Friday, June 22, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာ ခုံရုံး Website လွှင့်တင်

ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာခုံရုံး၏ Website ဖြ စ်သော  www. myanmarconstitutionaltribunal.org.mm ကို ဇွန် ၂၁ ရက်တွင် စတင် ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ Website တွင် အဖွင့်စာမျက်နှာ၊ နောက်ခံသမိုင်း၊ သတင်းစုံ၊ အခြေခံဉပဒေ အကြောင်း သိကောင်းစရာ၊ ဉပဒေနှင့် ဆုံးဖြတ်ချက်များ၊ ညှိုနှိုင်းဆွေးနွေး၊ မှတ်တမ်းဓါတ်ပုံကဏ္ဍဍဟူ၍ ပါရှိပြီး အခြေခံဉပဒေအကြောင်း သိကောင်းစရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ (၂၀ဝ၈ ခုနှစ်) ၊ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ (၁၉၇၄ခုနှစ်) နှင့်ပြည်ထောင် မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေ (၁၉၄၇ ခုနှစ်) တို့ကိုလည်းကောင်း၊ ဉပဒေနှင့် ဆုံးဖြတ်ချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေ ဆိုင်ရာ ခုံရုံးဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့သော ကိစ္စရပ်များအတွက် ခုံရုံး၏ ဆုံးဖြတ်ချက် အပြည့်အစုံ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာ ခုံရုံး၏ ဖွဲ့စည်းပုံတို့ကို လည်းကောင်း ဖော်ပြထားသည်။ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေနှင့်သက်ဆိုင် သည့်ဆောင်းပါးများ၊ စာတမ်းများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာ ခုံရုံး၏ ဆောင်ရွက်ချက်များ၊ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews