Tuesday, July 31, 2012

Window 8 Skin Pack (32/64)

window 8 skin လေးပါ.. window 8 အမြည်းလေးပေါ့ .. window 8 ကတော့ သုံးတဲ့သူတွေ သုံးနေကြပါပြီ .. သုံးတဲ့ သူတွေအတွက် ဆော့ဝဲအခက်ခဲ နည်းနည်းဖြစ်ပါတယ်. တရားမ၀င်သုံးနေတဲ့ သူတွေများပါတယ် window 8 ကိုပြောတာပါ.. အစအဆုံးပြန်လုပ်နေတာနဲ့ စာရင် အရင်ဆုံး window 8 skin လေးနဲ့ စမ်းပြီးသုံး ကြည့်ချင်တဲ့ သူများအတွက် ကောင်းပါတယ် အပြောင်းအလဲလေး ဖြစ်သလို အသစ်အဆန်းလေး လဲဖြစ်သွား တာပေါ့ လှတာတော့ တော်တော် လှပါတယ်..  Start Button လေးလည်းပါ ပါတယ် ပုံမှန်ဆိုရင် ဖျောက်ထားပါတယ် ..window 8 ကို သုံးချင်တယ် Software တွေနဲ့ အဆင်မပြေဖြစ်မှာ ဆိုးလို့ အရင်ဆုံး window 8 အစား window 8 skin လေးနဲ့ စမ်းသုံးထားပါတယ်.. လိုချင်တဲ့သူများရှိရင် အောက်မှာ သွားဒေါင်းလိုက်ပါ 24 MB ကျော်ကျော်လေးပဲရှိပါတယ် .. ပုံမှန် ဆော့ဝဲလ်တွေလိုပဲ Run သုံးရုံပါပဲ .. window 7 ကနေ window 8 ပြောင်းသုံးချင်နေတဲ့ သူတွေ အတွက် အမြည်းသဘောလေး ပါပဲ .. စမ်းသုံးကြည့်လိုက်ပါ အဆင်ပြေပါတယ် .. မရှိသေးတဲ့ သူများ လိုချင်တယ်ဆို ယူလိုက်ပါ အားလုံးအဆင်ပြေကြပါစေ..
window 7 (32/86 bit) သုံးထားတယ်ဆို အောက်ကဖိုင်လေးက 32(86) အတွက်ဖြစ်ပါတယ်..

window 7 (64 bit) သုံးထားတယ်ဆို ဒီအောက်က ဖိုင်လေးက 64 အတွက်ဖြစ်ပါတယ်။

 




Monday, July 30, 2012

Norton Antivirus ( License 6 Months ) Free လေးပါ

AntiVirus အခက်အခဲရှိသူများ အတွက် Norton  AntiVirus လေးပါ.. သုံးဘူးတဲ့သူတွေက တော့ကြိုက်မှာပါ.. ပြီးတော့ ဒီကောင်လေးက Free ပေမဲ့ လုပ်ဆောင် မူကောင်းသလို ရက်ပေါင်း ၁၈၀ သုံးလို့ရပါတယ်. ၆ လပေါ့ဗျာ နှစ်ဝက်ဆိုတော့ ကောင်းကောင်း အသုံးပြုလို့ရပါတယ်.. ၂၀၁၂ ထွက်ဆိုတော့ တော်တော် များများ လည်း ပြည့်စုံပါတယ်.. ကျနော်လည်း ဒါပဲသုံးထားတာပါ ဒေါင်းလော့ ဖိုင်ကတော့ 106.48 MB ဆိုတော့ တော်တော် တော့ချယူလိုက်ရတယ် နက်ကသိပ်မကောင်းတော့..  AntiVirus မရှိလိုဖြစ်ဖြစ် သက်တမ်း ကုန်နေလို့ပဲ ဖြစ်ဖြစ် ကိုယ့်စက်မှာ တင်ထားတာ ကြာလို့ ရိုးလို့ ပြောင်းသုံး ချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ဒီကောင်လေးက မဆိုးဘူးလို့ ပြောချင်ပါတယ်။

အခုဆော့ဝဲလ်ကို ဒေါင်းချင်တယ်ဆိုရင်တော့ အရင် ဆုံး Norton ဆော့ဝဲလ်ကို ဒေါင်းမဲ့ ဖိုင်လေးအရင်လိုပါ တယ် သူ့ကို Run လိုက်ရင် အင်တာနက်ရှိဘို့တော့ လိုပါတယ် အဲဒါမှ သူကအော်တို ဒေါင်းပြီး အော်တို Run သွားပါလိုက်မယ်. ကိုကဘာမှလုပ် စရာမလိုပါဘူး သူမှသူ ဒေါင်း လို့ပြီးတော့ Run ပြီးသွား ပြီဆို အကောင့် လေးလုပ်ပေးလိုက်ပါ မကြာပါဘူး ၁ မိနစ်လောက်ပဲ ကြာမှာပါ.. သုံးကြည့်မယ်ဆိုရင် တော့ အရင် မိမိစက်မှာ Run ထားတဲ့ Anti Virus တစ်ခုခု ကို အရင် ဖြုတ်လိုက်ပါ.. မတင်ထားဘူးဆိုရင်တော့ တစ်ခါတည်း တန်းပြီး Run လို့ရပါပြီ .. လိုချင်တယ်ဆို အောက်ကဖိုင်လေးကို အရင်ဆုံး ဒေါင်းလိုက်ပါ.. ပြီးတော့ Run လိုက်.. အားလုံး အိုကေသွားလိုက်မယ်.. အဆင်ပြေကြပါစေ..

 

Windows 7 Drive Icon Changer လေးပါ

ဒါလေး က Drive Icon Changer လေးပါ..
ကိုယ်ပိုင်ကွန်ပျူတာလေးတွေမှာ ၀င်းဒိုးရဲ့ Drive ပုံစံလေးတွေ မကြိုက်ရင် Change နိုင်အောင်ပါ
တော်တော်များများမှာတော့ ရှိပြီးသား ထင်ပါတယ်. မရှိသေးတဲ့ သူတွေအတွက်ပေါ့နော်.
လုပ်နည်းကတော့ ကိုပြောင်းချင်တဲ့ Drive ရဲ့  နာမည်ကို ရွေးပြီး Install ကို ကလစ်လိုက်ပါ
နဂို တိုင်းလေးပဲ ပြန်ပြောင်းချင်တယ်ဆိုရင် တော့ နာမည်ရွေး Uninstall ပေါ့..
မရှိသေးလို သုံးချင်တယ်ဆိုရင် တော့ အောက်မှာယူလိုက်ပါ။

 

Sunday, July 29, 2012

EMAIL HACK မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေပါ

Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစား ကများပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်း တတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။ တစ်ခြား သူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။ လူတိုင်း ဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ် သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာ တတ်ပါတယ်။
 
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။ အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။ ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့ ဆိုက်မျိုး တစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ် စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲ ကိုရောက်သွား ပါလိမ့်မယ်။

အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာbackground process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။ အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။ grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။ ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို ၀ါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။ နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
 
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။ ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။ စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်  back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။ များသော အားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။အကောင်း ဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ ပြီးတော့ security question တွေကို လေးလေး နက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။ သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။ တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူ ချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊ ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်း ရတာတွေကြား ဖူးပါတယ်။


hackerတွေရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ် ကိုယ် hack ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့ တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware, Software, network topology, server OS, etc....... That's social engineering.
ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။
မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။
1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။

တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင် တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။ OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်
Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။
အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5 အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack ခံခဲ့ရဖူးပါတယ်။
================================================== ==
တကယ်တော့ Gmail password ပဲ hack ခံရမှာကြောက်နေတာလား အခြားဟာတွေကော hack ခံရမှာမကြောက်ကျဘူးလား ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေ အဲဒီမှာနောက်လူက လာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေ အဲဒီအခါကျတော့ hack သလိုဖြစ်သွားတာပေါ့နော် တကယ့် hacker ကြီးတော့မတွေ့ဘူးသေးဘူး ရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေ အကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ် သတိတော့ထားပေါ့နော်
Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီးပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ hack လို့်မရပါဘူးကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါအပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော် ရှိရင်လဲ ပိတ်ထားလိုက်ပေါ့ မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာ အဲဒါပိုကောင်းပါမယ်

Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့ ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ် အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး
ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ ကိုယ့်အကောင့်ကိုသိသွားတာ မခံချင်စရာပေါ့နော်သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး
================================================== ==

နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာကျောင်းတက်နေတာ သူရဲ့ Gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။


တနေ့ သူ Gtalk မှာ hacker လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ Gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမှာ Gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။

အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့်ပုံပါပဲ။ ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။
================================================== ==

ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့ Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။ အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။ Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။
================================================== ==

ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။ Password security အကြောင်းလေးပါ။

Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့ Email တွေကို ပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။

ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ hacker တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခုဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့ Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကို attract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။

ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ Hacker ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ hacker ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှ မသိနိုင် ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)

ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်
Password တစ်ခုတည်းကိုပဲသုံးတော့ အဲဒီ Email တွေကိုပါ စမ်းဝင်ကြည့်တော့မယ်။ ကဲ နောက်ဆက်တွဲကိုတော့ ဆက်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းများကို စမ်းစစ်ကြည့်တော့၊
၁။ ။ တွေ့ကရာ Website မှာ Signup လုပ်တာ။
၂။ ။ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးတာ ကြောင့်ဆိုတာတွေ့ရပါတယ်။

အကယ်၍ မသမာတဲ့ Website မှာ Subscribe လုပ်မိရင်တောင်မှ၊ Password တစ်ခုတည်းကို Account တိုင်းမှာ မသုံးရင်၊ ဒီလိုပြဿနာ မျိုးကနေ ကာကွယ်နိုင်ပါတယ်။

နောက်ပြီး၊ အများသုံးကွန်ပျူတာမှာ (internet cafe မှာ) Login လုပ်ရင် Remember Password option ကို လုံးဝမရွေးထားဖို့။(ကျွန်တော်တော့ ကိုယ်ပိုင် computer မှာတောင် မလုပ်ပါဘူး။)သံသယရှိရင်၊ Login မလုပ်ခင်၊ ဆိုင်ရှင်ကို အကြောင်းကြား မေးမြန်းဖို့။ ကိုယ့်လုံခြုံရေးကို တက်တက်ကြွကြွသတိရှိရှိ ဖြစ်နေဖို့ အရေးကြီးပါတယ်။
( ပိုစ်အဟောင်းလေးတစ်ခုကို မျှဝေခြင်းဖြစ်ပါတယ်)



Saturday, July 28, 2012

Window 7 Folder Background လေးတွေမှာ ဓာတ်ပုံလှလှလေးတွေ ပြောင်းချင်ရင်

 Window 7 သမားများအတွက်  Folder လေးတွေမှာ Background လှလှလေးတွေ Change ချင်တယ်ဆိုရင် မိမိပုံလေးတွေ ထည့်ချင်တယ်ဆိုရင်.. ကိုယ်ကြိုက်တာ ကိုတင်ချင်တယ်ဆိုရင်ပေါ့
အောက်မှာ ပေးထားတဲ့ Software လေးသာ ယူလိုက်တော့.. ဖိုင်ဆိုဒ်သေးသလို စက်လည်း မလေးပါဘူး..
ကျနော် သုံးနေတာကြာပါပြီ ယူချင်တဲ့သူရှိရင် ယူလို့ရအောင် တင်ပေးလိုက်တာဖြစ်ပါတယ်.. သုံးကြည့်ချင်တယ်ဆိုရင်တော့.. ရှိပြီးသားဆိုရင်လည်း မရှိသေးတဲ့ သူများအတွက်ပါ။

Run စရာမလိုပါဘူး Click ပြီးတော့ သုံးရုံပါပဲ.. 
အောက်ကအဆင့်တိုင်းလုပ်သွားလိုက်ရင် အဆင်ပြေသွားမှာပါ .. တကယ်လို့ မပေါ်ဘူးဆိုရင် စက်ကို Restart ချပြီး ပြန်လုပ်ကြည့်လိုက် အဆင်ပြေသွားလိုက်မယ်.
 ကိုပြောင်းချင်တဲ့ Folder ကိုရွေးပေးလိုက်ပါ..

 စာလုံးတွေမှာပေါ်မဲ့ စာလုံးအရောင်ကို ကြိုက်ရာရွေးပေးလို့ရပါတယ်..
 ရွေးပေးပြီးတာနဲ့ ကိုရွေးထားတဲ့  Folder က အခုလို Change ပြီးသားလေးဖြစ်သွားပါလိမ့်မယ်.. မပြောင်း သေးရင်တော့ မရသေးလို့ပါ.. စက်ကို restart ချပြီး ပြန်လုပ်ကြည့်ပါ.. ရမှာပါ

ဒီကောင်လေးလည်း ပြောင်းဖို့ မမေ့နဲ့အုံးနော်..
Control panel > Program and Features > User Accounts > Change User Accounts Control Setting >
Never notify button လေးကို အောက်ဆုံးထိ ချထားဖို့လည်း မမေ့နဲ့ အုံးနော်.. အားလုံးအဆင်ပြေပါစေ.
အောက်မှာ ယူလိုက်ပါ.



 

Thursday, July 26, 2012

PES 2013 ဘောလုံးဂိမ်း

PES 2013  ဘောလုံး ဂိမ်းပါ. ကျနော်တော့ လိုချင်နေတာ အရမ်းပဲ ဆော့ချင်တယ် ဘောလုံးဂိမ်း ၀ါသနာအိုးတွေလေ အသစ်ဆိုတော့ ဆော့ချင်တာပေါ့ဗျာ ကျနော်တော့ အခုမှစတွေ့တော့အသစ်ပေါ့ဗျာ ဒါပေမဲ့လည်း ဒေါင်း ရင် ၀ါဆိုသွားလောက်တယ်.. နောက်မှ အခွေထွက်လာမှ ၀ယ်သုံးတော့မယ်.. ကစားချင် တဲ့ သူတွေ အင်တာနက် လည်း မြန်တယ်ဆိုရင် ယူကြပေါ့ဗျာ .. ဖိုင်ဆိုဒ်ကတော့ 1 GB ရှိတယ်.. နိုင်ငံခြား ကသူတွေဆိုရင်တော့ အဆင်ပြေတယ် ဒေါင်းလို့ .. Demo Version လေးပါ.. ဒေါင်းဖိုင်ကိုဆော့ Zip ဖိုင်လေး နဲ့ပေးထားပါတယ်.. ကျနော်တော့ မကစားဘူးသေးတဲ့ အတွက် အားနည်းချက် အားသာချက်တွေတော့ မသိသေးဘူး ဆော့လို့တော့ ကောင်းမဲ့ပုံလေးပါပဲ.. PES 2013 ဆိုတော့ နောက်ဆုံးထွက် Version ပါပဲ.. ကွန် ပျူတာနဲ့ ဆော့လို့ရပါတယ် .. Keyboard နဲ့ မဆော့တက်ရင်တော့ Join Stick နဲ့ လည်း တက်ပြီးကစားလို့ ရပါတယ်. အဆင်လို့ဒေါင်းချင်ရင် အောက်မှာ ယူလိုက်ပါ.. အားလုံးပဲအဆင်ပြေပါစေ..


Alien Arena Reloaded Edition New Version ဂြိုလ်သားဂိမ်း

ဂြိုလ်သားတွေ နဲ့ အပစ်အခတ် ပွဲကြမ်းတဲ့ PC ဂိမ်းတစ်ခုပါ. ကျနော်လည်း တစ်ခါပဲ ဆော့ဘူးပါတယ် တကယ်ကောင်းပါတယ် ဆော့လို့ . ဂိမ်းဝါသနာပါတဲ့သူတွေ ကတော့ ကြိုက်မှာပါ .. ဖိုင်ဆိုဒ်တော့ ကြီးပါ တယ် ဂိမ်းကြီးမိုလို့ပါ.. Resolution လည်း တော်တော်ကောင်းပါတယ် .. ကျနော်လည်းဒေါင်းနေတာ မရသေး ပါဘူး ဓာတ်ပြားဟောင်းကြီးပဲ ဖွင့်ရရင်တော့ ကွန်နက်ရှင်မကောင်းလို့ပေါ့ဗျာ .. အင်တာနက် Speed လည်း ကောင်းတယ် ဒီဂိမ်းလေးလည်း ဆော့ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ.. ကိုယ် တိုင်တောင် ဒေါင်းလို့ မပြီးသေးတာ ကိုယ်တိုင် တင်မယ်ဆိုရင်တော့ ဝေလာဝေးပေါ့ဗျာ ဒေါင်းရတာ အဆင် ပြေအောင်တော့ လုပ်ထားပါတယ်.. Full Versions ဖြစ်ပါတယ်..ဖိုင်ဆိုဒ်ကတော့ 383.41 MB ရှိပါတယ်..အားလုံးအဆင်ပြေကြပါစေ..

Download

Angry Birds ဂိမ်းလေးကို ကွန်ပျူတာနဲ့ ဆော့မယ်

အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဂိမ်းလေးပါ. ဆော့လို့လည်းအဆင်ပြေပါတယ်
တော်တော် များများလည်း သိကြပါတယ် ဆော့လည်းဆော့နေကြပါတယ်..
ဖုန်း နဲ့ ဆော့ကြတာများတာ မို့ ကွန်ပျူတာနဲ့ ဆော့ချင်တာနဲ့ ရှာလိုက်တာပါ.
Angry Birds ဂိမ်းလေးကို မိမိရဲ့ ကွန်ပျူတာထဲမှာ ဆော့ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ.
ဖိုင်ဆိုဒ်ကတော့ 41 MB ကျော်ကျော် လေးရှိပါတယ်. သိတဲ့အတိုင်း မြန်မာကွန်နက်ရှင်နဲ့ ဆိုရင်တော့ အဆင်ပြေသလိုသာ ဒေါင်းတော့ဗျာ. သိပ်တော့မများပါဘူး သူများတွေ နက်သိပ်မသုံးတဲ့ အချိန် ဒေါင်းမယ်
ဆိုရတော့ ခဏပါပဲ.. Angry Birds ၀ါသနာရှင်များအတွက်ပါ.. Hosting က ကွန်နက်ရှင်နဲ့ အဆင် မပြေလို့  ပြေသလိုလေး လုပ်ထားတာပါ.. မရှိသေးလို့ ကစားကြည့်ချင်တယ်ဆိုရင်တော့ ..


 

Windows 7 Logon Background Software

Windows 7 အတွက် ကွန်ပျုတာ Logon background software လေးပါ.
သုံးရတာလည်း မလေးပါဘူး ကျနော့ဆီမှာ ရှိနေတာတော့ကြာပါပြီ သုံးလည်း သုံးထားပါတယ်.
ကွန်ပျူတာလေး ဖွင့်လိုက်တာ ဓာတ်ပုံ လှလှလေးနဲ့ဆိုတော့ တစ်မျိုးလေး စိတ်ကြည်နူးတာပေါ့ဗျာ..
ကိုယ်ပိုင်ကွန်ပျူတာလေးကို အလှဆင်တာကြိုက်တဲ့ သူတွေအတွက်တော့ ကောင်းပါတယ် ပေါ်နေ တာတော့ ကြာ ပြီပေါ့ .. မရှိသေး လို့ သုံးချင်တဲ့သူရှိရင်ပါ
ကြိုက်တယ်ဆို စမ်းသုံးကြည့်လိုက်ပါ.. အောက်မှာ ဒေါင်းလိုက်ပါ ဖိုင်ဆိုဒ်သေးသေးလေးပါပဲ.



 





Wednesday, July 25, 2012

Samsung galaxy mini 2.3.6 သမားများအတွက် Root လုပ်နည်း

Samsung galaxy mini 2.3.6 သမားများအတွက်  Root လုပ်နည်းလေးပါ .. Android ဖုန်းတော်တော် များများ မှာ အောက်ပါ နည်းလေးက အသုံးပြုလို့ရပါတယ်.. မော်ဒယ် အရမ်းမြင့်တဲ့ ဖုန်းတွေမှာ ဒီနည်းအတိုင်း Root လုပ်လို့မရပါဘူး USB ကြိုးနဲ့ တိုက်ရိုက်ချိတ်ပြီးမှ လုပ်ရတာပါ. Samsung galaxy mini 2.3.6 ဆိုရင်တော့
လုပ်ရတာ မခတ်ပါဘူး .. အဆင့်လိုက်လုပ်သွား ရုံပါပဲ.. ထုံးစံအတိုင်း ဆိုင်မှာ သွားလုပ်ရင် တော့ ၁၀၀၀၀ ကျပ်တော့ ကုန်သွားလိုက်မယ် ကိုယ်တိုင်ပဲ လုပ်လိုက်ပါ အဆင်ပြေသွားပါလိုက်မယ် Root လုပ်တယ်ဆို တာကတော့ အရိုးရှင်းဆုံးပြောရရင် SuperUser  လုပ်လိုက်တာပါပဲ.. 2.3.7 အောက် အကုန်ရပါတယ်..
လုပ်ချင်တယ်ဆိုရင်တော့


အဆင့်(၁)
ပထမဆုံး Root လုပ်ဖို့အတွက်.zip  ဖိုင်လေးကိုDownload အရင်လုပ်လိုက်ပါ။

အဆင့်(၂)
မိမိဖုန်းကို ကွန်ပျူတာ နဲ့ ဆက်သွယ်လိုက်ပါ။ USB ကြိုးနဲ့လည်းအဆင်ပြေပါတယ်။
ပြီးတာနဲ့ အပေါ်ကဒေါင်းထားတဲ့ zip ဖိုင်လေးကို ဖုန်းရဲ့ SD ကဒ်ထဲမှာ သိမ်းလိုက်ပါ။ ဖိုင် နာမည်ကို Root လို့ပေးထားလိုက်ပါ။

အဆင့်(၃)
ပြီးတာနဲ့ ဖုန်းကို ပိတ်လိုက်ပါ။
ပိတ်ပြီးတော့ ပြန်ဖွင့်ပါ - ပြန်ဖွင့်မယ်ဆိုရင်အောက်ပါအတိုင်း Song up button + Home (ok) button + Power botton ကို သုံးခုလုံး တွဲပြီး
နှိပ်ထားလိုက်ပါ။


အဆင့်(၄)
အောက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် .
apply update from sdcard ဆိုတဲ့ စာကြောင်းလေးကိုရွေးပေးလိုက်ပါ။
အဲလိုအပေါ်အောက် သွားမယ်ဆိုရင် Song button လေးနဲ့သွားပါ ။


အဆင့်(၅)
ရွေးပြီးသွားတာနဲ့ ဖုန်း SD ကဒ်ထဲကိုရောက်သွားမှာပါ.
ကျနော်ပြောခဲ့တဲ့ Root ဖိုင်လေးကိုသွားပါ။
ပြီးတာနဲ့ ခုန zip ဖိုင်လေးကို ရွေးပြီး Home (ok) button ပေါ့ဗျာ..
ဖုန်းကသူ့မှသူ ဆက်လုပ်သွားပါလိုက်မယ်.. အားလုံးပြီးသွားပြီဆိုရင် reboot system now ဆိုတဲ့ စာကြောင်းလေးကို song button လေးနဲ့ ပြန်ရွေးပြီး Home (ok) button ပေါ့ ..

အဆင့် (၆)
ဖုန်း ပြန်ပွင့်လာရင် အောက်ပါ SuperSu ဆိုတဲ့ shortcut လေးပေါ်လာပါလိမ့်မယ်  အတိုင်းလေး ပေါ်လာ ပါလိမ့်မယ်..

အဲကောင်လေးထဲဝင်ပြီး Enable Superuser လေးကို အမှန် ခြစ်ပေးထားလိုက်ပါ.. ဒါဆိုရင်တော့ ဒီဖုန်းရဲ့ တရားဝင် superuser ဖြစ်သွားပါပြီ။



Rootvalidate ဆိုတဲ့ shortcut လေးပါပေါ်တယ်ဆို ၀င်ပြီး Update တောင်းရင်ပေးလိုက်ပါ..
အားလုံးအဆင်ပြေကြပါစေ.....

(သိလို့တက်လို့မဟုတ်ပါ သိထားတာလေး ပြန်ရှယ်ခြင်းသာ ဖြစ်ပါသည်)





ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိရွှေညောင်ပင် ယခုတိုင်ဆက်လက် ရှင်သန်ကြီးထွားလျက်ရှိ

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့ မဟာဗောဓိညောင်ပင်မှာ ယခုအချိန် ထိဆက် လက်ရှင်သန် ကြီးထွားနေဆဲ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြော ကြားလိုက် တာဖြစ်ပါတယ်။ အဆိုပါ ဗောဓိပင်မှာ အသက်ရှင်လျက် အပြည့်အ၀ကျန်းမာသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ် ဖြစ်သည့် Uttarakhand  တွင်ရှိသော Dehradun မြို့ ရှိ သစ်တော သုတေသ ဌာနမှ သိပ္ပံပညာရှင် နှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ Subhask Nautiyal ဆိုသူမှပြောကြားခဲ့ ခြင်းဖြစ်ပါတယ်။ 

အဆိုပါဗောဓိပင်မှာ ဗုဒ္ဓဂယာတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံရှိ ဘီဟာပြည်နယ်တွင် ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပါသည်။ သိပ္ပံပညာရှင်များမှ အဆိုပါဗောဓိပင်မှ အင်္ဂတေအုတ်ခုံကို ဖယ်ရှားပြီးနောက် စမ်းသက်ရာမှတဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် အင်္ဂတေအုတ်ခုံကို ဖယ်ရှားလိုက်ခြင်းအားဖြင့် အမြစ်ကို ပိုမို အသက်ရူခွင့် ပေးစေမည်ဖြစ်ပြီး ပိုမိုရှင်သန်စေရန် အထောက်အကူပြု မည်ဟု ၄င်းတို့မှပြော သည်။ ယခုလို မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဒေသသို့လာရောက်သူများ ထဲတွင် ဂျပန်နိုင်ငံမှာ လာ  ရောက်သည့် ခရီးသွားများမှာ အများ ဆုံးဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနမှ ဖော်ပြချက်အရ သိရှိရသည်။ 
MRTV4

အာဆင်နယ်နှင့် စာချုပ်သက်တမ်း တိုးရန် သဘော တူညီမှု ရရှိ ခဲ့သည့် ကိုစီရယ်နီ

အာဆင်နယ် အသင်းသည် နောက်ခံလူ လောရင့် ကိုစီရယ်နီအား (၃)နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့ မည်ဟု သိရှိ ရသည်။
ပြင်သစ် လက်ရွေးစင် ကိုစီရယ်နီအား အာဆင်နယ်က ယခုလ အစောပိုင်းက စတင်ကာ စာချုပ်သစ် အတွက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။ အသက် (၂၆)နှစ်ရှိ ကိုစီရယ်နီ သည် ပြီးခဲ့သည့် ဘောလုံး ရာသီက မြောက်လန်ဒန် ကလပ် အသင်း အတွက် ခြေစွမ်းပြ ကစားပေး ခဲ့ပြီး အသင်း၏ အဓိက ဗဟို ခံစစ်သမား တစ်ဦး အဖြစ် ရပ်တည်နိုင် ခဲ့သည်။ မန်နေဂျာ အာစင်ဝင်းဂါး သည် (၂၀၁၀)ပြည့်နှစ် က လော်ရီယန့် အသင်းမှ ဝယ်ယူ ခဲ့ပြီး အသင်း အတွက် (၈၅)ပွဲ ပွဲထွက် ကစားပေး ထားသည့် ကစားသမား ကို ဆက်လက် ထိန်းသိမ်း ထားရန် ဆုံးဖြတ် ခဲ့သည်။


ဝင်းဂါးက “ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ခုမှာ အာဆင်နယ် အတွက် ထူးထူး ချွန်ချွန် ကစားပေးနိုင် ခဲ့တဲ့ သူပါ”ဟု ချီးကျူး ခဲ့သည်။ “(၂၀၀၉) ခုနှစ်ထိ သူဟာ ပြင်သစ် ဒုတိယတန်းမှာ ကစားနေရ တုန်းပါ။ သူ့ရဲ့ ခြေစွမ်းဟာ ပရီးမီးယား လိဂ် ရောက်စမှာ ထိပ်တန်း အဆင့် ခြေစွမ်းမျိုး မရှိ ခဲ့ပြန် ပါဘူး။ ဒါပေမယ့် ခုချိန် မှာတော့ သူဟာ လူတော် တစ်ယောက် ဆိုတာ သက်သေပြနိုင် ခဲ့ပါပြီ။ သူ အသင်းမှာ ဆက်နေ ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ကျွန်တော် သိပ်ပျော် ပါတယ်”ဟု ဝင်းဂါးက ဆက်လက် ပြောဆို သွားသည်။
ကိုစီရယ်နီ ကလည်း “အသင်းနဲ့ စာချုပ်သစ် ကိစ္စ သဘော တူညီမှု ရခဲ့တာ ကျွန်တော် ပျော်ပါ တယ်။ အာဆင်နယ် မှာ ကျွန်တော် အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနိုင် ခဲ့ပါတယ်။ အာဆင်နယ် နဲ့ ရှေ့ဆက် ရမယ့် အနာဂတ် အတွက်လည်း စိတ်လှုပ်ရှားနေ မိပါပြီ” ဟု ပြောဆို သွားသည်။
mm striker

ဆီးရီးယားတွင် အစိုးရထိပ်တန်းအရာရှိများ အစည်းအဝေးပြုလုပ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က ဆီးရီးယား နိုင်ငံ ဒမ်မာစကက် မြို့တော်ရှိ အမျိုးသား လုံခြုံရေး အဆောက်အအုံတွင် သမ္မတ ဘက် ရှာအယ်အာဆက်နှင့် ရင်းနှီးသော ပုဂ္ဂိုလ်များ၊ ဆီးရီးယားထိပ်တန်း အရာရှိများ အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ရာ ထိပ်တန်းအရာရှိ (၃) ဦး သေဆုံပြီး ဒဏ်ရာရသွားသူ တချို့ လည်း ရှိခဲ့ကြောင်းသိရသည်။
ဗုံး ပေါက်ကွဲမှုကြောင့် ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဒါဝုဒ်ရာဂျာ ၄င်း၏လက်ထောက် အာဆက် ၏ ယောက်ဖတော် စပ်သူ အာဆက်ဖ် ချော်ကက်တို့ ပွဲချင်းပြီး သေဆုံး သွားကာ ဒုသမ္မတဟာဆန်ဆက်ခ် မန်နီမှာ ပြင်းထန်သော ဒဏ်ရာများ ကြောင့်နာရီပိုင်းအကြာတွင် သေဆုံး သွားခြင်းဖြစ်သည်။ဒဏ်ရာရသွား သူများထဲတွင် ဆီးရီးယားပြည်ထဲ ရေးဝန်ကြီး မိုဟာမက်အီဗရာဟင် အဲလ်ရှာလည်းပါဝင်ခဲ့သည်။အစည်း အဝေး တက်ရောက်လာကြသည့် အဆင့်မြင့် အရာရှိအများစုသည် လက်ရှိဆီးရီးယား ပြဿနာကို ဖြေ ရှင်းရန်ကြိုးပမ်းနေသူများဖြစ်ပြီးပေါက် ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို သဲသဲကွဲကွဲ မသိရသေးချေ။ 

အတွင်း လူတစ်ဦးက အဆောက်အအုံထဲတွင် ဖောက်ခွဲရေးပစ္စည်းများ ထားခဲ့ပြီး အဝေးထိန်း ချုပ်စနစ်ဖြင့် ဖောက်ခွဲခဲ့ ခြင်းဖြစ်ကြောင်း ပြည်ပအခြေစိုက် အ တိုက်အခံအဖွဲ့က ပြော ကြားခဲ့ချိန် တွင် နိုင်ငံပိုင်ရုပ်သံကမူ အသေခံဗုံးဖောက် ခွဲမှုဟု ကြေညာခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ပဋိပက္ခဖြစ်ပွားနေ သည့် (၁၆)လကာလအတွင်း အာ ဆက်အစိုးရအပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက လက်နက်ကိုင်အကြမ်း ဖက်သမား များ ခြေကုပ်နေသောဒေသ များတွင် ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည့်အတိုင်း ဆီးရီးယားတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် Midan ဒေသတွင် ဗုဒ္ဓဟူးနေ့က လက်နက် ကိုင်အကြမ်းဖက် သမား ၃၀ ခန့် သေဆုံးသွားကြောင်း အစိုးရထောက်ခံ မီဒီယာက ဖော် ထုတ်ခဲ့သည်။

ယခုတိုက်ခိုက်မှုတွင် မိမိတို့တာဝန်ရှိကြောင်း လွတ်လပ် သည့် ဆီးရီးယားတပ်မတော်(FSA) သူပုန်အဖွဲ့ခေါင်းဆောင် Riad Assad ကကြေညာခဲ့ပြီး ဆီးရီးယားအစိုးရ အပေါ် တိုက်ခိုက်မှုများထပ်မံပြုလုပ် ဦးမည်ဟုပြောကြားခဲ့သည်။ အမေရိ ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာက ဆီးရီးယာတွင် ထိန်း ချုပ်မှုကင်းမဲ့နေပြီဟု သုံးသပ်ခဲ့ပြီး ဒမ်မာစကက် အစိုးရအပေါ် နိုင်ငံ တကာက ပိုမိုဖိအားပေးရန် တိုက် တွန်းသွားခဲ့သည်။
ဖက်စ်နယူး

အာဖဂန်နစ္စတန်တွင် တာလီဘန် စစ်သွေး ကြွ (၁၀ဝ) လက်နက်ချအညံ့ခံ

အာဖဂန် နစ္စတန် တာလီ ဘန်အုပ်စု များမှ စစ်သွေးကြွ (၁၀ဝ)မှာ လက်နက်ချ အညံ့ခံ ခဲ့ကြပြီးနောက် က ဘူးလ်မြို့တော် အနောက်မြောက်ပိုင်း Badghis ပြည်နယ်ရှိ အစိုးရကျော ထောက်နောက်ခံပြု ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့် ပူးပေါင်းခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Sharafudin Majida က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွ (၇)အုပ်စုက စစ်သွေးကြွ (၁၀ဝ) ဟာ လက်နက်ချခဲ့ပြီး တနင်္လာနေ့ ညနေ ပိုင်းမှာပဲ ပြည်နယ်မြို့တော် Qalai က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပူးပေါင်းခဲ့ကြပါတယ်”ဟုMajidi က သတင်းထောက်များကို ပြောကြား ခဲ့ခြင်းဖြစ်သည်။အဆိုပါ စစ်သွေြးွက များသည်ယခင်က Qadis နှင့်Muqar ခရိုင်များတွင် ထကြွသောင်းကျန်းခဲ့ ကြသူများဖြစ် သဖြင့်ယခုကဲ့သို့ပူးပေါင်း လာခြင်းကပြည်နယ် ၏လုံခြုံရေးအခြေ အနေ ပိုမိုတိုးတက် လာမည်ဟု ယူဆရ သည်။
ယင်းစစ်သွေးကြွများမှ ၄င်း တို့၏လက်နက်များကို အာဏာပိုင်များ သို့ လွှဲအပ်ခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ် သက်၍ အစိုးရဆန့် ကျင်တာလီဘန် စစ်သွေြးွကများက မှတ်ချက်ပေးပြော ကြားလာခြင်းမရှိသေးချေ။ ပြီးခဲ့သည့် တစ်နှစ်အတွင်း တာလီဘန် စစ်သွေး ကြွ ၃၀ဝ၀ ကျော်မှာ လက်နက်ချ အညံ့ခံခဲ့ကြပြီး အစိုးရကျောထောက် နောက်ခံပြု ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနှင့် ပူပေါင်းခဲ့ကြကြောင်း အာဖဂန်အရာရှိများက ပြောကြားခဲ့ သည်။
ဖက်စ်နယူး

Sunday, July 22, 2012

အလုပ်များ သူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ

အလုပ်များ တာကြောင့် စိတ်ဖိစီး မှုများနေတဲ့ အခါ အာဟာ ရ ရှိတဲ့ အစား အသောက် ကို ရွေးချယ် စားသောက် မှုမှာလည်း ချို့တဲ့တတ် ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှုရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။

လီဝန်ဒေါစကီး အတွက် ကမ်းလှမ်းမှု ကို ငြင်းပယ်ခံခဲ့ရသည့် ချယ်လ်ဆီး

ဒေါ့မွန် အသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီး အတွက် ချယ်လ်ဆီး အသင်း၏ ပေါင် (၁၇)သန်းတန် ကမ်းလှမ်းမှုမှာ ပယ်ချခြင်း ခံခဲ့ရသည်။ ယမန်နှစ်က ဒေါ့မွန် အသင်းနှင့် ဖလားနှစ်လုံး ရယူခဲ့ပြီး (၃၄)ပွဲတွင် (၂၂)ဂိုးထိ သွင်းယူနိုင်ခဲ့သည့် လီဝန်ဒေါစကီးသည် ဥရောပ ထိပ်တန်း ကလပ်များ၏ အလိုအရှိဆုံး တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်သည်။ “ချယ်လ်ဆီး အသင်းက ကာဗာနီကို ကမ်းလှမ်းခဲ့ပါတယ် ဒါပေမယ့်

အာဆီယံမှ သွင်းကုန် ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီဟု သိရ

အာဆီယံ ဒေသတွင်းမှ တင်သွင်းသော ကုန်ပစ္စည်း များထဲမှ ၈၀ ရာခိုင်နှုန်းကို အခွန်ကင်း လွတ်ခွင့် ၂၀၁၂ ခုနှစ်တွင် ပေးထားပြီဖြစ်ကြောင်း အကောက်ခွန်ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းများအရ ၁၁-၇-၂၀၁၂ ရက်က သိရသည်။

Saturday, July 21, 2012

Yankee ကွင်းသစ်ကြီးရဲ့ ပထမဆုံးဘောလုံးပွဲစဉ် (ချယ်လ်ဆီး-PSG)

ဒီတစ်ပတ် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ကစားမဲ့ ဥရောပလက်ရှိချန်ပီယံချယ်လ်ဆီး - PSG ပွဲစဉ်အတွက် ချယ်လ်ဆီးကတော့ ကစားကွက်အပြောင်း အလဲ ကစားသမားအပြောင်း အလဲတွေနဲ့ နယူးယောက်မှာ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ ယခင် ဘေ့စ်ဘောကွင်းကို ဘောလုံးကွင်း အဖြစ် ပြုပြင်ပြောင်းလဲထားတဲ့ Yan Kee ကွင်းသစ်ကြီးမှာ ပထမဆုံးဘောလုံးပွဲစဉ် အဖြစ် ချယ်လ်ဆီး-ပီ အက်စ်ဂျီ ပွဲကို ပထမဆုံးကစားစေမှာဖြစ်ပါတယ်။ ပီအက်ဂျီအသင်းနည်းပြ အန်ဆလော့တီ အနေနဲ့ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ပွဲဖြစ်တဲ့အတွက် အကြိတ် အနယ်ရှိတဲ့ ပွဲဖြစ်လာမှာ သေချာပါ တယ်။ ခြေစမ်းပွဲ ဆိုပေမဲ့ ၁၉၅၄ ခုနစ်နောက်ပိုင်း နယူးယောက်မှာ ပထမဆုံး ပြန်ကစားတဲ့ ချယ်လ်ဆီးအနေနဲ့ကတော့ ဥရောပချန်ပီယံ ဂုဏ်သိက္ခာကို ဘယ်လိုဆယ်မလည်းဆိုတာ စောင့်ကြည့် ရမဲ့ ပွဲကောင်းတစ်ခုဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ရာသီကြို ခြေစမ်းပွဲအဖြစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကစားတဲ့ ဆီးတဲလ် ဆောင်းဒါးအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ပွဲဦးထွက်အနိုင်ရရှိ ထားပါတယ်။ ရာသီသစ် ချန်ပီယံပြိုင်ပွဲအတွက် ငွေတွေပုံအောပြီး သုံးထားတဲ့ ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီအ
နေနဲ့ကတော့ ဒီင်္ပွဲကိုအလေးနက်ထား ယှဉ်ပြိုင်သွားလောက်ပါတယ်။ 

Friday, July 20, 2012

Samsung Galaxy Series Android ဖုန်းတွေမှာ မြန်မာဖောင့်ထဲ့မယ်

Samsung Galaxy Series Android ဖုန်းတွေမှာ မြန်မာဖောင့်ထဲ့ ချင်သူများအတွက် ဖြစ်ပါတယ်။ မသိလို့ ဆိုင်မှာ သွားလုပ်ရင် ၅၀၀၀ လောက်ပေးရတယ်။ မယုံမရှိနဲ့ ကိုယ်တိုင် ကြုံခဲ့တာပါ။ ကိုယ်တိုင်ဆိုပေမဲ့ သူငယ်ချင်း နဲ့လိုက်သွားရင် မြန်မာဖောင့်လေးဝင်ထဲ့မယ်ဆိုတာနဲ့ ထည့်လိုက်တာ ကျွတ်သွားတယ် ၅၀၀၀ ။ ပြောနေတာကြာပါတယ် စလိုက်ရအောင်။ လွယ်လွယ်လေးပါ မသိတဲ့ ညီအစ်ကိုမောင်နှမများအတွက်ပါ။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြည့်ရှု့လေ့လာသူများဖြင့် စည်ကားများပြား

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို (၆၅) နှစ်မြောက် အာဇာ နည်နေ့အထိမ်းအမှတ်ဖြစ်  ဇူလိုင်လ ၁၉ ရက်နေ့ ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ် ပြသသည်။ 
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသာကျောင်းသူများ၊ နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များနှင့် နိုင်ငံခြားသားများအပါအ၀င် စုစုပေါင်း ၁၆၁၉၇ ဦး လာရောက်ကြည့်ရှု့လေ့ လာကြပါသည်။

နိုင်ငံရေးပြဿနာကို စစ်တိုက်မဖြေရှင်း နိုင်ဟု KIA ပြောဆို

နိုင်ငံရေး ပဋိပက္ခကြောင့် ဖြစ်ပွားသည့် စစ်ပွဲကို နိုင်ငံရေး နည်းအရ မဖြေရှင်းလျှင် ငြိမ်းချမ်းရေးရရန် မဖြစ် နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။ ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ပဏ္ဏိတ်ထွန်း၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး KIO လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခြင်း ၊မြန်မာအစိုးရငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းတို့နှင့် တွေ့ဆုံ ခဲ့မှုများပြုလုပ်ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်ရှိတဲ့ အကြီးဆုံးကုန်းလိပ်ကြီး သေဆုံး

အီကွေဒေါနိုင်ငံ၊ Galapagos ကျွန်းရဲ့ ရှားပါး တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းမှာ ဖြည်းညင်း တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့သွားလာတတ်တဲ့ ”ဂျော့” (George) လို့နာမည်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကုန်းလိပ်ကြီး တစ်ကောင်ရှိပါတယ်။အသက်(၁၀၀) နှစ်ခန့်ရှိပြီး အလေးချိန်ပေါင် (၂၀၀) လေးတဲ့ လိပ်ကြီး“ဂျော့” ရဲ့ခြေလှမ်းတွေဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့မှာတော့ အဆုံးတိုင် ရပ်တန့်သွား ခဲ့ရပါပြီ။ အီကွေဒေါနိုင်ငံရဲ့ အချစ်တော် “ဂျော့” ဟာ သူ့မျိုးစိတ်လိပ်တွေထဲမှာ တစ်ကောင်တည်းကျန်ခဲ့တဲ့ လိပ်ကြီး ဖြစ်တာကြောင့် သူသေဆုံးမှု အပေါ်မှာ အားလုံးက ဝမ်းနည်းနေကြပါတယ်။ လိပ်ကြီး “ ဂျော့” ကို တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်တဲ့ သတ္တဗေဒ ပညာရှင်များကို (၁၉၇၂) ခုနှစ်မှာ တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ သူနဲ့မျိုးစိတ်ချင်းနီးစပ်မှု ရှိတဲ့ လိပ်မတွေနဲ့ မျိုးဆက်ပွားဖို့ ကြိုးစားခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။
Angle Kid

Friday, July 13, 2012

ကြောက်စရာကောင်းတဲ့ အချစ်

ဒသဂီရီ ဘီလူးကြီး က မယ်သီတာ ကို ချစ်တယ်။ မယ်သီတာ က ဒသကြီးကို မချစ်ဘူး။ ဘယ်ချစ်ရဲမလဲ၊ ဟိုက ဘီ လူးကြီး၊ မွေးလာရင် လူဘီလူးကြီးဖြစ်မှာ၊ ရုပ်ကလည်း သိတဲ့အတိုင်းပဲ၊ ဆိုးလိုက် တာ။ ဒါက ရာဇဝင်က ဒသဂီရီနဲ့ မယ်သီ တာတို့ရဲ့ အချစ်ဇာတ်လမ်း။တစ်ဖက် သတ် အချစ်ဇာတ်လမ်းဆိုရင် ပိုမှန်လိမ့် မယ်။ နှစ်ဖက်စလုံးက ချစ်ကြရင်တော့ ကြောက်စရာကောင်းတာတောင် မ ကြောက်ရွံ့ဘဲ ချစ်ကြ တာတွေ မြင်တွေ့ ရလိမ့်မယ်။

အီရန်နိုင်ငံက ဒုံးကျည် အမျိုးမျိုးနှင့် မောင်းသူ မဲ့ ဗုံးကြဲ လေယာဉ် တို့ကို စမ်းသပ် ပစ်ခတ်

အီရန်နိုင်ငံသည် ဇူလိုင်လ ၃ ရက် နေ့တွင် ဒုံးကျည်အမျိုးမျိုးနှင့် မောင်းသူမဲ့ ဗုံးကြဲလေယာဉ် များကို စစ်ရေးလေ့ကျင့်မှု တစ်ရပ်အတွင်း စမ်းသပ်ခဲ့ကြောင်း သိရ သည်။ သုံးရက် အကြာပြုလုပ်မည့် အီရန် နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက် နေ့တွင် ယင်းကဲ့သို့စမ်းသပ်ခဲ့ခြင်းဖြစ် သည်။

ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် အဆိုးဆုံး အရည်များ

ကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစား နေရင် ဒါမှ မဟုတ် ပိုပြီး ကျန်းမာရေး နဲ့ ညီညွတ် တဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာနေရင် သင်သောက်တဲ့ အရည်တွေကို လည်း အလေးထားရပါမယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေ သတိထား ရှောင်ကြဉ်သင့်တဲ့ အရည်တွေကို ဖော်ပြပေး လိုက်ပါတယ်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ တွေ့ဆုံ

သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့သည် ယနေ့ (ဇူလှိုင် ၁၃ ရက်)မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မြို့တွင် တွေ့ဆုံခဲ့ကြသည်။ယမန်နှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၌ ၎င်းတို့ နစ်ဦးပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ပိုမိုကောင်းမွန် လာခဲ့သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ မြို့၌ ကျင်းပမည့် အမေရိကန် - အာဆီယံ အစည်းအဝေးပွဲသို့ တက်ရောက်ရန် အဖွဲ့ဝင်များလိုက်ပါ လျက် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ မြန်မာ့လေ ကြောင်းလိုင်း အထူးလေယဉ်ဖြင့် ထွက်ခွာခဲ့ပါတယ်။

Saturday, July 7, 2012

တရုတ် အာကာသ ယာဉ်မှူး သုံးဦး ကမ္ဘ္ဘာမြေ သို့ ပြန်လည် ရောက်ရှိ

တရုတ်နိုင်ငံ၏ အာကာသယာဉ်မှူး သုံးဦးသည် ဇွန်လ ၂၉ ရက်နေ့ နံနက်တွင်ကမ္ဘာမြေ သို့ ဘေးကင်း လုံခြုံစွာဖြင့် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။ တရုတ် အာကာသယာဉ် ရှန်ကျို-၉ သည် တရုတ် နိုင်ငံမြောက်ပိုင်း အတွင်းပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသို့ စီစဉ်ထားသည့် အတိုင်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

ဟံသာဝတီလေဆိပ်အား ၂၀၁၆ နှစ်ကုန် အပြီးတည်ဆောက်မည်

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်အ၀င် သိသိသာသာ တိုးတက်များ ပြားလာသည်နှင့် အမျှ နိုင်ငံတကာလေကြောင်း လိုင်းသစ်များလည်း တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေရာ လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တိုးတက် များပြားလာသည့် ခရီးသည် အရေအတွက်ကို လက်ခံဆောင်ရွက်ပေးရန် အခက်အခဲရှိလာ တော့မည်ဖြစ်၍ ပဲခူးမြို့အနီးရှိ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်အား အစွမ်းကုန် တည်ဆောက်ရန်လိုအပ်နေပြီဟု လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးတင်နိုင်ထွန်းက ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ် သည့် လေဆိပ်များ ပုဂ္ဂလိက အခန်းကဏ္ဍပါဝင် ဆောင်ရွက် နိုင်ရေး ရှင်းလင်းပွဲ တွင် ပြောကြားသည်။

စပိန်နိုင်ငံ၌ အဆိုးရွားဆုံး တောမီးလောင် မှု ဖြစ်ပွား

စပိန်နိုင်ငံ အရှေ့ပိုင်းရှိ စပိန်၏ တတိယ အကြီးဆုံးဖြစ်သော ဗလင်စီယာမြို့ အနီး တွင် စပိန်နိုင်ငံ၏ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးရွား ဆုံး တောမီးလောင် မှုကြီး ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀၀၀ ကျောကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။စပိန်အရှေ့ ကမ်းရိုးတန်းရှိ ဗလင်စီယာမြို့ အနောက်ဘက် ၁၈ မိုင်ခန့် အကွာတွင် တောအုပ်ကြီးနှစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၂၀၀,၀၀၀ ဟက်တာနှင့် ၄၅,၀၀၀ ဟက်တာ အသီးသီး မီးလောင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ရဟတ်ယာဉ်များကို အသုံးပြုလျက် မီးကို ငြှိမ်းသတ်နေဆဲ ဖြစ်ကြောင်း သိရသည်။
pmyanmar

လမ်းမတော် မြို့နယ်မှ မီးရှို့ လူသတ်မှု ၄၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးခဲ့

မေလ ၃၀ ရက်နေ့က လမ်းမတော် မြို့နယ် ၇ လမ်း အမှတ် ၇၆ ဒုတိယထပ်မှာ မိန်းကလေး တစ်ဦးအား မီးရှို့ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မိန်းကလေးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ တရားခံအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၄၄ နာရီ အတွင်းမှာ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို တရားခံကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ တရားခံ ကိုမျိုး(ခ) မျိုးလွင်ကို ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

စာချုပ်သစ် အတွက် ဆွေးနွေး မှုများ ပြုလုပ်နေသည့် ဆေးလ်ဗား

ဒေးဗစ်ဆေးလ်ဗားမှ သူ၏ အေးဂျင့် ဖြစ်သူနှင့် မန်စီးတီး အသင်းတို့သည် စာချုပ် သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ အသက် (၂၆) နှစ် အရွယ်ရှိ ဆေးလ်ဗားသည် (၂၀၁၀)ခုနှစ်တွင် ဗလင်စီယာ အသင်းမှ မန်စီးတီး အသင်းသို့ ပေါင် (၂၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ရှေးဟောင်းစစ်သည် တော်ရုပ်တုများ တူးဖော်တွေ့ရှိ

တရုတ်နိုင်ငံ “စီအန်” ပြည်နယ်တွင် ရာစုနှစ် ပေါင်းများစွာ မြေအောက်၌ ရောက်ရှိ နေသော စစ်သည်တော် ရုပ်တု (၁၁၀)ကို ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် တွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံးဧကရာဇ် ဘုရင်ကြီး Qin Shinuangdi ရဲ့ သင်္ချိုင်းဂူကို စောင့်ရှောက်ဖို့ ရည်ရွယ်ပြီး စစ်သည်တော် ရွံ့ရုပ်ပေါင်း(၇၀၀၀)ကျော်ကို BC(၂၁၀)မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်ဧကရာဇ်ရဲ့ အဆိုပါဂူသင်္ချိုင်းကို တည်ဆောက်ဖို့အတွက် လက်မှုပညာသည်နဲ့ အလုပ်သမားပေါင်း(၇၀၀၀၀)ခန့်က (၃၆)နှစ်ကြာ အချိန်ယူပြီး တည်ဆောက်ခဲ့ရတယ်လို့ ခန့်မှန်းပါတယ်။
angle kids

Thursday, July 5, 2012

တောင်ကိုရီးယားက ဂျပန်နှင့် စစ်ရေး လေ့ကျင့် သွားမည်

ဒုတိယ ကမ္ဘာစစ်က ကိုလိုနီ အမွေဆိုးကြောင့် ရန်သူတွေ ဖြစ်ခဲ့ တဲ့ တောင်ကို ရီးယားနဲ့ ဂျပန်ဟာ ဇွန်လ ၂၉ ရက်မှာ ပူးတွဲစစ်ရေး လေ့ကျင့်ကြဖို့ သဘောတူ စာချုပ်ကို ပထမဆုံးအကြိမ် ချုပ်ဆိုလိုက်ကြပါပြီ။ မဟာအင်အာကြီး နိုင်ငံတွေက ဒီလိုပဋိညာဉ်မျိုးကို လက်မှတ်ရေးထိုးလိုက်ရတဲ့ အဓိက အကြောင်း အရင်းကတော့ တောင်ကိုရီးယား အနေနဲ့ ရန်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားရန်က ကာကွယ်ချင်တာကြောင့် ရယ်၊ ဂျပန်အနေနဲ့လည်း ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ရဲ့ စစ်အင်အား ကြီးထွားလာမှုကို ရင်ဆိုင်နိုင်ဖို့ပါ။

အရက်မူးနေသည့် ယာဉ်မောင်းက အမျိုးသမီး ၏ မျက်နှာကို ကိုက်ဖြတ် စားသောက်

မေလ အတွင်းက အမေရိကန်ပြည်ထောင်စု မီယာမီတွင် ရူဒီယူဂျင်း ဆိုသူက အိမ်ခြေ ရာခြေမဲ့ လူတစ်ဦးကို တိုက်ခိုက်ကာ မျက်နှာအား ကိုက်ဖြတ် စားသောက် ခဲ့မှုသည် တရုတ်နိုင်ငံသို့တိုင် ပျံ့နှံ့လာခဲ့ကြောင်း DM သတင်းဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံတွင် အရက်မူးနေသော ဘတ်စ်ကား ဒရိုင်ဘာ တစ်ဦးသည် အမျိုးသမီးတစ်ဦးကို ရုတ်တရက် တိုက်ခိုက်ကာ မျက်နှာအား ကုတ်ဖဲ့စားသောက်ခဲ့မှုအား ကင်မရာမှ ရိုက်ကူးရရှိခဲ့သည်။

Wednesday, July 4, 2012

ကွန်နက်ရှင် နှေးကွေးလွန်းသည့်အတွက် အင်တာနက်ဆိုင်များ သမ္မတထံ စာတင်

မြန်မာ နိုင်ငံတွင် အင်တာနက် ဆက်သွယ်မှု လိုင်းများ (Connection) နှေးကွေး လွန်းသည့် အတွက် အင်တာ နက်ဝန် ဆောင်မှုပေးသည့် PAC(public Access Center)ဆိုင်များစုစည်းကာ ဇွန်လ ၂၉ရက် နေ့တွင် နိုင်ငံတော် သမ္မတထံသို့ လိပ်မူကာ စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ အင်တာနက်ဆိုင် စတင်ဖွင့် လှစ်ရန်အတွက် ကနဦး တပ်ဆင်ခ အဖြစ် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိ ကုန်ကျပြီး လစဉ်ကြေး အနည်းဆုံး လိုင်းတစ်လိုင်း လျှင် ကျပ်တစ်သိန်း ခန့်ပေးချေနေရသည်။မြန် မာနိုင်ငံတွင် အင်တာနက်စနစ် အသုံးပြုရန်အတွက် Myanmar Teleport?Yatanarpon Teleport ၊ Redlink၊ ရွှေသံလွင်၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချပေး သော ADSL ၊WiMax ၊ FTTX စသည့်လိုင်းများဖြင့် အသုံးပြုခြင်း ဖြစ်သည်။ “ဆိုင်တစ်ဆိုင် ရပ်တည်ဖို့ လိုင်းတစ်လိုင်းတည်းယူပြီး လုပ်လို့မရဘူး။ ကောင်းတဲ့လိုင်းကကောင်း ချင်တဲ့အချိန် ကောင်းတာ၊ တစ်လိုင်း မကောင်းရင် နောက် တစ်လိုင်းနဲ့ပြောင်းသုံးရတာ။ အဲဒီ တော့အမြန်နှုန်းအလိုက် တစ်လ ကို လစဉ်ကြေးက နှစ်သိန်းကနေ သုံးသိန်းလောက် ပေးရတယ်။ နှစ် စဉ်ကြေးက ငါးသောင်းကျော်နဲ့ PAC လိုင်စင်ကြေး တစ်လ ငါး သောင်းပါ ပေးရတယ်”ဟု အင် တာနက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦး က ပြောသည်။

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews