Friday, July 20, 2012

Samsung Galaxy Series Android ဖုန်းတွေမှာ မြန်မာဖောင့်ထဲ့မယ်

Samsung Galaxy Series Android ဖုန်းတွေမှာ မြန်မာဖောင့်ထဲ့ ချင်သူများအတွက် ဖြစ်ပါတယ်။ မသိလို့ ဆိုင်မှာ သွားလုပ်ရင် ၅၀၀၀ လောက်ပေးရတယ်။ မယုံမရှိနဲ့ ကိုယ်တိုင် ကြုံခဲ့တာပါ။ ကိုယ်တိုင်ဆိုပေမဲ့ သူငယ်ချင်း နဲ့လိုက်သွားရင် မြန်မာဖောင့်လေးဝင်ထဲ့မယ်ဆိုတာနဲ့ ထည့်လိုက်တာ ကျွတ်သွားတယ် ၅၀၀၀ ။ ပြောနေတာကြာပါတယ် စလိုက်ရအောင်။ လွယ်လွယ်လေးပါ မသိတဲ့ ညီအစ်ကိုမောင်နှမများအတွက်ပါ။


1)
ဒီမှာပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလိုက်ပါ. rar ဖိုင်လေးဖြစ်ပါတယ်. ဒေါင်းပြီး ဖိုင်ဖြေလိုက်ပါ.
အောက်ပါ ဖိုင်သုံးခုပါမှာဖြစ်ပါတယ်..
              ၁။iTextmm2
              ၂။Zawgyi_One.apk
               ၃။zawgyipad.apk

2)  ပြီးတာနဲ့ အဲဖိုင် ၃ ခုလုံးကို မိမိဖုန်းရဲ့ SD ကဒ်ထဲမှာ သိမ်းလိုက်ပါ.
3)   ဖိုင် ၃  ခုလုံးကို Run လိုက်ပါ.
နံပါတ် ၃ ဖိုင်ကိုမ Run လည်းရပါတယ်. Keyboard Change ရလွယ်ကူချင်တယ်ဆို  Run လိုက်ပါ.

4)   Run လို့အားလုံးပြီးပြီဆိုရင် Setting ထဲသွားပါ >> setting > Locale & text ကိုသွားပါ.
       အဲမှာ iTextmm2 keyboard ဆိုတာလေးကို အမှန်ခြစ်ပေးလိုက်ပါ.
မြန်မာလိုစာရိုက်ချင်တယ်ဆိုရင်တော့ Select input method ကို သွားပြီး iTextmm2 keyboard ကို ရွေးပေးလိုက်ပါ.. အားလုံးအဆင်ပြေသွားပါပြီ.

5)မြန်မာဖောင့်မသုံးချင်လို မူလ Keyboard ပဲ ပြန်သုံးချင်တယ်ဆိုရင် တော့ ခုနလိုပဲ Select input method  ကိုသွားပြီး Samsung keyboard လေးကိုရွေးလိုက်ပါ.

(နံပါတ် ၃။ zawgyipad.apk  ကတော့ Run ပြီးတာနဲ့ ဖုန်း  Screen မှာ zawgyipad ဖိုင်လေးပေါ်မှာ ဖြစ်ပါတယ်.
အဲဖိုင်လေးကို သွားလိုက်ရင် Testing MyanDroid Soft Keyboard box လေးပေါ်လာမှာ ဖြစ်ပါတယ်.

Box လေးပေါ်မှာ ခဏဖိထားလိုက်ရင် Edit text လေးပေါ်လာပါလိမ့်မယ်. Input method ကိုသွား ပြီး.. iTextmm2 keyboard ကိုရွေးလိုက်ရင်လည်း မြန်မာလိုရိုက်လို့ရပါပြီ.. ဖုန်း keyboard ပဲပြန် သုံးချင်တယ် ဆိုရင်တော့ samsung keyboard လေးကို ပြန်ရွေး ပေးလိုက်ပါ.. အားလုံးပဲအဆင်ပြေကြပါစေ..
(သိသလောက်လေး ပြန်ရှယ်ထားခြင်းသာ ဖြစ်ပါသည်)

2 comments:

Anonymous said...

ဒါဆို root လုပ်စရာ မလိုတော့ဘူးလား?????
ဖုန်းထဲက dl လုပ်လို့မရဘူးဆိုရင်ရော ဘယ်လိုလုပ်ရမလဲ???

Unknown said...

root လုပ်စရာမလိုပါဘူး ဒီတိုင်းအသုံးပြုလို့ရပါတယ်..
ဖုန်းနဲ့ဒေါင်းမရရင် ကွန်ပျုတာနဲ့ ဒေါင်းလိုက်ပါ ပြီးမှ ဖုန်းထဲကူးလိုက်ပါ
အဆင်ပြေပါစေ
(root လုပ်ချင်ရင် ထက်တင်ထားပါတယ် အမျိုးအစားတူဖုန်းဆိုရင်)

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews