Sunday, July 1, 2012

မန်စီးတီးကို ဘာလော့တယ်လီ စွန့်ခွာမည် မဟုတ်ဟု အေးဂျင့်ဖြစ်သူ အတည်ပြု

မန်စီးတီး အသင်းမှ  ဘာလော့တယ်လီ ထွက်ခွာရန် မဖြစ်နိုင်သေးကြောင်း  ၎င်း၏ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောဆိုခဲ့သည်။ အသက် (၂၁)နှစ် အရွယ်ရှိ တိုက်စစ်မှူးအား ခေါ်ယူချင်နေသည့် အသင်းများ ရှိနေသလို ဗန်ပါစီကို ခေါ်ယူလိုနေ သည့် မန်ချီနီ အတွက်လည်း ကစားသမားသစ် မခေါ်ယူမီ ရှိပြီးသားကစားသမား များကို ရောင်းချရ ဖွယ် ရှိနေခြင်းကြောင့် ဘာလော့တယ်လီ၏ အပြောင်း အရွှေ့နှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများ ရှိနေခဲသည်။ ဘာလော့တယ်လီမှာ မန်ချီနီ ရောင်းချမည့် ကစား သမားထဲတွင် ထိပ်ဆုံးမှ ပါဝင်နေသည်ဟု ပြော ဆိုနေကြ သော်လည်း ကစားသမား၏ အေးဂျင့်ဖြစ် သူရွိုင်အိုလာမှ သူ၏ ကစားသမားသည် မည်သည့် အသင်းကိုမှ ပြောင်းရွှေ့လိမ့်မည် မဟုတ်ကြောင်းငြင်း ဆိုခဲ့သည်။ “ပြီးခဲ့တဲ့ ကြာသပတေးနေ့တည်းက တရုတ်၊ ယူအက်စ်အေ၊ အာဖရိကနဲ့ အခြားသော နိုင်ငံတွေ ကျွန်တော်ဘယ်တုန်းကမှ မသိခဲ့တဲ့ နေရာတွေဆီက တောင်းဆိုမှုတွေ ရရှိခဲ့ပါတယ်။ မာရီယိုရဲ့ အဖြေကတော့ ရှင်းပါတယ် ကျွန်တော်တို့ အမြဲပြောခဲ့သလိုပါပဲ သူအင်္ဂလန်မှာ နောက်ထပ် (၃) (၄)နှစ် ဆက်နေချင်ပါတယ်”ဟု ရွိုင်အိုလာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews