Wednesday, July 25, 2012

Samsung galaxy mini 2.3.6 သမားများအတွက် Root လုပ်နည်း

Samsung galaxy mini 2.3.6 သမားများအတွက်  Root လုပ်နည်းလေးပါ .. Android ဖုန်းတော်တော် များများ မှာ အောက်ပါ နည်းလေးက အသုံးပြုလို့ရပါတယ်.. မော်ဒယ် အရမ်းမြင့်တဲ့ ဖုန်းတွေမှာ ဒီနည်းအတိုင်း Root လုပ်လို့မရပါဘူး USB ကြိုးနဲ့ တိုက်ရိုက်ချိတ်ပြီးမှ လုပ်ရတာပါ. Samsung galaxy mini 2.3.6 ဆိုရင်တော့
လုပ်ရတာ မခတ်ပါဘူး .. အဆင့်လိုက်လုပ်သွား ရုံပါပဲ.. ထုံးစံအတိုင်း ဆိုင်မှာ သွားလုပ်ရင် တော့ ၁၀၀၀၀ ကျပ်တော့ ကုန်သွားလိုက်မယ် ကိုယ်တိုင်ပဲ လုပ်လိုက်ပါ အဆင်ပြေသွားပါလိုက်မယ် Root လုပ်တယ်ဆို တာကတော့ အရိုးရှင်းဆုံးပြောရရင် SuperUser  လုပ်လိုက်တာပါပဲ.. 2.3.7 အောက် အကုန်ရပါတယ်..
လုပ်ချင်တယ်ဆိုရင်တော့


အဆင့်(၁)
ပထမဆုံး Root လုပ်ဖို့အတွက်.zip  ဖိုင်လေးကိုDownload အရင်လုပ်လိုက်ပါ။

အဆင့်(၂)
မိမိဖုန်းကို ကွန်ပျူတာ နဲ့ ဆက်သွယ်လိုက်ပါ။ USB ကြိုးနဲ့လည်းအဆင်ပြေပါတယ်။
ပြီးတာနဲ့ အပေါ်ကဒေါင်းထားတဲ့ zip ဖိုင်လေးကို ဖုန်းရဲ့ SD ကဒ်ထဲမှာ သိမ်းလိုက်ပါ။ ဖိုင် နာမည်ကို Root လို့ပေးထားလိုက်ပါ။

အဆင့်(၃)
ပြီးတာနဲ့ ဖုန်းကို ပိတ်လိုက်ပါ။
ပိတ်ပြီးတော့ ပြန်ဖွင့်ပါ - ပြန်ဖွင့်မယ်ဆိုရင်အောက်ပါအတိုင်း Song up button + Home (ok) button + Power botton ကို သုံးခုလုံး တွဲပြီး
နှိပ်ထားလိုက်ပါ။


အဆင့်(၄)
အောက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် .
apply update from sdcard ဆိုတဲ့ စာကြောင်းလေးကိုရွေးပေးလိုက်ပါ။
အဲလိုအပေါ်အောက် သွားမယ်ဆိုရင် Song button လေးနဲ့သွားပါ ။


အဆင့်(၅)
ရွေးပြီးသွားတာနဲ့ ဖုန်း SD ကဒ်ထဲကိုရောက်သွားမှာပါ.
ကျနော်ပြောခဲ့တဲ့ Root ဖိုင်လေးကိုသွားပါ။
ပြီးတာနဲ့ ခုန zip ဖိုင်လေးကို ရွေးပြီး Home (ok) button ပေါ့ဗျာ..
ဖုန်းကသူ့မှသူ ဆက်လုပ်သွားပါလိုက်မယ်.. အားလုံးပြီးသွားပြီဆိုရင် reboot system now ဆိုတဲ့ စာကြောင်းလေးကို song button လေးနဲ့ ပြန်ရွေးပြီး Home (ok) button ပေါ့ ..

အဆင့် (၆)
ဖုန်း ပြန်ပွင့်လာရင် အောက်ပါ SuperSu ဆိုတဲ့ shortcut လေးပေါ်လာပါလိမ့်မယ်  အတိုင်းလေး ပေါ်လာ ပါလိမ့်မယ်..

အဲကောင်လေးထဲဝင်ပြီး Enable Superuser လေးကို အမှန် ခြစ်ပေးထားလိုက်ပါ.. ဒါဆိုရင်တော့ ဒီဖုန်းရဲ့ တရားဝင် superuser ဖြစ်သွားပါပြီ။



Rootvalidate ဆိုတဲ့ shortcut လေးပါပေါ်တယ်ဆို ၀င်ပြီး Update တောင်းရင်ပေးလိုက်ပါ..
အားလုံးအဆင်ပြေကြပါစေ.....

(သိလို့တက်လို့မဟုတ်ပါ သိထားတာလေး ပြန်ရှယ်ခြင်းသာ ဖြစ်ပါသည်)





5 comments:

Aung thu said...

root load hter tar pyan pyi pyote loh ya lar ako?
thi yin pyaw pya pay par ohm

tawwtharlay said...

ya par tal .. nout mha post tin pay lite par mal :)

Unknown said...

အကို ရေ အကိုပြောတဲ့ အတိုင်းလုပ်တာပဲ အဆင်မပြေဘူးဖြစ်နေတယ် root ဖိုင်က ကတ်ထည်းမထည့်ခင် ပြန်ပြောင်းပေးရသေးတာလား . အဆင့်6 ထိရောက်ပါတယ် ဒါပေမဲ့ Root checker နဲ့  စစ်ကြည်တော. root လုပ်တာမအောင်ဘူးဖြစ်နေတယ် super user လည်မပေါ်ဘူးဖြစ်နေတယ် ပြောပြပေးပါအုံးနော်

Unknown said...

အကိုရ super user ကမပေါ်ဘူးဖြစ်နေတယ် ဘာဖြစ်လို.လဲ မသီဘူး ပြောပြပါနော် အဆင့်5ထီရောက်ပါတယ်

Unknown said...

ကျနော် လုပ်ထားတာတော့ အဆင်ပြေပါတယ် ၂ လုံးလောက်စမ်းပြီးသားပါ ကိုလင်းဖုန်း ဘယ်လိုလည်းတော့ ကျနော် မသိတော့ ပြောရခတ်တယ် အကြံပေးချင်တာက ဒီနေရာလေး http://forum.xda-developers.com/showthread.php?t=1255305 မှာ သွားလုပ်ကြည့်လိုက်ပါ .. လုပ်နည်းတော့ မတူဘူး.. ကျနော်စမ်းဘူးတယ် အဆင်ပြေပါတယ် ကျနော့ ကွန်နက်ရှင်က အဆင်မပြေတော့ ဒေါင်းရတာအဆင်မပြေလို့ လင့်ပဲပေးလိုက်တာပါ

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews