီးလျှင် Background ပွားရန်အတွက် လိုအပ်သော ပုံ၏ အနားပိုင်း အနည်းငယ်ကို Rectangular Marquee ဖြင့် Select လုပ်ပါ။

ပြီးလျှင် Ctrl + T သို့မဟုတ် Edit > Free Transform ကိုရွေးပြီး ဘယ်ဘက်သို့ ဆွဲကားပစ်လျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၁၀) နောက်ဆုံးအဆင့်အနေဖြင့် မသေသပ်သော ဆက်ရာပေါ်နေသော နေရာများကို Clone Stamp Tool (S) ဖြင့် လိုက်လံ ဖာထေးပြုပြင်လိုက်သောအခါ ပြီးပြည့်စုံသော Wallpaper တစ်ခုကို ရရှိနိုင်ပါသည်။

အနုပညာမျက်စိနဲ့ ကြည့်ပြီး အနုပညာဆန်တဲ့ ဦးနှောက်၊ နှလုံးသားတို့နဲ့ပါ ပေါင်းစပ်ဖန်တီး လိုက်မယ်ဆိုရင် အနုပညာမြောက်တဲ့ အနုပညာတစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုချင်ပါတယ်။

Sunday, December 7, 2008

ရွှေဗမာကယ်ပေလို့ပေါ့..

"ရွှေဗမာကယ်ပေလို့ပေါ့"
တစ်ခါကရွာတစ်ရွာမှာသူငယ်ချင်းနှစ်ယောက်ရှိသတဲ့..သူတို့နှစ်ယောက်ဟာတစ်ကိုတစ်ယောက်အရမ်းချစ်ကြတယ်

လူမျိုးတော့မတူကြဘူး...တစ်ယောက်ကဗမာ...တစ်ယောက်ကရှမ်းလူမျိုး...တစ်နေ့မှာ

သူတို့သူငယ်ချင်းနှစ်ယောက်တောင်ပေါ်ကို မျှစ်ချိုးသွားကြတယ်...တောင်ပေါ်ကိုတက်တော့

ဗမာကရှေ့ကတက်တယ်..ရှမ်ကနောက်ကလိုက်တာပေါ့..အဲဒိချိန်မှာဗမာကရှမ်းကိုသိပ်မကျေနပ်ဘူး..

ဘာလို့လဲဆိုတော့ ဗမာကြိုက်နေတဲ့ကောင်မလေးကို ရှမ်းကရည်းစားစကားလိုက်ပြောထားလို့တဲ့..

ဒါနဲစိတ်ပေါက်ပေါက်နဲ့ဝါးကိုင်းတစ်ခုကိုကိုင်ပြီးရှေ့ကိုဆွဲပြီးတက်သွားတယ်...ဆုံးမှလွှက်ပေးလိုက်တယ်

.ပါးစပ်ကလဲအော်ရင်းနဲ့ပေါ့.."ရှမ်းကြီးသတိထားဟေ့"ဆိုပြီးလွှက်ပေးလိုက်တယ်..

ရှမ်းခမျာရှောင်ချိန်မရပဲ မျက်လုံးတစ်ဖက်ကန်းပါလေရော..ဒါတောင်ရှမ်းကဗမာကို

ကျေးဇူးတင်ပြီးလှမ်းအော်လိုက်သေးတယ်...ဘယ်လိုလှန်းအော်လိုက်လဲဆိုတော့ ....

"ရွှေဗမာရေ ကျေးဇူးပဲကွာ...မင်းသာလှမ်းမအော်ရင် စုံလုံးကမ်းတယ်တဲ့"


"စားချင်ရင်ပြိုင်ပွဲဝင်လိုက်"

မော်စကိုမြို့တစ်နေရာတွင်အစားပြိုင်ပွဲတစ်ခုကျင်းပပေးပါမည်...

စိတ်ဝင်စားသောသူများကြိုတင်စာရင်းပေးသွင်နိုင်ပါသည်။ပြိုင်ပွဲကိုစည်းကမ်း(၅)ချက်ချမှက်ထားပါသည်။

(၁)စားနေချိန်အတွင်း မျက်နှာကိုတည်ထားရပါမည်။

(၂)မျက်နှာကို ရှုံ့ခြင်းတွန့်ခြင်းမပြုလုပ်ရ။(လုံးဝတားမြစ်သည်)

(၃)သတ်မှက်ထားသောအစားများကိုကုန်အောင်စားရမည်။

(၄)သတ်မှက်ထားသောအချိန်တွင်းသာစားရမည်ဖြစ်သည်။

(၅)အသက်(၁၈)မှ(၂၅)နှစ်အတွင်းအိမ်ထောင်မရှိလူပျို/အပျိုဖြစ်ရမည်။

ပြိုင်ပွဲတွင်စားရမည့်အစားများမှာအောက်ပါအတိုင်းဖြစ်သည်...

ရှောက်သီးသုံးလုံး(ဖရဲသီးအသေးအရွယ်)

မကျည်းစေ့နှစ်ကျပ်ခွဲသား

မရမ်းသီးတစ်ဆယ်သား(အချဉ်)

သရက်သီးအစိမ်းငါးလုံး(ရင်ကွဲသီး)

ရေခဲချောင်း(၅)ချောင်း(နဲနဲမာသည်)...စသည်များကိုတစ်ပြိုင်တည်းစားသောက်ရမည်ဖြစ်ပါသည်။

လူဦးရေကန့်သတ်ထားပါသဖြင့်စိတ်ပါဝင်စားသောသူများအမြန်ဆုံးစာရင်ပေးသွင်းနိုင်ပါသည်။ပြိုင်ပွဲတွင်ရှုံး

နိမ့်သူများအားသရဲသကြားလုံးတစ်ထုပ်စီမေတ္တာလတ်ဆောင်ပေးပါမည်။ပထမဆုတစ်ဆုတည်းသားပေးပါမည်။

(ပြိုင်ပွဲဝင်နေစဉ်အတွင်းသံပရာရည်စိတ်ကြိုက်သုံးဆောင်နိုင်ပါသည်)



မြန်မာစာကိုမြန်မာလိုဖတ်တာတောင်တဲ့

"မြန်မာစာကိုမြန်မာလိုဖတ်တာ"

မြန်မာစာကိုမြန်မာလိုဖတ်တာအသံနေအသံထားမှန်ဖို့အင်မတန်အရေးကြီးပါတယ်ခင်ဗျာ...ကဲဒါလေးတွေကိုဖတ်ကြည့်မယ်..။

"မမဲပေါင်ထားတဲ့ ကိုဖေါင်ရဲ့လတ်စွပ်ကို ရွေးလျှင်ရွေး

မရွေးလျှင်ဆုံးရပါလိမ့်မယ်"လို့စာတိုလေးတစ်စောင်ရေးပေးလိမ့်သတဲ့..။အဲဒိစာကိုဘုန်းကြီးကျောင်းသားလေးကဖတ်

လိုက်ပုံကတော့"မမဲပေါင် ကိုဖေါင်လစွပ် ရွေ့လျှင်ရွေ့ မရွေ့လျှင် စုပ်လိမ့်မယ်" လို့ဖတ်လိုက်သတဲ့..။


အဲသလိုပဲ "မအူပင်တရုတ်တန်းက ပန်းကန်တစ်ရာငှားလိုက်ပါ"လို့ရေးထားတဲ့စာလေးကိုဖတ်လိုက်ပုံကတော့...

"မအုဖင် တရုတ်လှန် မခံတရား ငါလဲပါ" လို့ဖတ်လိုက်သတဲ့..။


အဲသလိုပဲရွာသူကြီးတစ်ယောက်က"ရွေး ပင်ကိုထင်တိုင်းမခုတ်ရ ဆင့်ဆိုလိုက်သည်"

လို့အရပ်ထဲမှာမောင်းထုကြေညာရန် မှာလိုက်သည်ကို မောင်းထုဆရာကမောင်းထုကြေညာလိုက်ပုံကား...

"ခွေးဖင်ကိုထင်တိုင်းမလုပ်ရ

ဆင်ဆိုးလိုက်တက်သည်"လို့လိုက်ကြေညာသတဲ့..။မြန်မာစကားကသေချာမပြောတက်ရင်

အယူအစတစ်မျိုးသက်ရောက်တက်ပါတယ်..။တစ်ခါကရွာတစ်ရွာရဲ့လမ်းမှာ

ကောင်မလေးတစ်ယောက်လှည်းကြုံလိုက်ချင်တယ်လို့လှည်းသမားကိုပြောလိုက်တယ်။လှည်းသမားကလဲ ရိုးရိုး

သားသားပြန်ပြောပါတယ်....

ကောင်မလေးကတော့ဘယ်လိုတွေးလဲတော့မသိဘူး..။လှည်းသမားပြန်ပြောလိုက်တာက

"ဖင်ခံနိုင်ရင်

လိုက်ခဲ့တဲ့"သူပြောတာကလှည်းဆောင့်ရင်ဖင်နာတယ်လေ....လှည်းဆောင့်တဲ့ဒဏ်ခံနိုင်ရင်လိုက်ခဲ့လို့ပြောတာပါ..။

Saturday, December 6, 2008

မင်းဘယ်လိုလူလဲဆိုတာရွေးပါ........:P

"အိုးရွဲ့နဲ့စလောင်းပဲ့"
အဟွန်း........(ချောင်းဆိုးသံ)
စမယ်......တစ်ခါတုန်းကရွာတစ်ရွာမှာပေါ့...မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့..
မောင်လှအရွယ်ရောက်လာတော့ သူ့မိဘတွေကသူ့ကိုအိမ်ထောင်ချပေးချင်တာပေါ့...ခက်တာကမောင်လှမှာ
အောက်နှုတ်ခမ်းမရှိတော့ ယူမဲ့မိန်းမမရှိဘူးဖြစ်နေတယ်..မောင်လှကိုယ်တိုင်ကလည်း အရမ်းကိုမိန်းမလိုချင်နေပြီ
လာပြီ....(ယူမဲ့သူ)
တစ်နေ့မှာပေါ့..တစ်ခြားရွာတစ်ရွာက မိဘတွေကမောင်လှနဲ့သူတို့သမီးကညာလေးကိုမိဘချင်းကမ်းလှမ်းကြတယ်...


မောင်လှမိဘတွေကတော့သူတို့သားလေးအောက်နူတ်ခမ်းမရှိတာကို ဖုံးကွယ်ချင်တော့ ညဖက်မှာပဲမီးမှောင်ချပြီးတော့ မင်္ဂလာအခမ်းနားကိုစီစဉ်မယ်လို့ ကတိတောင်တယ်။ကောင်မလေးဖက်ကလည်း
သဘောတူတယ်....ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့ညကိုရောက်လာရော..မင်္ဂလာဆောင်ပြီးတော့ အကြင်လင်မယား
ပေါက်စလေးနှစ်ယောက်...မောင်မယ်အတူ ထမင်းလက်စုံစားကြတယ်...စားတော့လဲ မီးမှောင်မှောင်မှာနေမှာပေါ့...ထမင်းစားရင်း မောင်လှကဟင်းချိုသောက်ရင်းပူတော့..
"ဟင်းချိုကလဲ ၀ူ လိုက်တာလို့ပြောလိုက်တယ်..ကောင်မလေးကလဲ..
"၀ူ ရင်ဝုက်တောက်ပေါ့" လို့ပြန်ပြောလိုက်တယ်..။


မင်းဘယ်လိုလူလဲ?????????
ယဉ်ကျေးသူ...................အီးမပေါက်ခင် ခွင့်ပြုပါ နော်ဟုပြောပြီး ပေါက်ပြီးသောအခါ ဆေားရီး ဟုပြောတက်သူ
မရိုးသားသူ.................ကိုယ်ကအီးပေါက်သော်လည်း ၀န်မခံပဲ ဟိုလူဒီလူဟု လွှဲချတက်သူ
မိုက်မဲသူ........................အီးပေါက်ချင်သော်လည်းမပေါက်ပဲအောင့်အီးထားသူ
ဗဟုသုတကြွယ်ဝသူ.......ဘယ်အချိန်ဘယ်နေရာတွင် အီးပေါက်ရမည်ကိုသိသူ
ဒုက္ခရောက်နေသူ.........အီးပေါက်ချင်သော်လည်း မပေါက်ရဲတဲ့နေရောက်နေသူ(နေရာ-စာမေးပွဲခန်း)
လျှို့ဝှက်တက်သူ..........လက်သည်မပေါ်အောင်(သို့)ကိုယ်ပေါက်မှန်းဘယ်သူမှမသိအောင်အီးပေါက်တက်သူ
ဝါကြွားသူ...................အီးပေါက်နိုင်ခြင်းကို ဂုဏ်ယူနေတက်သူ
နှိပ်စပ်တက်သူ............လူများသောနေရာတွင်အီးပေါက်တက်သူ
ပညာရှင်.....................အီးပေါက်နေသော်လည်းလေထုညစ်ညမ်းမှာစိုးရိမ်သူ
ရှက်တက်သူ...............အီးပေါက်ပြီး မျက်နှာတစ်ခုလုံးနီလာသူ
အကြံပိုင်သူ...................ကိုယ်အီးပေါက်ပြီးသူများမသိအောင်အကျယ်ကြီးအော်ရယ်တက်သူ
အလွန်တုံးသူ............အီးပေါက်ပြီး ငါ့ကိုယ်ထဲကလေလျော့ပြီဟုထင်ကာ Balance ဖြစ်အောင်လေကိုတစ်ဝကြီး
ရှုသွင်းမှဟုဆိုကာ လေတစ်ဝကြီးရှုသွင်းလိုက်သူ
ကပ်စေးနဲသူ...............အီးကိုကုန်အောင်မပေါက်ပဲချန်ထားသူ
အတ္တကြီးသူ.................ငါ့အီးကမွှေးတယ်ဟုပြောသူ
အပေါင်းဖေါ်မက်သူ.....သူများအီးပေါက်ခြင်းကို နှစ်သက်သူ
သီးသန့်ဆန်သူ...........ဘယ်သူမှမရှိသောနေရာသို့သွားပြီး အီးပေါက်တက်သူ
ရေကိုချစ်သူ..............ရေချိုးကန်ထဲတွင်ရေချိုးရင်း အီးပေါက်သူ
အားကစားသမား.........ဗိုက်သားကိုတောင့်ပြီး အီးပေါက်သူ
ရိုးသားသူ...................အီးပေါက်ကြောင်းဝန်ခံသူ
အသိဥာဏ်ရှိသူ.........အီးပေါက်သံကြားတာနဲ့ဘယ်သူပေါက်တာလဲဆိုတာကိုတန်းပြောနိုင်သူ
ကံဆိုးသူ.................အီးပေါက်ရန်ကြိုးစာရင်း ချီးပါထွက်သွားသူ....
(သင် ရောဘယ်လိုလူစားထဲပါဝင်ပါသလဲ)

ချစ်သူ...



တစ်နေ့မှာ...
အချိန်ကာလ တစ်ခုရဲ့ တိုက်စား ဝါးမျိုမှု အောက်မှာ
အရာ အားလုံး ပြီးဆုံး ချုပ်ငြိမ်း သွားမှာပဲ..။
သင်္ခါရ ဆိုတဲ့ မမြဲချင်း သဘောတွေနဲ့ အတူ
ပျော်ရွှင်ကြည်နူးမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ရင်ကွဲနာကျ ဖြစ်ချင်းတွေ
အားလုံးဟာ နိဋ္ဌိတံ သွားကြမှာပဲလေ..။
မဟောင်းနွမ်းပေမယ့်လည်း အတိတ်တွေဟာ ကျန်ခဲ့ရပြီ..
အနာဂတ်ကတော့ မသေချာမှုတွေ များလွန်းမယ် ထင်တယ်..
အကောင်းဆုံးကို မျှော်လင့်ပြီး
အဆိုးဆုံးတွေအတွက် ပြင်ဆင်မှု ပြုထားသင့်ပြီ..

ဒါဆိုရင်
တစ်နေ့သော အခါမှာတော့..
နေမင်းလည်း ပျပျလင်းနေလိမ့်မယ်..
လမင်းလည်း ရေးရေးသာနေလိမ့်မယ်..
မြူနှင်းတို့လည်း ကျဆင်းနေလိမ့်မယ်..
တိမ်တိုက်တွေလည်း လေဟုန်စီးနေလိမ့်မယ်..
စံပယ်တွေလည်း သင်းပျံ့နေလိမ့်မယ်..
စမ်းရေတွေလည်း စီးဆင်းနေလိမ့်မယ်..
ဘဝဟာလည်း သာသာ စိုပြည်ရလိမ့်မယ်...
လာ.. သူငယ်ချင်း..
လျှောက်လှမ်းကြပါစို့လား....

အလုပ်နှင့်စိတ်ဓာတ်

စိတ်ကိုချောင်ပိတ်မထားပါနဲ့။ တစ်ခုလုပ်လို့ မဖြစ်ရင် ဘာမှလုပ်လို့ မဖြစ်ဘူးလို့ မပြောပါနဲ့။ ဘာတွေလုပ်လို့ဖြစ်သလဲ ဆိုတာကို မေးပြီး ဖြစ်နိုင်တာတွေကို များများစဉ်းစားပါ။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် လုပ်လို့ဖြစ်တာ ရှိပါတယ်။ သူများတွေ လုပ်လို့ မဖြစ်ဘူးဆိုပြီး ဘာမှ မလုပ်တဲ့ အချိန်မှာ လုပ်လို့ဖြစ်တာကို လုပ်နေတဲ့သူက အောင်မြင်တယ်၊ ကြီးပွားတယ်။ ဥာဏ်ကိုသုံးပြီး ဘ၀ကို တီထွင်နေတဲ့သူဟာ ဘာမှ လုပ်လို့ မဖြစ်ဘူးလို့ ဘယ်တော့မှ မတွေးဘူး။

(နှာ-၃၆၄၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

ကိုယ်လုပ်ချင်တာချည်းပဲ အမြဲတမ်းလုပ်ရတဲ့လူ ဆိုတာကတော့ မရှိလောက်ပါဘူး။ လူတော်တော်များများဟာ အခြေအနေအရ ကိုယ့်ရဲ့ အရည်အချင်း၊ ကိုယ့်ရဲ့ အချိန်ကို ရောင်းရတယ်။ အလုပ်လုပ်တယ် ဆိုတာ အမှန်တော့ အရည်အချင်းနဲ့ အချိန်ကို ရောင်းတာပဲ။ သို့သော် ကိုယ်ပိုင်အချိန်နဲ့ ကိုယ့်ဟာကိုယ် လုပ်ချင်တာတွေ လုပ်ဖို့အတွက် လွတ်လပ်မှု ရှိရမယ်။ အဲဒါမရှိရင်လည်း ဘ၀မရှိတော့ဘူး။

(နှာ-၃၆၆၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

အလုပ်ကနေ ပိုက်ဆံပဲရတယ်၊ တစ်ခြားဘာမှ ကျေနပ်မှု မရဘူးဆိုရင် အဲဒီ့လူဟာ အလုပ်ကြောင့် စိတ်ထိခိုက်မှု၊ ကိုယ်ထိခိုက်မှု ဖြစ်တယ်။
ကိုယ့်ဘ၀နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က ဘာလဲ။ ကိုယ်တကယ် စိတ်အေးချမ်းမှု၊ စိတ်ကြည်လင်မှု၊ စိတ်ချမ်းသာမှုကို ရမယ့် အလုပ်မျိုးဟာ ဘာလဲ။ ကိုယ့်အရည်အချင်းတွေကို အများဆုံးထွက်လာအောင် ထုတ်ဖော်ပြီး အသုံးချရမယ့် အလုပ်မျိုးဟာ ဘယ်လို အလုပ်မျိုးလဲ ဆိုတာကို သိပြီးတော့ ကိုယ့်အရည်အချင်းတွေကို အများဆုံးသုံးနိုင်မယ့် အခြေအနေမျိုးကို နေ့တိုင်း ပြုစုပျိုးထောင်သွားဖို့လိုတယ်။

(နှာ-၃၇၃၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

ထမင်းစားပြီးပြီလား...

မြန်မာပြည်မှာ လူမျိုးမရွေးဘာသာမရွေး တစ်ယောက်နဲ့တစ်ယောက်လမ်းမှာတွေ့ရင် "ထမင်းစားပြီးပြီလား"လို့
နူတ်ဆက်လေ့ရှိကြပါတယ်...အခေါ်တွေတော့မတူဘူးပေါ့...ကြည့်လေ...

မြန်မာလိုကတော့ "ထမင်းစားပြီးပြီလား"

ရှမ်း လိုတော့ "ကျင်ခေါက်"

ကရင်လိုတော့ "နုအော်မေဝေလီး"

မွန် လိုတော့ "ရှပမ်းသော်တဟမ်း"

ရေငုပ်ကျွမ်းတဲ့စလုံလူမျိုးတွေကြတော့ "ငါလီးမရမ်းကျော်" တဲ့...ဗျာ။




(နဲနဲရိုင်းရင် ခွင့်လွှတ်နော်)

မိန်းကလေးများမဖတ်သင့်သော ဟာသ များ

"မော်တော်ကားပျက်တဲ့တရုတ်ကြီး"

မြန်မာစကားလည်လည်ဝယ်ဝယ်မတက်တဲ့ တရုတ်အမျိုးသားကြီးတစ်ယောက် သူ့မော်တော်ကားပျက်တာကို...
ဝ ကားကတွန်းနှိုးလို့လဲ မနိုး။
ဆွဲနှိုးလို့လဲ မနိုး။
အောက်ကိုငုံ့ကြည့်တော့ လေးတစ်ချောင်းမှမရှိဘူးဆိုတာကိုပြောလိုက်ပုံက...
ဝ ကားကိုတွန်းလိုးလဲ မလိုး။
ဆွဲလိုးလဲ မလိုး။
အောက်ကိုငုံ့ကြည့်တော့ လီးတစ်ချောင်းမှမရှိဘူးတဲ့ဗျာ..။

"လ္ဘက်ရည်တစ်ခွက် နို့နှစ်ခွက်"
ရခိုင်လူမျိုးများဟာ "တစ်" ကို "တိုတ်" ဟုခေါ်ပြီး.."နှစ်" ကို "နှိုက်" ဟုခေါ်ပါတယ်..
တစ်နေ့ ရန်ကုန်ရောက်ကာစ ရခိုင်သားသုံးယောက် လ္ဘကရည်ဆိုင်ထဲတွင်..လ္ဘက်ရည်မှာလိုက်ပုံကား..
"လ္ဘက်ရည်တိုတ်..နို့နှိုက်"တဲ့ဗျာ..။

"ဂုဏ်ယူသော မွန်မိခင်"
မွန်အမျိုးသမီးကြီးတစ်ဦး သူ့သမီးမြန်မာလိုရော..အင်္ဂလိပ်လိုရော..မွန်လိုရော မွှတ်နေအောင်တက်တယ်ဆိုတာကို
လူကြားသူကြားထဲအားရ၀မ်းသာ ကြွားလိုက်ပုံကား..
ကျွန်မသမီးက မြန်မာလိုးရော..အင်္ဂလိပ်လိုးရော..တက်တယ်..။မွန်လိုးဆိုရင် "ဖွတ်ဖွတ်ကျေ"ပဲတဲ့ဗျာ..။


"ဖေါက်သည်"
တစ်ခါက..ပြည့်တန်ဆာမတစ်ယောက်ဟာပြည့်တန်ဆာမှုနဲ့တရားရုံးတစ်ခုကိုရောက်လာတယ်..တရားခွင်မှာ
တရားသူကြီးက..
"ဟဲ့..တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ" လို့မေးလိုက်တဲ့အခါမှာ..တရားခံမဖြေလိုက်ပုံကား..
"ဦး ကလဲသိရဲ့သားနဲ့"တဲ့..။

"ဇနတ္ကနဲ့မဏိမေခလာ"
အငြိမ့်ပွဲထဲကလူပျက် ဇနတ္ကမင်းသားကိုမဏိမေခလာနတ်သမီးကကယ်တင်ခန်းကို စာသံပေသံနဲ့ပြောလိုက်ပုံကား..
"လေကလည်းတိုက်...မေခလာကလည်းအငိုက်...ဇနတ္ကကလည်း..အနှိုက်"တဲ့..။

ဟာသများ

 အခေါ်အဝေါ်
မြန်မာပြည်မှာ လူမျိုးမရွေးဘာသာမရွေး တစ်ယောက်နဲ့တစ်ယောက်လမ်းမှာတွေ့ရင် "ထမင်းစားပြီးပြီလား"လို့
နူတ်ဆက်လေ့ရှိကြပါတယ်...အခေါ်တွေတော့မတူဘူးပေါ့...ကြည့်လေ...

မြန်မာလိုကတော့ "ထမင်းစားပြီးပြီလား"

ရှမ်း လိုတော့ "ကျင်ခေါက်"

ကရင်လိုတော့ "နုအော်မေဝေလီး"

မွန် လိုတော့ "ရှပမ်းသော်တဟမ်း"

ရေငုပ်ကျွမ်းတဲ့စလုံလူမျိုးတွေကြတော့ "ငါလီးမရမ်းကျော်" တဲ့...



ဘာလို့တက်လာလည်း
သားအဖ နှစ်ယောက်လမ်းလျောက်ထွက်နေရင်း တောင်ကုန်းတစ်ခု နားအရောက်မှာ အဖေလုပ်သူ က 
သားကို ခေါ်ပြီး တောင်ကုန်းပေါ် ပြေးတက်သွားတယ်..
တောင်ကုန်းပေါ်လည်း ရောက်ရော နှစ်ယောက်စလုံး တော်တော် မောနေကြချိန် အဖေက "သား အောက်ကို ကြည့်လိုက်စမ်း အရမ်းလှတာပဲကွ" ဟုပြောလိုက်ရာ သားဖြစ်သူ ပြန်ပြောလိုက်တာက
"ဒါများ အဖေရယ် အောက်မှာ ဒီလောက်လှနေတာ ဘာလို့အပေါ်ကို ပြေးတက်လာရတာလည်း..." ဟု ပြောချလိုက်ပါတယ်.. :) 

အဖေစစ်
မိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်.. ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့.. ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ...

" အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ  နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်..

နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်..

ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် .

" အဖေ "

သူ့အဖေလည်း တော်တော် လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့ အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...

"ခွေး " မစစ်တာပါ
ပျားရည်စစ်ရင် ခွေး မစားပါဘူး..
 ပျားရည်ဆိုင်မှာ လူတစ်ယောက် ပျားရည်ဝယ်ပါတယ်.. သူ့မှာလည်း ခွေးတစ်ကောင် ခေါ်လာပါတယ်..
ဆိုင်ရှင်ကို " ခင်ဗျား ဆိုင်က ပျားရည်က စစ်ပါတယ်နော်..
ဆိုင်ရှင် ကလည်း " စစ်ပါတယ် ခင်ဗျား ကျနော်တို့ ဆိုင်က လုံးဝ ပျားရည် အစစ်ပဲ ရောင်းတာပါ ကြိုက်တာနဲ့ စမ်းလို့ရပါတယ် "
ဝယ်တဲ့သူကလည်း " ဟုတ်ကဲ့ ပျားရည်စစ်ရင် ခွေး မစားဘူးဆိုတော့ ကျနော် စစ်မစစ် စမ်းသက်ချင် လို့ပါ"
ဆိုင်ရှင်ကလည်း  " ရပါတယ် ခင်ဗျား စမ်းသက်ပါ"

ဝယ်သူက ပျားရည် အနည်းငယ်ကို သူ့ ခွေးကို ချကျွေးလိုက်ပါတယ်.. ခွေး ကလည်း ချကျွေး လိုက်တာနဲ့ စား ပစ်လိုက်တာပါပဲ .. ၀ယ်သူလည်း တော်တော် စိတ်တို သွားပြီး..
" ခင်ဗျား ပြောတော့ ပျားရည်စစ် တယ်ဆို "

ဆိုင်ရှင် ပြန်ပြောလိုက်တာကား..
  " ဟုတ်ကဲ့ ကျနော့ ပျားရည်က စစ်ပါတယ်.. ခင်ဗျား ခွေး ကသာ ခွေး မစစ်တာ နေမှာ ပါဗျာ.."


Friday, December 5, 2008

အမေ နဲ့ ရွာကိုလွမ်းမိတယ်


“တစ်ရောင်တည်းမခြယ်
အရောင်ဝဲလည်
တောနှင့်တောင်စွယ် လယ်ယာတလင်း
ရှုခင်းတွေက စုံလင်ပေတယ်
ရှေးမူမပျက်တယ် ဆေးကူချက်ကယ်
စိမ်းမြမြ ယိမ်းကသလိုနှယ်
ပင်ပျိုပင်အိုတို့အလယ်
ရှုလေ ချစ်သော ခရီးသည်...”

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews