Friday, January 30, 2009

ကိုယ်ပိုင်မဟုတ်သောနှလုံးသားများ

ချစ်ခြင်းတွေအပြည့်နဲ့
ရှင်သန်နေတဲ့..တို့နှစ်ယောက်ရဲ့
နှလုံးသားတွေဟာ..လူခြင်းဘယ်လောက်
ဝေးနေပါစေ..အမြဲနီးနီးလေးရှိနေမှာပါ..။

ဝေးနေရတဲ့သူတိုင်းဟာ
သူတို့ရဲ့အလွမ်းတွေကို..စာဖွဲ့ကြတယ်..။
ဝေးနေတဲ့ တို့နှစ်ယောက်အလွမ်းတွေကတော့
စာဖွဲ့လို့မှီမှာဟုတ်ဘူးနော်..။

မင်းနဲ့ခရေပင်လမ်းမှာလဲ
အတူလတ်တွဲပြီးမလျောက်ဖူးပါဘူး..။
ကန်တော်ကြီးလဲ..အတူမသွားဖူးပါဘူး..
ဒါပေမဲ့..မင်းနဲ့အတူစိတ်ကူးကမ္ဘာလေးထဲမှာတော့
လှပတဲ့အိမ်လေးတွေဆောက်ပြီး
အကြာကြီးနေခဲ့ဘူးတယ်..။

တို့ရဲ့စိတ်ကူးတွေ..
တို့ရဲ့အနာဂါတ်တွေ..
တို့ရဲ့အိပ်မက်တွေ..
တို့ရဲ့မျှာ်လင့်ခြင်းတွေ..
တို့ရဲ့ချစ်ခြင်းတွေ...ဟာနှလုံးသားထဲမှာ
အခိုင်မာဆုံးတံတိုင်းကြီးတွေပေါ့..။

ခန္ဓာကိုယ်ထဲသွေးတွေ
လှည့်ပတ်စီးစင်းနေသရွေ့..မင်းကိုချစ်တဲ့
အချစ်တွေကလဲလိုက်ပြီး..စီးစင်းနေမှာပါ။
အချစ်တွေက ငါ့ခန္ဓာကိုယ်ထဲမှာ
ထုတ်ပစ်လို့မရအောင်..စိမ့်ဝင်နေကြပြီလေ..။

တို့နှစ်ယောက်သာ
နီးခွင့်ရှိမယ်ဆိုရင်..ငါနဲ့ဆိုင်တဲ့အရာအားလုံးကို
ကမ္ဘာအပြင်ဘက်မှာ..ထားခဲ့လိုက်ချင်တယ်..။

မင်းစိတ်ညစ်နေရင်
မင်းနဲ့အတူလိုက်ပြီးစိတ်ညစ်နေတဲ့သူ
တစ်ယောက်ရှိနေတယ်ဆိုတာ
သိထားပေးအုံးနော်..။

မင်းအသက်ရှင်နေတာ..ငါ့နှလုံးသားဖြစ်နေသလို
ငါနှလုံးသားတွေလဲကိုယ်ပိုင်မရှိတော့ဘူး..။

Wednesday, January 28, 2009

ရယ်(ရီ)နည်းတွေ..

နိုင်ငံ လူမျိုးပေါင်း အများကြီး ရှိကြပေမဲ့ လုံးဝမကွဲပြား မခြားနားပဲ တူတာ လေးတွေတော့ ရှိကြပါတယ် ။
အဲဒါကတော့ ရီခြင်း ၊ ငိုခြင်း တွေပေါ့ ။ အဲဒါပေမဲ့ အဲဒီ တူတဲ့ ရီခြင်း ၊ ငိုခြင်းတွေမှာတော့ မတူတဲ့ ဟန်တွေ ရှိနေကြ ပြန်ပါရော ။ သိသလောက်..... ရီခြင်းတွေကို ပြောရရင် ( ငိုတာတော့ပြောတော့ဘူး နော့...)

ဟားဟားဟားဟား......(အားရပါးရ ရီခြင်း)
ဟီးဟီး ( ရှက်ကို့ ရှက်ကန်း ရီခြင်း )
ဟဲဟဲ ( မခန့်သလို ရီခြင်း )
ဟိုးဟိုးဟိုးဟိုး (နောက်ပြောင် ရီနည်း)
ဟင်းဟင်း ( ၀တ္ထုတွေထဲက ကောင်မလေးတွေ ရီခြင်း ) အပြင်မှာ အဲလိုရီတဲ့ ကောင်မလေး မတွေ့ ပေါင်
ဟတ်ဟတ် ( သူကတော့ အရမ်းခေတ်စားနေတဲ့ ဘလော့ရီနည်း )
ဟိ (ကောင်မလေးများ လျှပ်တပြက် ရီနည်း)
ဘူးထွားဟားဟား (အာတာလွတ်မြို့ စားကြီး ရီနည်း)
သွပ်သွပ်သွပ် ( သမိန်ပေါသွပ် ရီနည်း )
ခွိခွိ ( အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ ရီနည်း )
ဟင်းဟင်းဟင်းဟင်း......(ကြာကူလီရီနည်း)
ဟွန်းဟွန်း...(ရုပ်ပြကာတွန်းရီနည်း)
အာဟ..အာဟ(ရက်ပ်ပါတွေရီနည်း)

ကဲ....ရီနည်းအသစ်လေးများ ရှိရင်လည်း ရီသွားကြပါအုံး...

တည်မြဲခွင့်မရှိပေမဲ့

မိုင်တွေ ကွာဝေးနေပါစေ
ဘယ်တော့မှ မဆွေးဘူး

မင်းကိုချစ်တဲ့သွေး ခပ်နွေးနွေး
ခနတိုင်း စီးနေတယ် . . .


လှည့်ပြေးနေတဲ့ အတွေးတွေရဲ့

ပျော်မွေ့ တဲ့ နားခိုရာဟာလဲ

အမြဲတမ်း မင်းအကြောင်းတွေသာ ဖြစ်တယ် . . .


အသက်ရှိနေ သ၍ ပေါ့

မမေ့မလျော့တဲ့ စိတ်နဲ့

ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ

မင်းရှိမယ် . . .

အစွဲအလန်းကြီးတဲ့ ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ ရာ

အချိန်ဆိုတာ အသုံးမ၀င်ပါဘူး
ငါ့ရင်ဘတ်ထဲက နင့်အတွက် တစ်စုံတစ်ရာ

ခိုင်မာ သေချာ နေတုန်းပဲ . . .


အမုန်းဝင်္ကပါ တစ်ခုမှန်း သိတဲ့နောက်

ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး

မင်းပေးမယ့် အမုန်းဆူး

နှလုံးသားကို စူးပါစေတော့ . . .


မခွဲတမ်း ချစ်ခွင့် မရှိပေမယ့်
အမြဲတမ်းတော့ ချစ်တယ် . . .။ ။


ခရေငယ်(၁၈.၁.၀၉)မှ..

ချစ်သူ...

အခုချိန်မှာ...
အဝေးဆုံးမှာရှိနေကြလည်း
အနီးဆုံးမှာရှိနေကြတယ်။
ဘေးနားမှာမရှိလည်း
စကားတွေအများကြီးပြောနေကြတယ်။
အနီးဆုံးမှာမရှိလည်း
တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတယ်။
အရမ်းချစ်နေကြပေမဲ့
ချစ်လို့မ၀ကြဘူး။

နောင်တစ်ချိန်မှာ..
အဝေးဆုံးကနေ..
အနီးဆုံးရှိနေကြမယ်။
ဘေးနားမှာရှိနေပြီး..
စကားတွေအများကြီးပြောနေကြမယ်။
အနီးဆုံးမှာရှိပြီး
တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြမယ်။
အဲဒိအချိန်မှာ..အရမ်းချစ်နေကြလည်း..
နောင်ဘယ်အချိန်ဖြစ်ဖြစ်..ချစ်လို့ဝမှာမဟုတ်ဘူး...
ချစ်သူ...။

အာဇာနည်သီချင်းသစ်

ကျနော်က အာဇာနည် ရဲ့ပရိပ်သက်တစ်ယောက်ပါ..အခုသီချင်းလေးကတော့..အခွေတောင်မထွက်သေး
ပါဘူး..သူသိရင်တော့အရမ်းစိတ်တွေဆိုးနေမှာ..သူငယ်ချင်းတစ်ယောက်ဆီကရတာ..
ကြိုက်ရင်
ဒီမှာယူလိုက်ပါ....ကျနော်ကတော့အရမ်းကြိုက်တယ်..

Tuesday, January 27, 2009

ပထမဆုံးအတွေ့အကြုံ...

ယခုကိစ္စသည် သူမဘ၀အတွက်ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။သူမသည်ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။သူ့ကိုငြင်းဆန်ရန်အကြောင်းပြချက်မျိုးစုံကိုစဉ်းစားရင်း
တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။သို့သော် သူကတော့လုံးဝလက်လျော့ဟန်မပြပဲ
သူမအနားသို့ တိုးကပ်လာလေသည်။ကြောက်နေသလားဟုမေးသောအခါတွင်..သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင်
အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။သူ၏လက်ချောင်းများသည်နေရာမှန်ကိုရှာဖွေတွေ့ရှိသွားကြသည်။
အထဲထိနိုက်စမ်းလိုက်သောအခါ...သူမနာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီးအကြောအခြင်များတောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။သူကသူမမျက်ဝန်းကိုစိုက်ကြည့်ရင်း..စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။သူပြုံးပြသောအခါ သူမစိတ်ကိုလျော့ချလိုက်ပြီးသူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင်ပြုလုပ်ရန်အကြိမ်ကြိမ်တောင်းပန်မိလေသည်။သို့သော်သူကတော့..ဖြည်းဖြည်းမှန်မှန်သာ
ဆက်လုပ်ပါသည်။
နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီးတကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။သွေးအနည်းငယ်ထွက်လာသည်
ကိုလည်း သူမသိရှိလိုက်သည်။


အရမ်းနာသလားဟုသူကထပ်မေးနေပြန်သည်။မျက်ရည်များပြည့်လျှံနေသော်လည်း..မနာသယောင်ခေါင်းခါက
ဆက်လုပ်ရန်ခေါင်းညိမ့်ပြလိုက်မိသည်။သူက ကျွမ်းကျင်စွာ..ဆက်လုပ်နေသော်လည်းသူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။အတန်ကြာသော် သူမမှအရည်အချို့..တာကျိုးသလိုပေါက်ထွက်သွားသည်ကို
ခံစားရပြီး သူသည်အရာတစ်ခုကိုအောင်မြင်စွာအပြင်သို့ထုတ်လိုက်လေသည်။သူမ သက်ပြင်းမောများရှိုက်ထုတ်နေရင်း
ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကိုဝမ်းသာပျော်ရွှင်နေမိသည်။သူကနွေးနွေးထွေးထွေးပြုံးပြရင်း
တော်တော် ကိုင်ရတွယ်ရခက်တဲ့
ခလေးမဟု
ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။ထို့နောက်ကျေးဇူးတင်စကားကို
သွားဆရာဝန်အားဆိုလိုက်လေသည်။
အထက်ပါအဖြစ်အပျက်မှာ

သူမ၏
ပထမဆုံးသွားနှုတ်သည့်နေ့က
အတွေ့အကြုံပင်ဖြစ်လေသည်။

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews