Monday, July 2, 2012

အသစ်တူးဖော်ရရှိသော သဘာဝ ဓာတ်ငွေ့ သိုက်များကို ပြည်တွင်းအတွက် အသုံးပြု မည်ဟုဆို

ယခုနှစ် အတွင်း အသစ်တူးဖော် တွေ့ရှိသော သဘာဝ ဓာတ်ငွေ့များကို  ပြည်တွင်း၌အသုံးပြု မည် ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဇွန်လ ၂၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် လည်း အများပြည်သူ သိရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ “စမ်းသပ်တူးဖော် တွင်းတွေ ရှာဖွေ တူးဖော်နေတယ်။ ဒါပေမဲ့ ပမာဏ အတိုင်းအတာသိရဖို့၊ ရေရှည်အကျိုး စီးပွားဖြစ် ထွန်းနိုင်တဲ့ သဘာဝဓာတ်ငွေ့သိုက် ဟုတ်သလား၊ မဟုတ်သလား ဆန်းစစ်စရာတွေက များတော့ ခန့်မှန်း ၂၀၁၅ ခုနှစ် လောက်မှာတော့ တိတိ ကျကျ ပြောနိုင်ပါတယ်” ဟုအထက်ပါ ပုဂ္ဂိုလ် ကပြော ကြားသည်။သဘာဝဓာတ်ငွေ့သိုက်၏ ပမာဏ သိရှိနိုင်ရန် အကဲဖြတ်တွင်းများကို စမ်းသပ် တူးဖော်နေသောကြောင့် မည်မျှအသုံးပြုမည်ကို အတိအကျ မပြောနိုင်သေးသော်လည်း တူးဖော်ရရှိ လာသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ အသုံးပြုမည်မှာေ သချာကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။ ၁၉၉၇ မှ ၂၀၀၀ အတွင်း ပြည်ပသို့ ရောင်းချထားသော ဓာတ်ငွေ့စီ မံကိန်း လေးခုရှိပြီး ယင်းတို့မှာ ရတနာဓာတ်ငွေ့ စီမံကိန်း၊ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်း၊ ရွှေနှင့်မြ သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ဇောတိက သဘာဝ စီမံကိန်းတို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် မုတ္တမ သဘာဝဓာတ်ငွေ့မြေမှ M3 အောင်သင်္ခ သဘာဝဓာတ်ငွေ့သိုက်ကို ထိုင်းနိုင်ငံ PTTEP မှ တူးဖော်တွေ့ရှိခဲ့သည်။
7 day

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews