Saturday, July 7, 2012

စာချုပ်သစ် အတွက် ဆွေးနွေး မှုများ ပြုလုပ်နေသည့် ဆေးလ်ဗား

ဒေးဗစ်ဆေးလ်ဗားမှ သူ၏ အေးဂျင့် ဖြစ်သူနှင့် မန်စီးတီး အသင်းတို့သည် စာချုပ် သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ အသက် (၂၆) နှစ် အရွယ်ရှိ ဆေးလ်ဗားသည် (၂၀၁၀)ခုနှစ်တွင် ဗလင်စီယာ အသင်းမှ မန်စီးတီး အသင်းသို့ ပေါင် (၂၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

ဆေးလ်ဗားသည် သူ၏ အကောင်းဆုံး ခြေစွမ်းများဖြင့် မန်စီးတီး အသင်းအား ပရီးမီးယားလိဂ် ဆုဖလား ရယူနိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည်။ ဆေးလ်ဗားနှင့် မန်စီးတီး အသင်းတို့ကြား ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ (၂)နှစ် ကျန်ရှိနေသေးသော်လည်း ရီးရဲလ် အသင်းမှ ခေါ်ယူရန် ကြိုးပမ်းလာခြင်းကြောင့် မန်စီးတီး အသင်းမှ ၎င်းအားဆက်လက် ထိန်းသိမ်းထားနိုင်ရန် အတွက် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်း ဖြစ်သည်။
“ကျွန်တော့်ရဲ့ အိမ်က စီးတီးမှာပဲ ရှိပါတယ် ဒီမှာပဲ ကျွန်တော် စိတ်ကျေနပ်မှု အပြည့်ရနေပါတယ်။ ကျွန်တော့်ရဲ့ ဦးတည်ရာက ရီးရဲလ် မဟုတ်ပါဘူး မန်စီးတီးပါ။ ခုချိန်မှ ကျွန်တော့်ရဲ့ အာလပ်ရက်ကို ရောက်နေပေမယ့် ကျွန်တော့်ရဲ့ အေးဂျင့်ဖြစ်သူကတော့ မန်စီးတီး အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပါပြီ။ သိပ်မကြာခင် အချိန်မှာပဲ အပြီးသတ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဆေးလ်ဗားမှ Daily Starသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။
the voice

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews