Monday, July 2, 2012

ဓမ္မစေတီခေါင်းလောင်း ကြီးကို စင်္ကာပူနိုင် SD Mark International LLP ကုမ္ပဏီ နှင့်ပေါင်း၍ ပြန်လည်ဆယ်ယူတော့မည်

ရေအောက်တွင် နှစ်ပေါင်း ၄၀၀ တိုင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်း ကြီးအား ယခုအခါပြန် လည်ဆယ် ယူတော့မည်ဖြစ်သည်။ ယခင်အစိုးရများလက်ထပ်တွင် ခေါင်းလောင်းကြီးအား ဆယ်ယူရန် အ ကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်။ သို့သော်ကြောင်းအမျိုးမျိုးကြောင့်  မဆယ်ယူနိုင်ဖြစ်ခဲ့ပေ။ ယခုအခါ စင်္ကပူနိုင်
SD Mark International LLP နှင့် ပူးပေါင်း၍ ပြန်လည်ဆယ်  ယူတော့မည် ဖြစ်ကြောင်းသိရ သည်။ ခေါင်းလောင်း ကြီးအား ဓမ္မစေတီမင်း လက်ထပ်တွင် ရွှေတိဂုံစေတီင်္တော်မြတ်ကြီး၌ တည်ထားပူဇော်ခဲ့သည်။ ပေါ်တူဂီလူမျိုး ငဇင်ကာမှအမြောက် သွန်းလုပ်ရန် ယူဆောင်သွားစဉ် ဒေါ ပုံမြစ်ဝတွင် နစ်မြုပ်ခဲ့သည်။
  
 ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ် အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကား မြည်မည်မဟုတ် ဟု မင်းကြီးအား လျှောက် ၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာ တို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံ မမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။
စာကိုလိုကောခေါင်းလောင်း သည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး  ဓမ္မစေတီခေါင်း လောင်း မှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေ သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း များအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာမှ ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။ သမိုင်းမှတ်တမ်းများအရ ခေါင်းလောင်းကြီး၏ အလေးချိန်မှာ ကြေးပိသာချိန် ၁၈၀၀၀၀ ခဲ့ခြင်း  ဖြစ်ပြီး တန်အားဖြင့် ၂၉၀ ရှိပါသည်။ ကမ္ဘာတွင်အကြီးဆုံးသတ်မှတ်ထားသော ရုရှားနိုင်ငံ မော်စကို မြို့မှ ခေါင်းလောင်းကြီးပင် တန်ပေါင်း ၁၂၈ တန်သာရှိပါသည်။ခေါင်းလောင်းကြီးဆယ်ယူရာ အခက်ခဲများ အလွန်ရှိပါသည်။ အလေးချိန်ကြီးမားခြင်း နှစ်ပေါင်းကြာအောင် ရေအောက်နစ်မြုပ်နေသောကြောင့် မပျက်မ ဆီးအောင် ဆယ် ယူနိုင်ရန်ကြောင့်ဖြစ်ပါသည်။ ခေါင်းလောင်းကြီးဆယ် ယူပြီးပါက ခေါင်းလောင်းကြီး အပြည့်ရေထိုးထားသော စာပေများ များကိုလေ့လာနိုင်ခြင်းဖြစ် မြန်မာတို့၏ရှေး ယခင်က ယဉ်ကျေးမှု၊ စာပေ ၊ အနုပညာ ၊ အလေ့ အထများကိုလေ့လာနိုင်မည်ဖြစ်သည်။ မြန်မာတို့အတွက်တန်ဖိုး မဖြတ်နိုင်သော သမိုင်းအမွေအနှစ်တစ်ခု လည်းဖြစ်ပါသည်။  တောသားလေး

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews