Saturday, July 21, 2012

Yankee ကွင်းသစ်ကြီးရဲ့ ပထမဆုံးဘောလုံးပွဲစဉ် (ချယ်လ်ဆီး-PSG)

ဒီတစ်ပတ် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ကစားမဲ့ ဥရောပလက်ရှိချန်ပီယံချယ်လ်ဆီး - PSG ပွဲစဉ်အတွက် ချယ်လ်ဆီးကတော့ ကစားကွက်အပြောင်း အလဲ ကစားသမားအပြောင်း အလဲတွေနဲ့ နယူးယောက်မှာ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ ယခင် ဘေ့စ်ဘောကွင်းကို ဘောလုံးကွင်း အဖြစ် ပြုပြင်ပြောင်းလဲထားတဲ့ Yan Kee ကွင်းသစ်ကြီးမှာ ပထမဆုံးဘောလုံးပွဲစဉ် အဖြစ် ချယ်လ်ဆီး-ပီ အက်စ်ဂျီ ပွဲကို ပထမဆုံးကစားစေမှာဖြစ်ပါတယ်။ ပီအက်ဂျီအသင်းနည်းပြ အန်ဆလော့တီ အနေနဲ့ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ပွဲဖြစ်တဲ့အတွက် အကြိတ် အနယ်ရှိတဲ့ ပွဲဖြစ်လာမှာ သေချာပါ တယ်။ ခြေစမ်းပွဲ ဆိုပေမဲ့ ၁၉၅၄ ခုနစ်နောက်ပိုင်း နယူးယောက်မှာ ပထမဆုံး ပြန်ကစားတဲ့ ချယ်လ်ဆီးအနေနဲ့ကတော့ ဥရောပချန်ပီယံ ဂုဏ်သိက္ခာကို ဘယ်လိုဆယ်မလည်းဆိုတာ စောင့်ကြည့် ရမဲ့ ပွဲကောင်းတစ်ခုဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ရာသီကြို ခြေစမ်းပွဲအဖြစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကစားတဲ့ ဆီးတဲလ် ဆောင်းဒါးအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ပွဲဦးထွက်အနိုင်ရရှိ ထားပါတယ်။ ရာသီသစ် ချန်ပီယံပြိုင်ပွဲအတွက် ငွေတွေပုံအောပြီး သုံးထားတဲ့ ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီအ
နေနဲ့ကတော့ ဒီင်္ပွဲကိုအလေးနက်ထား ယှဉ်ပြိုင်သွားလောက်ပါတယ်။ 

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews