Saturday, June 30, 2012

Phablets လား၊ Gaming Phone လား

စမတ်ဖုန်းကို Tablet ပုံစံမျိုးနဲ့ အသုံး ချဖို့ အခြေ အနေတွေ တော်တော် များ များ ပေးလာ တာကို တွေ့ကြရတယ်။ ဒီအတွက် စမတ်ဖုန်းဆိုတဲ့ အခေါ်အဝေါ်နဲ့ Tablet အခေါ်အဝေါ် နှစ်မျိုးကို ပေါင်း စပ်လိုက်ကြပြီး Phalets လို့ ခေါ်တွင်လာစေနိုင်တယ် လို့ကျွမ်းကျင်သူများက ပြောကြားလာတယ်။ တစ်ချိန်တည်းမှာပဲ စမတ်ဖုန်းနဲ့ ဂိမ်းကစားခွင့်ပေး လာတဲ့ အနေအထားကအိတ်ဆောင် ဂိမ်းစက်လေး
တွေနဲ့ ဈေးကွက်ကို ထိုးနှက်မှုတွေ ရှိလာတဲ့ အတွက် Gaming Phones လို့များ ခေါ်ဝေါ် သတ်မှတ် ကြလေမလားလို့ တွေးတော မှန်းဆစရာ အခြေ အနေများ ရှိလာခဲ့ပြန်တယ်။ Notebook တွေ၊ Tablet တွေနဲ့ လက်ကိုင်ဖုန်းတွေကို မိုဘိုင်းကိရိ ယာများလို့ သတ်မှတ် ပြောဆိုလေ့ရှိကြတယ်။ သွားလာလှုပ်ရှားရင်း သတင်းအချက်အလက်တွေကို ကြိုးမဲ့ ကွန်ရက်စနစ်နဲ့ အသုံးပြုခွင့်ရတဲ့အတွက် mobile information value chain ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေစေ တယ်။ Tablet နဲ့စမတ်ဖုန်းပုံစံ ဒီဇိုင်းများက Apple ရဲ့ iPad/ iPhone တို့ရဲ့ လမ်းကြောင်းကို ယှဉ်ပြိုင်ရင်းက လုပ်ကိုင်စွမ်းဆောင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖော်ယူကြတယ်။စမတ်ဖုန်းဆိုတာက Notebook / Netbook တွေလုပ်ဆောင်ပေးတဲ့ အရည်အချင်းတချို့ကို ကိုယ့်အခြေအနေ ကိုယ့်အနေအထားနဲ့ ထုတ်ပေးနိုင်စေဖို့ ကြိုးစားရင်းနဲ့ Tablet တစ်ခု လုပ်ကိုင်နိုင်သလောက် စွမ်းဆောင်ရည် နီးပါးရှိလာချိန်မှာ Phalets လို့ ခေါ်တွင် အသုံးပြုလာနိုင်မှာဖြစ်တယ်။

စင်ပေါ်မှာ မိန်းမတစ်ယောက် ကိုယ်ဝန်ရှိသွား တာမျိုး ပြချင်တယ် ဒေးဗစ်ကောပါဖီးလ်

ကမ္ဘာကျော် မျက်လှည့်ဝိဇ္ဇာ ဒေးဗစ်ကောပါဖီးလ် (ငယ်နာမည် ဒေးဗစ်ဆိ့(သ)ကော့(သ)ကင်) ကို အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ် မက်တူချန်မြို့မှာ ၁၉၅၆ ခု စက်တင်ဘာ ၂၆ ရက်နေ့က ဂျူးမိဘနှစ်ပါးက မွေးဖွားခဲ့ပါတယ်။ ရှက်တတ်သူတစ်ယောက် ဖြစ်ပြီးတစ်ယောက်တည်း ကြီးပြင်းလာရတာကြောင့် ငယ်စဉ်ကတည်းက မျက်လှည့်ကို အဖော်ပြုခဲ့ပါတယ်။“မျက်လှည့်ဆိုတာ ကျွန်တော့်အတွက် ကလေးဘဝကတည်းက သိပ်ကို လွယ်ပါတယ်။ ရှစ်နှစ်အရွယ်မှာ မျက်လှည့် စပြနေပါပြီ။ အသက် ၁၂ နှစ်အရွယ်မှာ မျက်လှည့်နဲ့ဆိုင်တဲ့ စာအုပ်တွေထုတ်နေပြီ” လို့ပြော ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန် မျက်လှည့်ပညာရှင်များ အသင်းရဲ့ အသက်အငယ်ဆုံး အသင်းဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မျက်လှည့် ဒါမှမဟုတ် Illusion ခေါ် အမြင်လှည့်စားတဲ့ ပညာနဲ့ ပတ်သက်ပြီး သူက.. “မျက်လှည့်ရဲ့ တကယ့်လျှို့ဝှက်ချက်က ပါဖောမင့်အပေါ် မူတည်ပါတယ်” လို့ ပြောပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာ နယူးယောက်တက္ကသိုလ်မှာ ကျောင်းသားတွေကို မျက်လှည့်ဘာသာရပ်ကို သင်ကြားပို့ချပေးခဲ့ပြီး အသက် ၁၈ နှစ်အရွယ်မှာ ဖို့ဒ်ဟမ်တက္ကသိုလ်ကို တက်ရောက် ပညာဆည်းပူးခဲ့ပါတယ်။ အဲဒီအချိန်မှာ ချီကာဂိုအခြေစိုက် လီစာပြဇာတ် The Magic Man မှာ အဓိကဇာတ်ဆောင်အဖြစ်

ကျော်ဇေယျာဝင်း ဟက်ထရစ် ဂိုးနှင့်အတူ မြန်မာတို့ ဂိုးပြတ် အနိုင်ရ

ယနေ့ ညနေ ၃း၁၅ အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွင် မြန်မာအသင်းက တရုတ်တိုင်ပေ အသင်း အားဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ရန် နီးစပ်လာခဲ့သည်။ ထို့ကြောင့် ကိုရီးယား ပွဲမတိုင် မီတွင် မြန်မာတို့အုပ်စုထိပ်ဆုံးသို့ တက်လှမ်းခွင့် ရခဲ့ပြီး အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မလေးရှား အသင်းက ဗီယက်နမ်အား ၃-၀ဖြင့်အနိုင် ရခဲ့သည်။ မြန်မာအသင်း သည် ခြေစစ်ပွဲအောင်မြင် ရန် အတွက် နောက်ဆုံးပွဲတွင် မလေးရှားအသင်း အားအနည်းဆုံး သရေ ကစားရမည် ဖြစ်သည်။

သုဝဏ္ဏကွင်း ပွဲစဉ်တွင် ပွဲစ၍ ၅မိနစ်ကြာအထိ မြန်မာအသင်း အနေဖြင့် တရုတ်တိုင်ပေ အသင်းဘက်သို့ ပိုင်ပိုင်နိုင်နိုင် ထိုးဖောက် နိုင်ခြင်းမရှိဘဲ ကွင်းဘယ်တွင် အပျက်များ နေခဲ့သည်။ သို့သော် ၁၁မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ လှလှပပ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်းက ဧရိယာအတွင်းသို့ ဆွဲဝင်ကာ အဝေးထောင့် ထဲသို့ ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ်နိုင်ခြင်း မရှိဘဲ မြန်မာအသင်း ဂိုးစတင် ရရှိခဲ့သည်။

အစိုးရနှင့် KIA တစ်နှစ်ကျော် အတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွား

အစိုးရ တပ်မတော်နှင့် ကချင် တပ်မတော် KIA တို့အကြား တစ်နှစ်ကျော် ကြာ ကာလအတွင်း ဇွန်လ ၁၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၁၄၈၀ ကျော် ဖြစ် ပွားခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ ဝင်ဒေါ်ခွန်ဂျာ ကပြောကြားသည်။ “မှတ်တမ်းမဝင် တဲ့တိုက်ပွဲငယ်တွေလည်းရှိပါတယ်” ဟု ၎င်းကဆို သည်။ ကချင်ပြည်နယ် တွင်လက်ရှိဖစ်ပေါ် လျက် ရှိသော တိုက်ပွဲများကို မကြာမီ အချိန်အတွင်း ရပ်တန့်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများ စတင်
ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီက ကြိုးပမ်းလျက် ရှိပြီး ပြည်သူ များ  အနေဖြင့် စိတ်မပူကြရန် ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်း အစီအစဉ် တွင် ထုတ်ပြန်ကြေညာ သွားသည်။
the voice

ကုလားများ ဥာဏ်ဆင်နေပြီ

From : ဆူးနှင်းမယ်
၂၈.၆.၂၀၁၂ ရက်နေ့ အီဂျစ်မှာအီဂျစ်လူမျိုး အယောက် ၂၀ လောက်ကစပြီး မြန်မာ သံရုံးရှေ့ မှာဆန္ဒပြ မှုဖြစ်ပွားခဲ့ပါတယ်.. ဆန္ဒပြရတဲ့ အကြောင်း အရင်းကတော့ မြန်မာပြည်မှာ မွတ်ဆ လင်တွေကို မြန်မာ အစိုးရနဲ့ မြန်မာလူမျိုးများ ကနိုင့် ထက်စီးနင်းဖိနှိပ်ပြီး ယခုအာရကန်နှင့် အရေးအခင်း မှာမွတ်ဆလင်တွေကိုတစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ် နလို့ဖြစ် တယ်လို့သူတို့ကဆိုပါတယ်။ အယောက် ၂၀ လောက်ကစလိုက် တဲ့ဆန္ဒပြ မှုဟာအယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါထိမ်း သိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ကြား သိရသလောက် ကတော့မြန်မာ သံရုံးနဲ့ ဆန္ဒပြသူများ ဘက်မှခေါင်း 

ဆောင်အချို့တို့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ကြပါတယ်။ မြန်မာသံရုံးဘက်မှ အရေးအခင်းဖြစ် ပွားရခြင်းနဲ့ အခြေအနေတို့ကို ရှင်းပြသော်လည်း ဆန္ဒပြပွဲခေါင်းဆောင်တို့က ထိုအဖြစ်အပျက် များအားလုံးကို ၄င်းတို့သိပြီးသားဖြစ်ကြောင်းနဲ့ ထိုအဖြစ်အပျက်များနဲ့စပ်လျဉ်းပြီး အီဂျစ်ပြည်သူ တို့ကိုမြန်မာတို့ကတောင်း ပန်ရမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ မြန်မာသံရုံးမှ ထိုကိစ္စများအတွက် များစွာ ၀မ်းနည်းပါကြောင် ပြော
သော်လည်း ထိုလူတို့ကလက်မခံနိုင်ကြောင်းနှင့် မြန်မာတို့မှသတင်းစာများမှ တရားဝင်တိုင်းသိပြည် သိတောင်းပန်မှသာ

Friday, June 29, 2012

Oracle သူဋ္ဌေးက ဆဋ္ဌမမြောက် အကြီးဆုံး ဟာဝါအီကျွန်းကို ဝယ်ယူ

အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲ နည်းပညာ အဖွဲ့အစည်း Oracle ၏ အမှုဆောင် အရာရှိ ချုပ်နှင့် တည်ထောင်သူ ဖြစ်သည့် ဘီလျံနာ သူဋ္ဌေးကြီး လာရီအယ်လီဆန်သည် ဟာဝါအီ ကျွန်းများတွင် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်သည့် Lanai ၏ ၉၈ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ လာရီအယ်လီဆန်သည် ကမ္ဘာပ်ါတွင် ဆဋ္ဌမမြောက် အချမ်းသာဆုံး သန်းကြွယ်သူဋ္ဌေး ဖြစ်သည့်အတွက် ဟာဝါအီ ကျွန်းများတွင် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်သည့် Lanai ကို ဝယ်ယူခဲ့ခြင်းမှာ စိတ်ဝင်စားစရာ ကောင်းနေပြီး ဝယ်ယူသည့် ဈေးနှုန်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသော် လည်း ပြည်တွင်း မီဒီယာ များ၏ ဖော်ပြမှုတွင် ဒေါ်လာ သန်း ၅၀၀ မှ သန်း ၆၀၀ အတွင်း သိရသည်။ဟာဝါအီကျွန်း၏ အကြီးအကဲဖြစ်သူ Neil Abercrombie က “ကျွန်တော် နားလည်ထားတာကတော့ မစ္စတာအယ်လ်ဆီဆန်ဟာ Lanai ကျွန်းလေးကို စိတ်ဝင်စားနေတာ တော်တော် ကြာနေပါပြီ။ သူရဲ့

Thursday, June 28, 2012

တောင်ကိုရီးယားအား သရေ ကစားကာ ခြေစစ်ပွဲ အောင်မြင်ရေး အားကောင်းလာသည့် မြန်မာယူ-၂၂

ယနေ့ ညနေ ၆း၁၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်တွင် တောင်ကိုရီးယားနှင့် မြန်မာတို့ ဂိုးမရှိ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။ ယခုပွဲစဉ်တွင် မြန်မာ အသင်းသည် ရန်အောင်ဝင်းအား လစ်ဘရိုနေ ရာတွင် ထားကာ ၎င်း၏ ရှေ့တွင် သက်နိုင်၊ အောင် ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ဖြင့် ကစားခဲ့သည်။ ကွင်းလယ်တွင် နိုင်လင်းဦးနှင့် ဖြိုးကို ကိုသိန်းတို့ ကစားခဲ့ပြီး ကြည်လင်း၊ ကျော်ဇေယျာ ၀င်းနှင့် ကျော်ကိုကိုတို့က တိုက်စစ်တွင် ကစားခဲ့သည်။ ပွဲစသည်နှင့် မြန်မာအသင်းက ကိုရီးယား အသင်းဘက်သို့ ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပြီး ကိုရီးယား အသင်းကလည်း တန်ပြန် ထိုးစစ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။ ပွဲကြည့်စင်မှ ပရိသတ် များကလည်း "မြန်မာဟေ့" ဟု တခဲနက် ဟစ်ကြွေးလျက် ရှိကာ ပွဲချိန် ၂မိနစ် မပြည့်မီတွင် ကိုရီးယား အသင်း မြန်မာ ဂိုးဧရိယာ အစပ်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်းမှတစ်ဆင့် ကိုရီးယား တိုက်စစ်မှူး ဟွမ်အူဂျို အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲ သွားခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်

ကိုရီးယားစစ်ပွဲ ဖြစ်ပွား ခဲ့သည့်၆၂ နှစ်မြောက် နှစ် ပတ်လည် အကြိုအဖြစ်   တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည်ကြီးမား သည့် ရေကြာင်းစစ်ရေး လေ့ကျင့်မှုတစ်ရပ် ကို ပြဿနာ တင်းမာနေသည့် ပင် လယ်ဝါအတွင်း စနေနေ့က စတင်ခဲ့ သည်ဟုပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ထုတ်ဖော်ပြောဆိုလိုက်သည်။ထိုကဲ့သို့  စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ် သင်္ဘော ၁၀ စင်းနှင့် အတူ၊ အမှုထမ်း ၈၀ဝ၀ လိုက်ပါနိုင်သည့်အမေရိကန်ဂျော့ဂ်ျ ဝါရှင်တန်လေ ယာဉ်တင် သင်္ဘော နှင့် တိုက်လေယာဉ် ရာနှင့်ချီ၍ ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ကြေ ညာခဲ့သည်။ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်နေချိန် တွင် ပြုလုပ်သည့် အဆိုပါ ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှု သည် ဂျပန်ပင်လယ် (အရှေ့ပင် လယ်) နှင့် ပင်လယ်ဝါတို့တွင် တစ်လှည့်စီ နှစ်စဉ်ပြုလုပ်လေ့ရှိ သည်ဟု ဆိုသည်။


HONDA Fit ကားတစ်စီး အပြီးအစီးကျပ်သိန်း ၁၀၀ နှင့်ရောင်းမည်ဟုဆို

၂၀ဝ၇ မော်ဒယ် HONDA Fit ကားသစ် တစ်စီးလျှင် အခွန်ဆောင် အပြီးအစီးကျပ် သိန်း ၁၀ဝ ဖြင့် တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်း ပြည်တွင်း ကားကုမ္ပဏီ တစ်ခု ဖြစ်သည့်A.K Trading Co., Ltd. Car Autcion Service ၏ ဇွန် ၂၀ ရက်က နိုင်ငံပိုင် သတင်းစာတွင် ကြေညာချက်အရ သိရသည်။ “ပိုက် ဆံရှိတဲ့ သူဌေးတွေကတော့သိန်းထောင်ချီနေတဲ့ ကားတွေကိုလည်း စီးနိုင်ပါတယ်။ အခုလို ရောင်း ချရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဝန်ထမ်း မိသားစုတွေနဲ့ လူလတ်တန်းစားတွေအတွက် တန်ဖိုး နည်းကားအဖြစ် စေတနာနဲ့ရောင်းချပေးတာပါ။ အစီးရေ အကန့်အသတ်နဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါ တယ်”ဟု ပြည်တွင်းကားကုမ္ပဏီမှ တာဝန်ခံတစ်ဦးက Venus News Weekly သို့ပြောသည်။ကျပ်သိန်း ၁၀ဝ ဖြင့် ရောင်းချမည့် HONDA Fit ကားများသည် မော်ဒယ် ၂၀ဝ၇၊Grade 3.5 ၊

မြန်မာဘက်သို့ပို့မည့်လက်နက်မျိုးစုံ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးရမိ

From:ခိုင်မြတ်မြန်မာနိုင်ငံဖက်ခြမ်းကိုတင်ပို့ရောင်း ချမယ်လို့ ယူဆ ရတဲ့ ထိုင်းဘတ်ငွေ (၅) သန်း ခန့်တန်ဖိုးရှိတဲ့ လက်နက် မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့ တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင် တွေဆီက သတင်း ရရှိပါတယ်။အဲဒီလက်နက်တွေ ဟာ ရွှေတြိ ဂံနယ်မြေက လာတာဖြစ်ပြီး ထိုင်းလက်နက်ရောင်းဝယ်သူတွေဆီက တဆင့် မြန်မာနိုင်ငံ တာချီလိတ် ဘက်ကိုရောင်းချမယ်လို့ ယူဆရကြောင်း ထိုင်းရဲက ပြောပါတယ်။RPG လောင်ချာ ၁၂ လက်နဲ့ ဗုံးသီး ၉ လုံး၊ AK 47 မောင်းပြန်ရိုင်ဖယ် ၁၇ လက်၊ M 79 လောင်ချာ ၁၂ လက်နဲ့ M 16 မောင်းပြန် ရိုင်ဖယ် ၆ လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။အခုလိုဖမ်းဆီးရမိခဲ့တာဟာ လက်နက်ရောင်းဝယ်သူတချို့ဆီက ရရှိတဲ့သတင်းအရ နယ်မြေခံစစ်တပ်အပါအ၀င်

Wednesday, June 27, 2012

အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့

အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ် အဖြစ် တိုင်းဒေသကြီး ၄ ခုမှ အမေရိကန် ဒေါ်လာ၁၅ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဇွန်လ ၂၆ ရက်နေ့ကရန်ကုန်တိုင်း ဒေ သကြီး ရွှေပြည်သာ မြို့နယ် ရဲတပ်ရင်း သစ်မှာ ဖျက်ဆီး မီးရှို့ ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေး ၀ါးများမှာ အမျိုးအစား       ပေါင်း ၁၉ မျိုးရှိပြီး ဘိန်းစိမ်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ ဒိုက်ရာစီ ပင်၊ မော်ဖင်းထိုးဆေး အပါအ၀င် မူးယစ်ဆေး ၀ါးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး တွေရဲ့တန်ဖိုး အနေနဲ့ ကတော့ မြန်မာ ငွေကျပ် တစ်သောင်း တစ်ထောင့် ကိုးရာ ခုနှစ်ဆယ့် ခြောက်သိန်း ကျော်ခန့် ရှိပြီး အမေရိကန် ဒေါ်လာ အနေနဲ့ ၁၄ သန်းကျော် ဖိုးကို ဖျက်ဆီး မီးရှို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါး တွေဟာ

ရခိုင်ပြည်နယ်အတွက်အကူညီပေးနိုင်ရန် ရန်ပုံငွေဘောလုံးပွဲကန်မည်

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီ ပေးနိုင်ရန် အတွက် ရန်ပုံငွေ ဘောလုံးပွဲ တစ်ပွဲကို ရန်ကုန် ယူနိုက်တက် အသင်းမှ ကြီးမှူး၍ လာမည့် ဇွန်(၂၉)ရက်တွင် ရန်ကုန် ယူနိုက်တက် အသင်းပိုင် မြက်ခင်းတု ကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Actor Star F.C နှင့် Myanmar F.C တို့ ယှဉ် ပြိုင်ကစားကြမည့် အဆိုပါ ခြေစမ်းပွဲတွင် Actor Star F.C ဘက်မှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသည့် လူမင်း၊ သူထူးစံ၊ နေမင်း၊ မြင့်မြတ်၊ ဇာနည်၊ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်တို့ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။  Myanmar F.C နှင့် အတူ အဆိုတော်များ ဖြစ်သည့် အောင်လ၊ ဟက်ကက်၊ လင်းလင်း၊ မျိုးကြီး၊တို့ ပါဝင်လာမည့် အပြင် မြန်မာ ဘရူဝါရီမှ ၀န်ထမ်းများ၊ METV-4 မှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ၀န်ထမ်းများ၊ ရန်ကုန်ယူနိုက်တက် အသင်းမှ မြန်မာ့လက်ရွေးစင် ကစားသမားများ ဖြစ်သည့် မျိုးမင်းထွန်း၊နှင့် ခင်မောင်လွင်တို့လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ အထူးတန်းလက်မှတ်(၁)စောင်လျှင် (၅၀၀၀)ကျပ်၊ ရိုးရိုးတန်း လက်မှတ်(၁)စောင်လျှင် (၃၀၀၀)ကျပ် သတ်မှတ်ထားပြီး ကွင်းဝင်ကြေးများကို လှူဒါန်းမည် ဖြစ်သည်။
Ref:ygnutd.com

ကိုကာကိုလာကုမ္ပဏီမှ မြန်မာအမျိုးသမီးများအလုပ်အကိုင်အတွက် ဒေါ်လာ(၃)သန်း ကူညီမည်

From : Hot News Weekly Journal
မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည် ရင်းနှီးမြှပ်နှံမည့် ကိုကာကိုလာ ကုမ္ပဏီက မြန်မာ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း အတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟု သိရှိရ သည်။ ကမ္ဘာအကြီးဆုံး စားသောက်ကုန် ကုမ္ပဏီ ကြီး တစ်ခုဖြစ်သည့် ကိုကာကိုလာသည် လာမည့် ၂ နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံ၌ စတင်လည် ပတ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကြောင့် ဘဏ္ဍာရေး ကန့်သတ် ပိတ်ပင်မှုများ၊ ရင်းနှီးမြှပ်နှံမှု ကန့်သတ်ချက်များ ပါဝင်သည့် အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများ ကို ဖြေလျှော့ပေးလိုက်ပြီးနောက် ကိုကာကိုလာ၏ ရင်းနှီးမြှပ်နှံမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း လူသားနှင့် အလုပ်ခွင်ဆိုင်ရာ အခွင့်အရေး မူဝါဒ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မူဝါဒတို့ကို ကိုကာကိုလာ ကုမ္ပဏီ အနေဖြင့် တင်းတင်းကြပ်ကြပ် လေးစား လိုက်နာ သွား မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။ထို့အပြင် ကုမ္ပဏီအနေနှင့် အစဉ် ကိုင်စွဲလာသည့် လူမှုဘဝပံ့ပိုးမှု အကူအညီ မူဝါဒများကို အစိုးရ မဟုတ်သော

တစ်သိန်းတန်ဖုန်းသတင်းကြောင့် နှစ်သိန်းတန် ဖုန်းများ ရောင်းအား ကျဆင်းလာ

ဧပြီလတွင် ရောင်းအား ကောင်းမွန်ခဲ့ သောတန်ဖိုး နည်းဖုန်းများမှာ မကြာသေးခင်ကထွက်ပေါ်လာ ခဲ့သော ကျပ်တစ်သိန်းကျော်တန် ဖုန်းသတင်း များကြောင့် ရောင်းအား သိသိသာသာ ကျဆင်း လာကြောင်းသိရသည်။ “တန်ဖိုးနည်းဖုန်းတွေကို အရင်က လောက်တော့ ဘယ်နေရာမှာမှမရောင်း ရတော့ပါဘူး။ ရောင်းအားသိသိသာသာ ကိုကျ ဆင်းနေတာပါ။ ဒါကလည်း လက်ရှိ ဖုန်းထက် တန်ဖိုးနည်းတာတွေ ထွက်လာ တော့မယ်လိုလို သတင်းတွေကြောင့်ပါ ” ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ထိုကဲ့သို့ ကျပ်တစ်သိန်းကျော်တန် ဖုန်းများထွက်ပေါ်လာမည်ဆိုသောသတင်း နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် အထက်အရာရှိများက

ဆီးရီးယားက ကလေးများအား လူသားဒိုင်း များသဖွယ် အသုံးပြုထား


ဆီးရီးယားက ကလေးငယ် များအား စစ်ပွဲများမှာ လူသား ဒိုင်းများ အဖြစ် အသုံးပြု ထားသောကြောင့် လူများအစုလိုက် အပြုံလိုက်သေဆုံးမှုများ ဖြစ် ပွားနေရသည် ဟုဆိုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားအစိုးရ ကို ယခုအခါ ပြင်းထန်စွာရှုတ်ချလိုက်ပြီဖြစ်သည်။
“ဆီးရီးယားမှာ ဆယ်နှစ်တောင် မပြည့်သေး တဲ့ ယောကျာ်း လေးတွေကိုရော၊ မိန်းကလေးတွေ ကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကား ခံရမှုတွေ ကျူးလွန်နေတဲ့အပြင်၊ သူတို့ကို လူသားဒိုင်းတွေ အနေနဲ့ ပါ အသုံးချပြီး၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ကြတဲ့ ရက်စက်မှုမျိုးကိုတော့ ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့ဖူးပါဘူးဗျာ” ဟု စစ်ပွဲပဋိပက္ခ များမှာ ကလေးများ အရေး ဆောင်ရွက်ပေးနေသော ကုလသမဂ္ဂ မှ ပြောရေးဆိုခွင့်ရှိသူ ရက်ဒ်ဟီကာကလည်း ဆီးရီးယားအစိုးရ ကို အပြစ်တင်ဝေဖန်လိုက်သည်။ဆီးရီးယားအစိုးရက လေယာဉ်များပေါ်မှ ရက်ရက်စက် စက် ပစ်သတ် ခဲ့သောကြောင့် အရပ်သားအများစုမှာ အချိန်နှင့်

ဂျပန်ဝန်ကြီးချုပ်က နျူကလီးယားဓာတ် ပေါင်းဖိုများ ပြန်လည်ဖွင့်လှစ်ရန် အမိန့် ပေး

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ သည်ကန်ဆိုင်း လျှပ်စစ်စွမ်းအား ကုမ္ပဏီအားဖူကွီဒေသ ရှိ နျူကလီး ယား ဓာတ် ပေါင်းဖိုနှစ်ခုအား ပြန်လည်ဖွင့်လှစ်ရန် ဇွန် လ ၁၆ ရက်နေ့တွင် အမိန့်ပေးလိုက် ကြောင်း သိရသည်။ ဖူကွီဒေသ အုပ်ချုပ် ရေးမှူး    အစ်ဆေး နီရှီကာ ဝါကလည်း နျူကလီးယားဓာတ်ပေါင်း ဖိုနှစ်ခုကို ပြန်လည်ဖွင့်လှစ်ရန်သဘောတူ ညီ ချက်ပေး ခဲ့သည်။လွန်ခဲ့သည့် နှစ်ကဖူကူရှီး မား နျူကလီးယားယိုစိမ့် မှု ပြဿ နာပေါ်ပေါက်ခဲ့ ပြီးနောက် ယခုကဲ့သို့ ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် ဖွင့်လှစ်ခြင်းမှာ နျူကလီးးယား ဓာတ်ပေါင်းဖိုများကို ပိတ်ပြီးမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။ ကျိုတိုမြို့မြောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ အွိုင် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်-၃ နှင့် အမှတ်- ၄ ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျိုတိုမြို့သည် လူဦးရေ ၁ ဒသမ ၃၈ သန်း နေထိုင်ပြီး ကမ္ဘာလှည့်ခရီးသည် တို့အကြား ရေပန်း စားသည့် နေရာတစ်ရပ်လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ နျူကလီးယားဓာတ်ပေါင်းဖို ပေါင်း ၅၀ ကို ပြန်လည်ပြုပြင်စစ်ဆေးမှု များပြုလုပ်ရန်အတွက် ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။၂၀၁၁ ခုနှစ် မတ်လတွင် ဖူကူ ရှီးမားဒေချိုင်း နျူကလီးယားစက်ရုံ၌ နျူ ကလီးယားယိုစိမ့်မှုပြဿနာပေါ်ပေါက်ခဲ့ ပြီးနောက် ဂျပန်လူ ထုက စိုးရိမ်ထိတ်လန့် မှုများ ဖြစ်ပွားနေသောကြောင့် နျူကလီးယား ဓာတ်ပေါင်းဖို များကို ပြန်လည်ဖွင့် လှစ်ရန် တုံ့ဆိုင်းနေခဲ့ရခြင်းဖြစ်သည်။

Tuesday, June 26, 2012

ပြည်သူတစ်ဦးချင်း၏ ဂျီဒီပီအား ငါးနှစ်အတွင်း သုံးဆတိုးရန်မျှော်မှန်း

From : အိအိတိုးလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
၂၀၁၅ ခုနှစ်တွင် ပြည်သူများ၏ တစ်ဦးကျ ဂျီဒီပီအား အခြေခံနှစ်ထက် သုံးဆ တိုးတက်အောင် ရည်မှန်း ထားကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဇွန်လ ၁၉ ရက်နေ့ နိုင် ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်း လဲဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ပြည်ထောင် စုအစိုးရကရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော် သို့တင်သွင်းမည့် အမျိုးသားစီမံကိန်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းအရ လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ပြည် တွင်းအသား တင် ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေရန် ရည်မှန်းထားကြောင်း သမ္မတကြီးကပြောကြားသည်။ "တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက် မှုနှုန်းအရ ၂၀၁၅-၁၆

ဗြိတိန်မှ ကားဆားဗစ်စင်တာကြီးတစ်ခု မြန်မာနိုင်ငံတွင်မကြာမီတည်ဆောက်မည်

ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင် ငံတွင် မကြာမီတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရ ရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခုလာရောက်ဖွင့် လှစ်ဖို့စီစဉ်နေပါတယ်။ ဒီနှစ်ကုန်သို့မဟုတ် နောက်နှစ် ဆန်းပိုင်းလောက်မှာ အကောင်အထည်ပေါ်လာနိုင်ပါ တယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာမိုက် ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။အဆိုပါကုမ္ပဏီသည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ကာ ယူကေ၊ ယူအက်စ်အေနှင့် ယူရိုနိုင်ငံများ မှ ထုတ်လုပ်သည့်ဘတ်စ်ကား၊ Truck ကားနှင့် စိုက်ပျိုးရေး သုံးအပါအ၀င် မော်တော်ကားများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဆားဗစ်စင်တာဆောက်ပြီးတာနဲ့ အလုပ်သမားတွေကို

နိုင်ငံကြီးသား ပီသစွာ အားပေးခဲ့တဲ့ ပရိတ်သတ်ကို အထူးကျေးဇူးတင်

ဗီယက်နမ် ၁-၃ မြန်မာ ပွဲစဉ်တွင်း ကွင်းလုံးပြည့် နီးပါး ပရိသတ်များ လာရောက် အားပေးခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ် ခဲ့သည့်အပြင် အသင်းအား အကောင်းဆုံး ထောက် ပံ့အားပေး ခဲ့သည့် မြန်မာ ဘော လုံးချစ် ပရိသတ်ကြီးအား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ချီးကျူးစကား ဆိုခဲ့သည်။
"ပရိသတ်က နိုင်ငံကြီးသား ပီပီ အားပေးလိုက်တာက ကျွန်တော်တို့ လူမျိုးရဲ့ အဆင့်အတန်း ကို ပြလိုက် နိုင်တာပါပဲ။ ဒီအတွက်လည်း ကွင်းထဲထိ လာရောက်ပြီး မြန်မာအသင်းကို စည်းကမ်းတကျ အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်" ဟု ဦးဇော်ဇော်က ပွဲအပြီးတွင် Soccer Myanmar သို့ ပြောကြားခဲ့သည်။

Monday, June 25, 2012

ဖယ်လ်ကာအိုနှင့် ကာဗာနီတို့ အတွက် ပေါင်သန်း(၈၀)ထိ အသုံးပြုဖွယ် ရှိသော မန်စီးတီး

မန်ချက်စတာစီးတီး အသင်းသည် နွေရာသီတွင် တိုက်စစ် ကစားသမားကောင်း နှစ်ဦးအတွက် ပေါင်စတာ လင် သန်း(၈၀)ထိ ဈေးပေး ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။ အက်သလက်တီ ကို မက်ဒရစ်၏ ရာဒါမယ်လ် ဖယ်လ်ကာအိုနှင့် နာပိုလီ၏ အီဒီဆန် ကာဗာနီတို့ နှစ်ဦးသည် မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ကစားသမား နှစ်ဦးလုံးအား သက်ဆိုင်ရာ ကလပ်အသင်းများက တန်ကြေး ပေါင်စတာလင် သန်း(၄၀)စီမျှ သတ်မှတ်ထားသော်လည်း မန်စီးတီးက လိုအပ်လျှင် ယင်းဈေးနှုန်းကို ပေးချေရန် တွန့်ဆုတ်နေဖွယ် မရှိဟု သတင်းများက ဖော်ပြခဲ့သည်။ ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုနှင့် ဥရုဂွေး လက်ရွေးစင် ကာဗာနီတို့ နှစ်ဦးလုံးအား ချယ်လ်ဆီး ကလည်း စိတ်ဝင်စားနေသည်။

မန်စီးတီးသည် နွေရာသီတွင် တိုက်စစ်ကဏ္ဍကို ကြီးကြီးမားမား ပြောင်းလဲဖွယ် ရှိနေပြီး ကားလို့စ်တီဗက်ဇ်၊ အီဒင်ဂျက်ကို၊ အီမန်နျူရယ်လ် အဒီဘာယောနှင့် ရောကွေးဆန်တာခရုဇ်တို့အား ရောင်းထုတ်ရန် စီစဉ်ထားသည်။ မန်စီးတီးသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သော အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီကိုလည်း မျက်စိကျနေရာ ရီးယဲလ်အသင်းထံ တီဗက်ဇ်အား ရောင်း ချပြီး ဗန်ပါစီနှင့် အစားထိုးရန် ကြိုးပမ်းလာဖွယ် ရှိနေသည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်အား နှစ်သက် သဘောကျလျှက် ရှိနေပြီး မန်စီးတီးထံ ပေါင်စတာလင် (၂၅)သန်းမျှဖြင့် အဆိုပြု ကမ်းလှမ်းလာနိုင်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။ 
soccer myanmar


ဖိလစ်ပိုင်နှင့်ပွဲမှာ ပထမဆုံးချေပဂိုးမှာ ကျော်ဇေယျာဝင်း ဂိုးသားဖြစ်

ဖိလစ်ပိုင်အား ၅-၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့် ပွဲစဉ်တွင် မြန်မာအသင်း ရရှိခဲ့သော ချေပဂိုးမှာ ကျော်ကိုကို၏ သွင်းဂိုးဟု အများက မှတ်ယူခဲ့ကြ သော်လည်း အမှန်မှာမူ ကျော်ကိုကိုနှင့် ထိသွားခြင်း မရှိကြောင်း သိရ သည်။ ကွင်းအတွင်း အသံချဲ့စက်ဖြင့် ကြေညာရာ၌ ကျော်ကိုကို သွင်းယူသည်ဟု ကြေညာခဲ့သည့် အပြင် ဂိုးရရှိခဲ့သည့် အနေအထားမှာလည်း ကျော်ကိုကိုနှင့် ထိခဲ့သည်ဟု ထင်မှတ်ဖွယ် ဖြစ်နေခဲ့သည်။ သို့သော် အေအက်ဖ်စီ တာဝန်ရှိသူများက ကျော်ဇေယျာဝင်း၏ ဂိုးဟုသာ သတ်မှတ်ခဲ့ပြီး ကာယကံရှင် ဖြစ်သူ ကျော်ကိုကိုကလည်း ၎င်းနှင့် ထိခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ "ကျော်ဇေယျာဝင်းရဲ့ ဂိုးပါ။ ကျွန်တော်နဲ့ မထိခဲ့ပါဘူး" ဟု ကျော်ကိုကိုက ပြောကြားခဲ့သည်။ 

 မြန်မာလူငယ် အသင်းသည် ယနေ့ ညနေ ၅နာရီက သုဝဏ္ဏ အားကစားကွင်း ဘေးရှိ လေ့ကျင့်ရေး ကွင်း(၁)တွင် လေ့ကျင့်ရေး ပြုလုပ်ခဲ့သည်။ ယင်းလေ့ကျင့်ရေးတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည့် ဇော်မင်းထွန်းလည်း ပါဝင်ခဲ့ကာ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကာ လေ့ကျင့်ရေး အပြီးတွင် အထူးကု ဆရာဝန်နှင့် ပြသရန် အတွက် ထွက်ခွာ သွားခဲ့သည်။ အဆိုပါ လေ့ကျင့်ရေးသို့ ဘောလုံး ၀ါသနာရှင် ပရိသတ် အချို့လည်း လာရောက် ကြည့်ရှု ခဲ့ကြသည်။မြန်မာယူ-၂၂ အသင်း ယနေ့ညနေ ၆း၁၅ တွင် ဗီယက်နမ်ယူ-၂၂ အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်မကုန်မီ ကျပ် ၂ သိန်းအောက်ဖုန်းများချပေးနိုင်ရန်ဆောင်ရွက်

၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ ချထားပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတာဝန်ရှိသူမှ ‘တန်ဖိုးဘယ်လောက်နည်းမယ် ဆိုတာတော့ အတိအ ကျ မပြောနိုင်သေးဘူး။ ကိုးလပိုင်းလောက်မှာ ပေါ်နိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ၉ လပိုင်းတွင် စချထားပေးနိုင်ရန် စီစဉ်နေသည့် တန်ဖိုးနည်းဖုန်း ဆောင်ရွက်နေမှုကြောင့် လက်ရှိ ချထားပေးနေသော ကျပ် ၂ သိန်းတန် ဆင်းကတ်ရောင်းချနေမှုအား ဈေးကွက်အတွင်း လိုသလောက် ချထားပေးနိုင်ခြင်းမရှိဘဲ လျှော့၍ ချထားပေးနေကြောင်း ပြောပြခဲ့သည်။ ယင်းကဲ့သို့ ကျပ် ၂ သိန်းတန် ဆင်းကတ်များ ဈေးကွက်အတွင်း လျှော့၍ ချထားမှုကြောင့် ဆင်းကတ်အရောင်းဆိုင်များ အနေဖြင့် ပစ္စည်းများ ပြတ်လပ်နေပြီး Elitch ကဲ့သို့သော ဆိုင်များပင်လျှင် ဆင်းကတ်ပြတ်လပ်မှု ကြုံတွေ့နေခဲ့ရသည်။ ဆင်းကတ် ပြတ်လပ်မှုကြောင့် နယ်ဈေးကွက်မှ ဆင်းကတ်များကို ရောင်းချနေရပြီး အများဆုံး ကျပ် ၂ သိန်းသုံးသောင်းထိ ရောင်းချသည့် ဆိုင်များပင်ရှိပြီး အနည်းဆုံး ကျပ်၂ သိန်းရှစ်ထောင်ြဖင့် ရောင်းချကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၉ လပိုင်းအတွင်း ချထားပေး မည့် တန်ဖိုးနည်းဖုန်း အနေဖြင့် GSM ဖုန်းအမျိုးအစား အများဆုံး ချထားပေးမည်ဖြစ်ပြီး တန်ဖိုး နည်းကိုမူ မပြောပြနိုင်သေးကြောင်း သိရသည်။ “တန်ဖိုးက ပြောဖို့ခက်တယ်။ တာဝန်ရှိသူတွေကပြောမှ သိရမှာပါ။ အရင်က ချထားပေးတဲ့ ဖုန်းတွေတုန်းကလည်း ကြိုမသိရဘူး။ မနက်ဖြန် ချမယ်ဆိုရင် ဒီလိုညကျမှ သိရတာပါ။ ဒါပေမယ့် ၉ လပိုင်းမှာ ချထားပေးမယ်လို့ သိရတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခေတ်လူငယ်

Sunday, June 24, 2012

ရသေ့တောင်အကြမ်းဖတ်လူသက်မှု ဘင်္ဂါလီ(၅၀)ကျော်ကိုဖမ်းဆီး


From : အေးမောင်ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူ ဟု ယူဆရသူ ဘင်္ဂါလီ (၅၀)ကျော်ကို ယခုရက်ပိုင်းအတွင်း သက်ဆိုင် ရာကဖမ်းဆီးထားပြီဖြစ် ကြောင်းရသေ့တောင်မြို့နယ်ကူတောင်ကျေးရွာမှရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့
သည်။" ကြာသပတေးနေ့က ၂၂ ဦးဖမ်းတယ်။ ကျန်၃၁ဦးကိုတော့ မနေ့ကဖမ်းတယ်။"ဟု ၄င်းကဆိုသည်။
အဆိုပါ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသား များနေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှိ့သူ ဘဂါင်္လီများကို ပြန်လည်တုံ့ပြန်ရန် လိုက်ပါသွားသော ရခိုင်တိုင်းရင်းသား များမှာ အနောက်ပြင်ရွာ အနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး အလောင်းများ ကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယင်းအကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၀ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိကာ ဘင်္ဂါလီ ၂ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများကို ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ဦးရေမှာ ၆၂ ဦးထိ ရောက် ရှိလာခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန် လိုက်သည်။

အပစ်အခတ်ရက်စဲနိုင်ရေး တပ်မတော်နှင့် KIA တို့စစ်ရေးညှိနှိုင်းမည်


From : ကြေးမုံကချင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာ စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကို အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ တွေ့ ဆုံကာ စစ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် PCG (Peace Talk Creation Group) မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဘွန်ဂျာ က ပြောကြားခဲ့သည်။ “အခု တတိယအကြိမ် ဆွေးနွေးမှုမှာ KIO (ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ်) ဘက် ကတင်ပြထားတာ အတော်များများကို နိုင်ငံတော်သမ္မတက လက်ခံတယ်။ အဓိကက ရှေ့တန်းမှာ တိုက်နေတာတွေရပ်ဖို့ နှစ်ဦးနှစ်ဖက် စစ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ နှစ်ဖက်တွေ့ ပြီး ဆွးနွေးဖို့ ဖြစ်သွားတယ်” ဟု ၄င်းက ရှင်းပြသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့ ဇွန်လ ၂၀ ရက်နေ့က ကချင်ပြည်နယ် မိုင်ဂျာယံတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံစဉ်က KIO ဘက်မှ တင်ပြထားသော တင်ပြချက်များကို ဝန်ကြီးဦးအောင် မင်းက နိုင်ငံတော်သမ္မတထံ ပြန်လည်တင်ပြရာ သမ္မတက တင်ပြချက် အတော်များများကို လက်ခံ ခဲ့ကြောင်း ယခုဆွေးနွေးပွဲတွင် ဝန်ကြီးက ပြန်လည်ပြောကြားသည်ဟု ၄င်းကဆိုသည်။ စစ်ရေးအရ ညှိနှိုင်း မည့်စတုတ္ထအကြိမ် တွေ့ဆုံမှုကို ဇွန်လကုန်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း၊ ပြည်သူများ မကြာခင် ငြိမ်းချမ်းရေး အလင်းရောင် တွေ့မြင်ရမည်ဟုထင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ အဆို ပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တက်ရောက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။.

Saturday, June 23, 2012

ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်မှု ဒဏ်ရာရသူသုံးဦးတွင် တစ်ဦးသေဆုံး

ဓာတ်ငွေ့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန် တွင်း ၌ ဖြစ်ပွား ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ သုံးဦးအနက် အမျိုးသမီးတစ်ဦး ဇွန်လ ၁၈ ရက်တွင် သေဆုံးသွားေ ကြာင်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် သေဆုံးသူ မမိဇင် အသက် (၁၇ နှစ်) အား ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ဌာန၌ ကုသလျက်ရှိရာ ယခုလ ၁၈ ရက် နံနက် ၆ နာရီခွဲ အချိန်၌ ကွယ်လွန်သွားခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်များက ဦးခေါင်းပိုင်း ထိခိုက်မှုနှင့် လည်ပင်း၌ ပြင်းထန် စွာ ဒဏ်ရာရရှိမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ပြောကြားကြောင်း ဦးသန်းထွန်းက ပြောသည်။ “အခု သေဆုံးတဲ့သူက ကျွန်တော့်တူမပါ။ ဒဏ်ရာရတဲ့ အထဲမှာ ကျွန်တော့်သား လည်း ပါတယ်။ အခု ဒီလိုဖြစ်တာ ရွှေနဒီ ကုမ္ပဏီဘက်က ကျွန်တော်တို့ကို ဘာတစ်ခုမှ ဆောင် ရွက်ပေးခြင်းမျိုး မရှိဘူး။ ကုမ္ပဏီကိုတော့ အကြောင်းကြားစာ ပို့ထားတယ်။ အကြောင်းမပြန်ရင်တော့ အခုဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးကို ဦးတိုက်လျှောက်မယ်။ နောက်ပြီး နိုင်ငံတော်ကိုလည်း စာတင်မယ်။ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေ ဆီကိုလည်း ဆက်ပြီး စာတင်သွားဖို့ ရှိတယ်” ဟု ကောင်းမြတ်သူ သဲ၊ ကျောက်၊ ကွန်က ရစ်လုပ်ငန်းမှ ပိုင်ရှင်ဦးသန်းထွန်းက ဆိုသည်။ အဆိုပါ အမှုနဲ့ပတ်သက်၍ ဘက်ဟိုးယာဉ်မောင်းအား အမှုနှစ်ခုဖြင့် ပုဒ်မ ၂၈၅/၃၃၇/၃ဝ၄ (က) နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ-၆၁ အရ အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျန်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးအနက် ကိုဇော်မင်းဝင်းမှာ မီးလောင်မှုကြောင့် ဘယ်ညာ လက်နှစ်ဖက် အပါဝင် နားရွက်တို့၌ ဒဏ်ရာများ ရရှိပြီး ကျန်တစ်ဦးမှာ ခြေမ၌ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ကျော်ကိုကို ဟက်ထရစ် ဂိုးနှင့်အတူ အဖွင့်ပွဲတွင် ဂိုးပြတ် အနိုင်ရသည့် မြန်မာယူ - ၂၂

ယနေ့ ညနေ ၆နာရီ ၁၅မိနစ် အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂နှင့် ဖိလစ်ပိုင် ယူ-၂၂တို့ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက နောက်မှ လိုက်ကစား ခဲ့ရသော်လည်း ကျော်ကိုကို ခြေစွမ်းပြမှုနှင့် ယနေ့ ညနေ ၆နာရီ ၁၅မိနစ် အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂နှင့် ဖိလစ်ပိုင် ယူ-၂၂တို့ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက နောက်မှ လိုက်ကစား ခဲ့ရသော်လည်း ကျော်ကိုကို ခြေစွမ်းပြမှုနှင့် အတူ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ဖိလစ်ပိုင် အသင်းက စပေးဘော ပေးသည်နှင့် မြန်မာတို့ တရစပ် တက်ဖိအားပေးခဲ့ ရာ ကျော်ကိုကို ဘောလုံး ရယူနိုင်ခဲ့ပြီး စက္ကန့်ပိုင်း အတွင်း ကိုက် ၃၀ကျော်ခန့် အကွာမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ ယင်းပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်ခဲ့သော်လည်း နောက်ခံလူများ ထိထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် ၄မိနစ်ခန့်အထိ ဆက်တိုက် ဖိကစား နေခဲ့ပြီး ၅မိနစ်၌ တန်ပြန်

သမ္မတကြီး ဦးသိန်းစိန် ဗြိတိန်သွားရောက် လည်ပတ်မည်

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဖိတ်ကြားချက် အရ လာမည့် လပိုင်းအတွင်းဗြိတိန်နိုင်ငံ၊ လန်ဒန် မြို့တော်သို့ သွားရောက်လည်ပတ်  မည်ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။လန်ဒန် သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ နာရီပိုင်းအလိုတွင်ဝန်ကြီးချုပ်ရုံးမှထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းယင်းသတင်းတွင် ဖော်ပြထားသည်။အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရေးဝန်ကြီး
ဟီလာရီကလင်တန်၏ ၂၀၁၁  ခုနှစ် နိုဝင်ဘာ မြန်မာသို့အလည်အပတ်  ခရီးစဉ်အပြီး လေးလ ကျော်အကြာ ၂၀၁၂ ခုနှစ် ဧပြီလတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက်ခဲ့သည်။


မြန်မာဘောလုံးချစ်ပရိတ်သတ်များ စိတ်ဝင်စားနေသည့် အာရှယူ-၂၂ ခြေစစ်ပွဲများယနေ့စတင်မည်

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်    လက်ခံကျင်းပမည့်  အာရှယူ-၂၂ ခြေစစ်ပွဲအုပ်စု (G) ပွဲစဉ်များကို ဇွန်လ ၂၃ ရက် ယနေ့မှစ၍ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပတော့မည်ဖြစ်သည်။

ခြေစစ်ပွဲအုပ်စု (G)တွင်  အိမ်ရှင်မြန်မာအသင်းနှင့်အတူ  တောင်ကိုရီင်္းယား ၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ် (တိုင်ပေ)နှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်လျက်ရှိသည်။ ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲဦးထွက်ပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်း၌ ညနေ ၃ နာရီ ၁၅ မိနစ်တွင်    မလေးရှား - တောင်ကိုရီးယား ၆ နာရီ ၁၅ မိနစ်တွင် မြန်မာ - ဖိလစ်ပိုင် အောင်ဆန်းကွင်းတွင်လည်း ညနေ  ၃ နာရီ ၁၅ မိနစ်မှာ ဗီယက်နမ်-တရုတ်(တိုင်ပေ) အသင်းတို့ စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်နေ့အထိကျင်းပမည့် အာရှယူ-၂၂ ခြေစစ် ပွဲကိုလက်ခံကျင်းပမည်ဖြစ်သော သုဝဏ္ဏကွင်းနှ င့်အောင်ဆန်းကွင်းတို့ကိုအဆင့်မြှင့်တင်ထားပြီးဖြစ်သည်။
ယခင်ရိုးရိုးခုံတန်းများအစား   ဖိုက်ဘာခုံများကိုလည်း  ပြောင်းလဲတက်ဆင်းပြီးဖြစ်ပါသည်။    ဘောလုံးပွဲသို့
လာရောက်ကြည့်ရှု့အားပေးသော  မြန်မာ့ဘောလုံးပရိတ်သက်များ၏   အပြန်ခရီးအတွက်လည်း မ-ထ-သ ယာဉ်လိုင်းနှင့်ညှိနှိုင်းကာ မော်တော်ယာဉ်များစီစဉ်ပေးထားပြီး   ကွင်းအတွင်းပထမဆုံး     ၀င်ရောက်သော ပရိတ်သတ် ၁၀၀၀ ကိုလည်း မြန်မာအသင်းဂျာစီများပေးသွားမည်ဖြစ်သည်။

ဂိုးပြတ်အနိုင်ဖြင့် အကြိုဗိုလ်လုပွဲ တက်လာသည့် နာမည်ကြီး ဂျာမနီ( ဂျာမနီ ၄ - ၂ ဂရိ )

ဥရောပ ဖလား (၃)ကြိမ် ချန်ပီယံဖြစ်ဖူးသည့် ဂျာမနီတွင် အဓိက တိုက်စစ်မှူး မာရီယို ဂိုမက်ဇ်ကို အရန်ခုံတွင် ထားရှိကာ မီယိုဆလက်ဗ် ကလိုဆေး၊ အန်ဒရီ ရှာရဲလ်၊ မီဆွတ် အိုဇေးလ်၊ မာကိုရူးစ်၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဖိလစ်လမ်း၊ ဟိုလ်ဂါ ဘက်စတူဘာ၊ မတ်စ်ဟမ်မဲလ်၊ ဂျရိုမီ ဘိုတန်၊ မန်နျူရယ်လ် နျူအာတို့ ပွဲထွက် ပါဝင်ခဲ့သည်။ (၂၀၀၄)ခုနှစ် ချန်ပီယံဟောင်း ဂရိတွင်မူ ဒီမီထရော့စ် ဆယ်လ်ပင်ဂီဒစ်၊ ဂျော်ဂျီရော့စ် ဆမာရက်စ်၊ ကွန်စတန်တီနော့စ် ကာဆိုရာနစ်၊ ဆိုတီရီရော့စ် နီနစ်၊ အိုင်ယွန်နော့စ် မန်နီရာတစ်၊ ဂရီဂေါ်ရီရော့စ် မာကော့စ်၊ ဂရီဂေါ့စ် ဇာဗဲလက်စ်၊ ကိုင်ရီကော့စ် ပါပါဒိုပူးလော့စ်၊ ဆိုကရေတက်စ် ပါပါစတက်သိုပူးလော့စ်၊ ဗက်ဆီလော့စ် တိုရိုဆီဒစ်နှင့် မစ်ချလစ် ဆီဖာကစ်တို့ ကစားခဲ့ကြသည်။

Friday, June 22, 2012

သူများနိုင်ငံမှာတော့ တရားမ၀င်လာရောက်နေထိုင်တဲ့သူတွေ ပြန်ပို့နေပြီ

အစ္စရေးနိုင်ငံ တွင်းသို့ တရားမဝင် ပြောင်းရွှေ့ အခြေချ သူများအား ပြန်လည်ပို့ဆောင်မည့် စီမံကိန်း၏ ပထမ အဆင့်အဖြစ် လေယာဉ်ဖြင့် တောင်ဆူဒန်နိုင်ငံ သို့ စတင်ပို့ဆောင်ပေးနေပြီဟု သိရသည်။အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇွန်လ ၁၇ ရက် အစိုးရ အဖွဲ့အစည်းအဝေးတွင် “တရားမဝင် စိမ့်ဝင်နေထိုင်သူများ အပြည့်ပါရှိသော ပထမဆုံးလေယာဉ်သည် တောင်ဆူဒန်ကို ဦးတည်ထွက်ခွာသွားပြီ” ဟုပြောဆိုခဲ့သည်။ “နိုင်ငံထဲကို တရားမဝင်နည်းနဲ့ ဝင်ရောက် အခြေချနေတဲ့သူတွေကို မူရင်းနိုင် ငံဆီ ပြန်ပို့မယ့် အစိုးရ စီမံကိန်းကို ဒီနေ့ စတင်အကောင်အထည်ဖော်နေပါပြီ” ဟု ဝန်ကြီးချုပ်က အစိုးရအဖွဲ့ ဝင် ဝန်ကြီးများအား ပြောကြားခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေး အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်ဒေသ များမှ နိုင်ငံတွင်းသို့ တရားမဝင် နည်းလမ်းဖြင့် ပြောင်းရွှေ့လာသူ အာဖရိကန် ၅၉၀၀၀ ခန့် ရှိကြောင်း သိရသည်။ တရားမဝင် ပြောင်းရွှေ့နေထိုင်သူများမှာ အီရီထရီးယား၊ ဆူဒန်နှင့်တောင်ဆူဒန်တို့မှ အများ ဆုံးဖြစ်သည်။ ပြောင်းရွှေ့နေထိုင်သူ အချို့မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်ခွင့် ရထားသော်လည်း အစ္စရေး အစိုးရကမူ အဆိုပါ ပြောင်းရွှေ့နေထိုင်သူတို့အား နေရပ်တိုင်းပြည်သို့ ပြန်ပို့ရန်သာ ဆုံးဖြတ်ခြဲ့ ခင်းဖြစ်သည်။ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ နိုင်ငံတွင်းသို့ တရားမဝင် စိမ့်ဝင်နေထိုင်သူဦးရေမှာ တိုးပွား လာလျက်ရှိပြီး မေလတစ်လတည်း၌ ၂၀၀၀ ကျော်ခန့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်းကြောင့်ဟု ဆိုသည်။
ထို့အပြင် မြို့တော် တဲလ်အဗစ်တွင်လည်း တရားမဝင် အာဖရိက ပြောင်းရွှေ့နေထိုင်သူများကြောင့် စိုးရိမ်မှု တိုးပွားလျက်ရှိကြောင်း လူမှုရေးအသင်းအဖွဲ့တို့က ဆိုသည်။ ထို့ကြောင့် ဒုက္ခသည်စခန်း အေဂျင်စီများနှင့် အစိုးရ အရာရှိ အချို့က အပြင်းအထန် ကန့်ကွက်မှုရှိသော်လည်း အာဖရိက ပြောင်းရွှေ့နေထိုင်သူ ၁၅၀၀ ခန့်ကို နေရပ်ပြန်လည်ပို့ဆောင်မည့် အစီအစဉ်အား အစ္စရေးတရားရုံးက ယခုလအစောပိုင်းတွင် အတည်ပြုပေး ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဟာ တရားမဝင် နည်းလမ်းနဲ့ နိုင်ငံတွင်း ရောက်ရှိနေတဲ့ သူတွေကိုပဲ နေရပ်ပြန်ပို့တာပါ။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့မှာလည်း ဒီအတိုင်းပဲ လုပ်ဆောင်လေ့ ရှိပါတယ်” ဟု အစ္စရေး ပြည်ထဲရေးဝန်ကြီး Eli Yishai က ဆိုသည်။ ထို့အပြင် နိုင်ငံတောင်ပိုင်း၌ နယ်စပ်စည်းရိုးများကို တည်ဆောက်နေရာ ဇူလိုင်လတွင် ပြီးစီးမည်ဟုလည်း သိရသည်။အဆိုပါ နယ်စပ်စည်းရိုးများ မပြီးမီ နိုင်ငံ တွင်းသို့ ခိုးဝင်ရန် ကြိုးစားသူအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားမည်ဟု သိရသည်။
ရိုးရာလေး

ပြည်ပမီဒီယာတွေကလွဲရင် နိုင်ငံသားအားလုံး အကုန်လုံးတာဝန်ကျေတယ်

myanmar express

အခု ရခိုင်ပြည်နယ်က အရေးအခင်းမှာတော့ ပြည်ပမီဒီယာတွေကလွဲရင်နိုင်ငံသားအားလုံး ကိုယ်စီကိုယ်ငှ တာဝန်ကျေခဲ့ကြပါတယ်။ အရင်အရေးအခင်းတွေအားလုံးမှာ စစ်တပ်ကပဲ အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေ ရှင်း ခဲ့ပေမယ့် အခုတကြိမ်မှာတော့ အစိုးရကအရေးပေါ်အခြေအနေကြေငြာပြီး စစ်တပ်ကိုကိုင်တွယ်ခိုင်း တာတောင်မှဘင်္ဂလားဒေ့ရှ်ဖက်က လက်နက်ကိုင်ပြီးဝင်လာတဲ့ သူတွေကို တိုက်ခိုက်တာလွဲရင်မြို့ ရွာတွေ အတွက်လုံခြုံရေးယူခဲ့ယုံသက်သက်ပါပဲ။ အခုအရေးအခင်းမှာ စစ်တပ်ကသူ့အလုပ်သူလုပ်သွားပြီး တာ ဝန်ကျေခဲ့ပါတယ်။ မြို့ရွာတွေက အရေးအခင်းတွေကိုရဲတပ်ဖွဲ့တွေကသာ ကိုင်တွယ်ခဲ့ပြီး အင်အားမ လုံေ လာက် လို့အပျက်အစီးများခဲ့တာကလွဲရင် အရင်တုန်းကလို ပစ္စလက္ခ မပစ်ခဲ့လို့လူအသေပျောက်နှုန်း နည်းခဲ့ပြီး EU ကတောင် အခုအရေးအခင်းမှာ အစိုးရရဲ့သတိကြီးကြီးနဲ့ ကိုင်တွယ်နိုင်ခဲ့မှုကို အသိအမှတ်ြ ပုချီးကျူးခဲ့ပါတယ်။ ၈၈'မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုမြအေးတို့က ဘင်္ဂလီရိုဟင်ဂျာ ကိုလုံးဝလက်မခံခဲ့ကြပဲ ကန့်ကွက်ခဲ့ကြသလို ပြည်တွင်းကဘာသာခြားတွေကိုလည်း ဘာသာရေးအဓိက ရုဏ်းမဟုတ်တဲ့အကြောင်း အမျိုးသားရေးဖြစ်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆို စည်းရုံးနိုင်ခဲ့တာ ကလည်း အသိအမှတ်ပြု ချီးကျူးစရာကောင်းပါတယ်။ NLD အပါအဝင်နိုင်ငံရေးအဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေကလည်း Statementsကိုယ်စီထုတ်ပြီး အကြမ်းဖက်မှုတွေရပ်ဆိုင်း ဖို့တိုက် တွန်း ခဲ့ပါတယ်။NLDလိုအင်အားကြီးပါတီက Statement ထုတ်တဲ့အချိန်မှာသာမန်ကာ သျှံကာ ထုတ်ခဲ့တယ် ဆိုပြီး ကျနော်အပါအဝင် တော်တော်များများစိတ်ပျက်အားလျော့ခဲ့ကြပေမယ့် ILO Conference အပြီးမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ "တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေက စပြီး လိုအပ်ပါတယ်။ ဒီမှာ ပြောလိုတာကလက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည် နယ်က ပြဿနာ ကို ဖြေရှင်း ရမှာ ဖြစ်ပါတယ်။ကျွန်မအထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မှု ကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင်နယ်စပ်မှာ တစ်ဖက်က တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေ မယ်ဆိုတာသေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုကိုကြီးကြပ်ထိမ်း သိမ်းရေးကို လိုအပ်နေပါတယ်။" .. လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ လူတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့တောင် ရှင်းလင်းတဲ့ ဥပဒေလိုအပ်တယ် .. တိကျတဲ့ စနစ်လိုအပ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားအပြီးမှာတော့ရိုဟင်ဂျာအရေး ရှေ့နေလိုက်
တဲ့အဖွဲ့အစည်းတွေအားလုံး ကျွမ်းပြန်ကုန်သလိုထုတ်ပြန်ခဲ့တဲ့သူ့ပါတီရဲ့ Statement ကို အားမလို အားမရဖြစ်နေတဲ့ကျနော်တို့ကိုလဲ ပြန်လည်တက်ကြွစေခဲ့ပါတော့တယ်။

2...နောက်ထပ်တာဝန်ကြေခဲ့တာတော့ Eleven Media Group၊ The Voiceတို့အပါအဝင် ပြည်တွင်းမီဒီ ယာတွေအားလုံးဖြစ်ပြီး သူတို့က သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးခဲ့ကာ နိုင်ငံတကာ ကိုပြန့်နေ တဲ့ သတင်းမှားတွေကိုတန်ပြန်နိုင်ခဲ့ပါတယ်။
 
နောက်ဆုံးကျေးဇူးတင်ရမှာကတော့ Facebook ကို အသုံးပြုနေတဲ့တက်ကြွလူငယ်တွေပါပဲ။ အမျိုးချစ်တဲ့ သူတွေ လူငယ်တွေဟာ မြန်မာပြည်ပြင်ပကဒေါ်လာစားမီဒီယာတွေက ဘင်္ဂလီခေါ်တောအရေးကို မဟုတ်မဟပ်လုပ်ကြံဇါတ်တွေခင်းနေကြတာကို တုံ့ပြန်နိုင်ဖို့၊ အမှန်တရားကို ပြသနိုင်ဖို့အတွက်စာအုပ်တွေ သမိုင်းကြောင်းတွေကိုလှန်လျောပြီး Facebook မှာ Postတွေရေးကြတယ်။ Share ကြတယ်။ ရေးကြ တဲ့သူအများကြီးရှိပေမယ့်အားလုံးရဲ့ဦးတည်ချက်က တစ်ခုတည်းပါပဲ။ အဲဒါကတော့ ဒီဘင်္ဂလီရိုဟင်ဂျာ ဆိုတာမြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူး၊ မြန်မာလူမျိုးစုထဲမှာမပါဝင်ဘူးဆိုတာကို မသိသေး တဲ့သူတွေသိအောင် နဲ့ ကမ္ဘာကနေ လက်ရှိ ရှိနေတဲ့အစိုးရကိုဖိအားပေးပြီး နိုင်ငံမဲ့တွေကို လူမျိုးစု စာရင်းထဲ ထည့်ခံရမှာကြောက်ကြလို့ပါပဲ။

သူတို့တတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြင်မှာ မတွေ့ဖူး စကားမပြောဖူးကြသလို၊ နေရပ်တွေက ကွဲပြားပြီး အယူအဆတွေကလည်း တစ်ဦးနဲ့တစ်ဦးမတူကြပေမယ့် ဒီ ဘင်္ဂလီရိုဟင်ဂျာအရေးမှာတော့ သတင်းအမှားတွေလွင့်နေတဲ့ပြည်ပမီဒီယာ (မြန်မာပိုင်းအစီအစဉ်)တွေကို သတင်းအမှားတွေ လွင့်ချင်တိုင်း လွင့်ခွင့်မရအောင် စုစုစည်းစည်းညီညီညာညာနဲ့ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ကြ တာပါ။ မြန်မာဘာသာ နဲ့သတင်းတွေဖြန့်နိုင်ခဲ့သလို အင်္ဂလိပ်စာကျွမ်းကျင်သူတွေကလည်း သတင်းတွေကိုဘာသာပြန်ပြီး Website တကာကို သတင်းဖြန့်နိုင်ခဲ့ပါတယ်။ကိုယ်တိုင်ဘာမပြန်နိုင်တဲ့သူတွေကလည်း ဘာသာပြန်ထား တဲ့ Postတွေ ကိုကူးယူပြီး Facebook နဲ့ Twitter တို့လို Social Network တွေကနေသတင်းအမှားတွေကို တက်ညီလက်ညီတုံ့ပြန်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံအတွက်ကိုယ့်ထမင်းကိုယ်စားပြီး Online ပေါ်မှာ စွမ်း သလောက်ဆောင်ရွက်ခဲ့ကြသူတွေမို့ ဂုဏ်ပြုသင့်တဲ့သူတွေပါပဲ။

မြန်မာပြည်ပြင်ပက ဒေါ်လာရှာစား ရိုဟင်ဂျာ ကြော်ငြာသမား တဖြစ်လဲဘင်္ဂ လီရိုဟင်ဂျာရှေ့နေများဖြစ် ကြတဲ့ BBC၊ VOA၊ RFA၊ DVB (မြန်မာပိုင်းအစီအစဉ်တာဝန်ခံတွေ) နဲ့ IRRAWADDY တို့တတွေကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့ဘဲ ပျာယာခပ် ချောင်ပိတ်ကုန်ပါတော့တယ်။မျက်နှာဖုံးတွေကွာကြပြီး အရှက်ရကုန်ခဲ့ပါတော့တယ်။အကောင်းဆုံးရလာဒ်အနေနဲ့ကတော့ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင် ဘယ်သူတွေကတိုင်းပြည်မျက်နှာကို ကြည့်ပြီး ဘယ်သူတွေက ဘယ်သူတွေက အခွင့်အရေးယူပြီးနိုင် ငံရေးကစားတဲ့သူလဲဆိုတာ သဲသဲကွဲကွဲ သိခဲ့ရတာ အမြတ်ပါပဲ။

ဝိညာဉ်ဖြစ်ခဲ့ရင်တောင်..

ချစ်သူရေ....အမြင်အာရုံတွေမရှိရင်လည်း
အကြားအာရုံတစ်ခုနဲ့လွမ်းပါရစေ...
ချစ်သူရေ.....အကြားအာရုံမရှိခဲ့ရင်လည်း
သိစိတ်တစ်ခုနဲ့လွမ်းပါရစေ...

ချစ်သူရေ....".မီး"ဆိုတာပူမှန်းသိပေမယ့်
အလောင်အကျွမ်းခံချင်နေမိတယ်....
"သံယောဇဉ် "ဆိုတာတွယ်ငင်တတ်မှန်းသိပေမယ့်
မရုန်းထွက်ချင်မိဘူး......
အခွဲခံရမယ်မှန်းသိနေပေမယ့်
အကွဲခံချင်နေမိတာက...ကိုယ့်နှလုံးသား
ဘယ်သူတွေ....ဘယ်လိုပဲတားနေနေ
ဝိညာဉ်ဖြစ်ခဲ့ရင်တောင်....
ချစ်သူကို.....သတိတရရှိနေမယ်.....
"နှင်းဆီ"ရောင် နှုတ်ခမ်းလေးနဲ့တော့
ဝေးမယ့်စကား ....မဆိုပါနဲ့လားဟင် ....

ရော်နယ်လ်ဒို သွင်းဂိုးဖြင့် အကြို ဗိုလ်လုပွဲတက်သည့် ပေါ်တူဂီ ~ ပေါ်တူဂီ ၁ - ၀ ချက်

ဥရောပ ဖလား အဖွင့် ပွဲစဉ်ကို အရှုံးနှင့် စတင် ခဲ့သော်လည်း အကြို ဗိုလ်လုပွဲကို ပေါ်တူဂီတို့ အစောဆုံး တက်ရောက် လာခဲ့ပြီ ဖြစ်သည်။
ပေါ်တူဂီ အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဟဲလ်ဒါ ပေါ်စတီဂါ၊ လူးဝစ်နာနီ၊ ဂျိုအို မော်တင်ဟို၊ ရောလ်မီရာလက်စ်၊ မီဂွယ် ဗီလော့ဆို၊ ဖေဘီယို ကွန်ထရာအို၊ ဘရူနိုအဲလ်ဗက်စ်၊ ပီပီ၊ ဂျိုအို ပီယဲရားနှင့် ရီပွာထရီကိုတို့အား ပွဲထွက် စာရင်းတွင် ထည့်သွင်း အသုံးပြုခဲ့သည်။ ချက်တွင်မူ မီလန်ဘားရို့စ်၊ ဗက်လက်ဗ် ပီလာ၊ ဗလာဒီမာ ဒါရီဒါ၊ ပီတာ ဂျီရာဆက်ခ်၊ ဂျာရိုဆလက်ဗ် ပလာဆီလ်၊ တိုမက်စ် ဟက်ဘ်ခ်ျမန်း၊ ဒေးဗစ်လင်ဘာစကီး၊ မိုက်ကယ် ကက်ဒ်လက်၊ တိုမက်စ် ဆီဗော့ခ်၊ သီအိုဒို ဆီလက်စ်ဆီးနှင့် ပီတာဆက်ခ်ျတို့ ပွဲထွက်လာသည်။ချက်နှင့် ပေါ်တူဂီတို့သည် အုပ်စုအဆင့်မှ လွတ်မြောက်လာပြီးသည့် ပွဲစဉ်ပီပီ တစ်သင်းနှင့် တစ်သင်း အမှားမခံဘဲ ချောင်းကစားခဲ့သည်။ အစောပိုင်းတွင် နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်ရန် ကြိုးစားနေသော်လည်း တိကျသော အပိုင် အခွင့်အရေးမျိုး မရရှိခဲ့ကြပေ။ ပွဲချိန် မိနစ်(၃၀)တွင် ပီပီ ပေးပို့သော ဘောလုံးကို ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို လေထဲ နောက်ပြန် ကန်ချက်ဖြင့် ဂိုးသွင်းယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ (၃၇)မိနစ်တွင် ပေါ်တူဂီ တိုက်စစ်မှူး ပေါ်စတီဂါ နာသွားသဖြင့် ဟူဂို အယ်လ်မိုင်ဒါနှင့် လူစား လဲခဲ့ရသည်။ (၄၃)မိနစ်တွင် ချက်အသင်း ဂိုးဧရိယာထဲ၌ ရော်နယ်လ်ဒို ဘောလုံးကို လှပ သပ်ရပ်စွာ ချိတ်ယူပြီး လှမ်းကန်ရာ ချက်ဂိုးသမား ဆက်ခ်ျအနီးရှိ ဂိုးတိုင် အောက်ခြေကို ထိထွက် သွားသဖြင့် ပေါ်တူဂီတို့ နစ်နာခဲ့ရသည်။ ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင်မူ ပေါ်တူဂီက ခြေစွမ်းပိုင်း သိသိသာသာ အပေါ်စီး ရောက်လာပြီး ချက်ဂိုးသမား ဆက်ခ်ျတစ်ယောက် အလုပ်များခဲ့တော့သည်။ အထူးသဖြင့် ပေါ်တူဂီသည် တောင်ပံများတွင် အနီးကပ် အပေးအယူလုပ်ကာ ဗဟိုထဲ ချိုးဝင် ထိုးဖောက်သည့် နည်းဗျူဟာကို အားပြုကာ ချက်အသင်းကို ဖိအားပေးခဲ့သည်။ (၄၇)မိနစ်တွင် ပေါ်တူဂီ၏ လူစားဝင် တိုက်စစ်မှူး အယ်လ်မိုင်ဒါ လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးဘားတန်း ကျော်သွားသည်။ (၅၁)မိနစ်တွင် ကိုက်(၃၀)မျှ အကွာမှ ရော်နယ်လ်ဒို လှမ်းကန်သော ပြစ်ဒဏ်ဘောသည် ဂိုးတိုင်အောက်ခြေ အပြင်ဘက် ထိထွက်သွားပြန်သည်။ (၅၉)မိနစ်တွင် နာနီ၏ အဝေးကန်ချက်ကို ဆက်ခ်ျပုတ်ထုတ်ပြီး ချက်နောက်ခံလူ ဆီလက်စ်ဆီးက ဆက်တိုက် ရှင်းထုတ်ခဲ့ရသည်။ (၆၄)မိနစ်တွင် မော်တင်ဟို အဝေးမှ လှမ်းကန်သော ဘော လုံးကို ဆက်ခ်ျက ဂိုးဘားတန်းပေါ် ကျော်သွားအောင် အသည်းအသန် ပုတ်ထုတ်ခဲ့ရသည်။ (၆၅)မိနစ်တွင် အယ်လ်မိုင်ဒါ နောက်တစ်ကြိမ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရပြန်သော်လည်း ဖြုန်းတီး ခဲ့ပြန်သည်။

(၇၈)မိနစ်တွင် ပေါ်တူဂီတို့ ဂိုးစ ရသွားသည်။ ညာခြမ်းတွင် နာနီက မော်တင်ဟို၏ ပြေးလမ်းကြောင်းထဲ ထည့်ပေးလိုက်သော ဘောလုံးကို ကွင်းလယ် ကစားသမားက ဂိုးရှေ့ ဖြတ်တင်ရာ ရော်နယ်လ်ဒိုက ချက်နောက်ခံလူ တစ်ဦး နောက်မှ ပြေးတက်လာပြီး မြေစိုက် ခေါင်းတိုက်ချက်ဖြင့် သွင်းယူ သွားခဲ့သည်။ ချက်အသင်းသည် တောက်လျှောက် ခံစစ်ဖြစ်နေပြီး ပြိုင်ဘက်အား ဖိအား မပေးနိုင်သည့် အကျိုးဆက်ကို ခံစား လိုက်ရခြင်းလည်း ဖြစ်သည်။ (၈၂)မိနစ်တွင် ပီယဲရား အဝေးမှ လှမ်းကန်သော ဘောလုံးကို ဆက်ခ်ျက အကောင်းဆုံး ပုတ်ထုတ် ကာကွယ် ခဲ့ပြန်၍သာ ချက်အသင်း ဂိုးပြတ် မရှုံးခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီမှာမူ တိုက်စစ် ခြေစွမ်းပြပြီး ချက်ကို ကျော်ဖြတ်ကာ အကြို ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။
Ref: Eurosport

ရခိုင်သားများမှ ဒေါ်အောင်ဆန်းစုကြည်ပြန်လာလျှင် ရန်ကုန်လေဆိပ်မှ ဆီးကြိုဆန္ဒပြကြမည်

မျိုးချစ် ရခိုင်သားများ က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားက ပြန်လာလျှင် လေဆိပ်မှ ဆီးကြိုဆန္ဒပြကြ မည်ဟု သတင်းရရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ဆူပူသောင်းကြမ်းမှုတွေ စတင်ဖြစ် ပွားပြီး ရခိုင်းတိုင်းရင်းသားများ ရက်ရက်စက်စက် အသတ်ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပက္ခာပြုပြီး စိုးရိမ်ကြောင်း စာရွက်တစ်ရွက် ပေးကာ နိုင်ငံခြား ကို ထွက်ခွာသွားပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်မယ့် ရခိုင်သား တစ်ဦးကတော့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပြ ပါတယ်

"ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြမှာပါ.. ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင် တုန်းကတော့ မဲရဖို့ ကို မျှော်ကိုးပြီး မြန်မာနိုင်ငံအနှံ့သွားနိုင်ပါတယ်... အခု ကျွန်တော်တို့ ရခိုင်တွေ ဒုက္ခခံစားနေရချိန်မှာကျတော့ စာရွက်တရွက် ထုတ်ပေးပြီး နိုင်ငံခြား သွားပါတယ်.. အရင်တခါ တုန်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှ မအူပင်သားများကို မေ့မထားပါနဲ့ လို့ ဆန္ဒပြသလိုပုံစံမျိုးပါပဲ... ဒုက္ခသည် ရခိုင်သားတွေကို မေ့ပြီး နိုင်ငံခြားက အမျိုးတွေဆီ သွားတာကို ဆန္ဒပြတာပါ.. ဘာမှလည်း မတောင်းဆိုပါဘူး.. ဘာမှလည်း မကန့်ကွက်ပါဘူး..." လို့ပြောပါတယ်။

ဒါပေမယ့်လည်း အခြား သူများကတော့ ရခိုင်ပြည်နယ် မငြိမ်းမချမ်းဖြစ်နေချိန်မှာ ယူတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကန့်ကွက်ကြောင်း၊ ရခိုင် ကလေးတွေ ကျောင်းမတတ်နိုင်ချိန်မှာ ယူတဲ့ ဒေါက်တာဘွဲ့ကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လိုလို ဘာလိုလို ပြောနေတာကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာအားပေး ပြည်ပမီဒီယာတွေနဲ့ အလိုတူအလိုပါဖြစ်နေတာကို ကန့်ကွက်ကြောင်း၊ ရခိုင်သားတို့ ငိုကျွေးချိန်မှာ ဘက်ဒေးသီချင်းဆိုနေတာတွေကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြ မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရန်ကုန်၊ လန်ဒန်၊ ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ ရခိုင်တိုင်းရင်းသားများက ဦးဆောင်ပြီး ရိုဟင်ဂျာကိစ္စကို အကြောင်းပြုက ဘီဘီစီနဲ့ ပြည်ပအခြေစိုက် မီဒီယာများဖြစ်ကြတဲ့ VOA, RFA, DVB, ဧရာဝတီ သတင်းဌာန တို့ကို ဆန္ဒပြခဲ့ကြပါတယ်။

Myanmar Express

အသက်ခံရသော ရခိုင်တိုင်းရင်းသား(၁၀)ယောက် အလောင်းများပြန်ရ

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နယ်တွင်   ဇွန်လ  ၁၉   ရက်နေ့ကဘင်္ဂလီလူမျိုးများ၏   ဆူပူအကြမ်းဖတ်မှု 
ကြောင့် အသက်ခံရသော  ရခိုင်တိုင်းရင်းသား  ၁၀  ဦး၏အလောင်းများကို စစ်တပ်အကူဖြင့် တောင်းယူခဲ့ရာ သုံးရက်အကြာ   ဇွန်လ  ၂၁  ရက်နေ့က အလောင်းများပြန်လည်ရရှိခဲ့ကြောင်း   ရသေ့တောင်မြို့နယ်ဒေသ ခံများကပြောကြားသည်။  တစ်ယောက်ဆိုရင် အရိုးပဲကျန်တယ်။  ကျန်တဲ့အလောင်းတွေကိုတော့ သက်ပြီးမီး ရှို့ခံထားရတယ်ဟု   ယင်းအလောင်းများကို   သွားရောက်ကြည့်ရှု့ခဲ့သော   ဒေသခံတစ်ယောက်မှဆိုသည်။ ရသေ့တောင်မြို့နယ်ရှိ ဘင်္ဂလီများနေထိုင်ရာ   အနောက်ပြင် ကျေးရွာမှဆူပူအကြမ်ဖတ်သူများသည် ဇွန်လ ၁၉ ရက်နေ့ နံနက်   ၅  နာရီခန့်တွင်  ရခိုင်တိုင်းရင်းသာများနေထိုင်ရာ ကူတောင်ကျေးရွာကို ၀င်ရောက်မီး ရှို့ခဲ့ကြောင့်၊  ယင်းမီးရှို့  ဖျတ်ဆီးသူများကို   ပြန်လည်နှိမ်နှင်းရန်   လိုက်လံရာမှ   ရခိုင်တိုင်းရင်းသားများကို အနောက်ပြင်ကျေးရွာနား  အရောက်တွင်  ဘင်္ဂလီလူမျိုးများက သက်ဖြတ်ခဲ့ခြင်းဖြစ်ပြီး     အလောင်းများကို ပါ ဖျောက်ဖျက်ခဲ့ကြောင်း  ရသေ့တောင်မြို့နယ်  ကူတောင်ကျေးရွာဒေသခံများမှ ပြောကြား သည်။ ယင်းအ ကြမ်းဖတ်မှုကြောင့်ရခိုင်တိုင်းရင်းသား   ၁၀ ယောက်သေဆုံးခဲ့ပြီး၁၃  ယောက်ဒဏ်ရာရရှိခဲ့ကြောင်း   ရသေ့
 တောင်မြို့နယ် ဒေသခံများမှ ပြောကြားချက်အရသိရသည်။

The Voice

ဒုံးကျည် ပစ်စင်များ မြောက်ကိုရီးယားသို့ ပေးပို့ခဲ့ သည်ဆိုခြင်းကို တရုတ်ငြင်းဆို

တရုတ်နိုင်ငံသည် ပြီးခဲ့ သည့်နှစ် အ တွင်း ကုလသမဂ္ဂ၏ ပိတ်ဆို့တား ဆီးမှုများကိုချိုးဖောက်၍မြောက် ကိုရီးယားနိုင်ငံသို့ တိုက်ချင်းပစ် ဒုံးကျည်ပစ်စင်လေးခု ပေးပို့လိုက် သည်ဆိုသော မီဒီယာသတင်းများ ကို ဘေဂျင်း အစိုးရကငြင်းဆို လိုက်သည်။ရွေ့လျားသယ်ဆောင်နိုင်သော ဒုံးကျည်ပစ်စင်များ ကိုရေ ကြောင်းမှတစ်ဆင့် မြောက်ကိုရီး ယားနိုင်ငံသို့ ပေးပို့လိုက်သည်ကို တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်ဂြိုဟ်တုများက ထောက်လှမ်း သိရှိခဲ့ကြောင်း ဂျပန်မီဒီယာများ တွင်ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များအရ ပိတ်ပင်ထားသော ပစ္စည်းကိရိ ယာများကို တရုတ်ကုမ္ပဏီများ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ သို့ ပေးအပ်ခဲ့ခြင်းမရှိကြောင်း တရုတ်င်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လျူဝေမင်းက ပုံမှန်သတင်းထုတ်ပြန်ချက်တစ် ရပ်တွင်ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင် ငံတွင် နျူကလီးယား မပြန့်ပွားရေးနှင့် ပတ်သက်၍တရုတ်နိုင်ငံက အစဉ် တစိုက် ဘက်ပေါင်းစုံမှ ပါဝင်ဆွေး နွေးနေပြီး ကုလသမဂ္ဂ၏ ဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာဆောင်ရွက် လျက်ရှိကြောင်း တရုတ်ပြောရေး ဆိုခွင့်ရှိသူက ဆက်လက်ပြော ကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာ ခုံရုံး Website လွှင့်တင်

ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာခုံရုံး၏ Website ဖြ စ်သော  www. myanmarconstitutionaltribunal.org.mm ကို ဇွန် ၂၁ ရက်တွင် စတင် ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ Website တွင် အဖွင့်စာမျက်နှာ၊ နောက်ခံသမိုင်း၊ သတင်းစုံ၊ အခြေခံဉပဒေ အကြောင်း သိကောင်းစရာ၊ ဉပဒေနှင့် ဆုံးဖြတ်ချက်များ၊ ညှိုနှိုင်းဆွေးနွေး၊ မှတ်တမ်းဓါတ်ပုံကဏ္ဍဍဟူ၍ ပါရှိပြီး အခြေခံဉပဒေအကြောင်း သိကောင်းစရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ (၂၀ဝ၈ ခုနှစ်) ၊ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ (၁၉၇၄ခုနှစ်) နှင့်ပြည်ထောင် မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေ (၁၉၄၇ ခုနှစ်) တို့ကိုလည်းကောင်း၊ ဉပဒေနှင့် ဆုံးဖြတ်ချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာ ခုံရုံးဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့သော ကိစ္စရပ်များအတွက် ခုံရုံး၏ ဆုံးဖြတ်ချက် အပြည့်အစုံ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာ ခုံရုံး၏ ဖွဲ့စည်းပုံတို့ကို လည်းကောင်း ဖော်ပြထားသည်။ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေနှင့်သက်ဆိုင် သည့်ဆောင်းပါးများ၊ စာတမ်းများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာ ခုံရုံး၏ ဆောင်ရွက်ချက်များ၊ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Thursday, June 21, 2012

Software မသုံးပဲ Folder လေးတွေလော့ချမယ်

တချို့သော Folder များကို လော့ချချင်တဲ့ အခါ ဆော့ဝဲလ် လေးတွေကို အသုံးပြုကြရပါတယ်... အခုဟာလေး ကတော့ ဆော့ဝဲမပါဘဲ Folder လော့ချတဲ့ နည်းပါ...အောက်ကအဆင့်တိုင်းလေးလုပ်ကြည့် လိုက်ပါ..
 
  1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
  2. အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်)
    Code:
    cls 
    @ECHO OFF 
    title Folder Private 
    if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK 
    if NOT EXIST Private goto MDLOCKER 
    :CONFIRM 
    echo Are you sure you want to lock the folder(Y/N) 
    set/p "cho=>" 
    if %cho%==Y goto LOCK 
    if %cho%==y goto LOCK 
    if %cho%==n goto END 
    if %cho%==N goto END 
    echo Invalid choice. 
    goto CONFIRM 
    :LOCK 
    ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
    attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
    echo Folder locked 
    goto End 
    :UNLOCK 
    echo Enter password to unlock folder 
    set/p "pass=>" 
    if NOT %pass%== password here goto FAIL 
    attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
    ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private 
    echo Folder Unlocked successfully 
    goto End 
    :FAIL 
    echo Invalid password 
    goto end 
    :MDLOCKER 
    md Private 
    echo Private created successfully 
    goto End 
    :End 
3. ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ  မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..
4. စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ.. 
5. ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်... 
6. LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်... 7. ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ် 

 8.လော့ချမယ်ဆို Y လို့ရိုက်ပြီး Enter ခေါက်ပါ
9. သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ဖိုင်လေးကို ပြန်က လစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

အားလုံးပဲအဆင်ပြေပါစေ..


ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews