Saturday, June 30, 2012

Phablets လား၊ Gaming Phone လား

စမတ်ဖုန်းကို Tablet ပုံစံမျိုးနဲ့ အသုံး ချဖို့ အခြေ အနေတွေ တော်တော် များ များ ပေးလာ တာကို တွေ့ကြရတယ်။ ဒီအတွက် စမတ်ဖုန်းဆိုတဲ့ အခေါ်အဝေါ်နဲ့ Tablet အခေါ်အဝေါ် နှစ်မျိုးကို ပေါင်း စပ်လိုက်ကြပြီး Phalets လို့ ခေါ်တွင်လာစေနိုင်တယ် လို့ကျွမ်းကျင်သူများက ပြောကြားလာတယ်။ တစ်ချိန်တည်းမှာပဲ စမတ်ဖုန်းနဲ့ ဂိမ်းကစားခွင့်ပေး လာတဲ့ အနေအထားကအိတ်ဆောင် ဂိမ်းစက်လေး
တွေနဲ့ ဈေးကွက်ကို ထိုးနှက်မှုတွေ ရှိလာတဲ့ အတွက် Gaming Phones လို့များ ခေါ်ဝေါ် သတ်မှတ် ကြလေမလားလို့ တွေးတော မှန်းဆစရာ အခြေ အနေများ ရှိလာခဲ့ပြန်တယ်။ Notebook တွေ၊ Tablet တွေနဲ့ လက်ကိုင်ဖုန်းတွေကို မိုဘိုင်းကိရိ ယာများလို့ သတ်မှတ် ပြောဆိုလေ့ရှိကြတယ်။ သွားလာလှုပ်ရှားရင်း သတင်းအချက်အလက်တွေကို ကြိုးမဲ့ ကွန်ရက်စနစ်နဲ့ အသုံးပြုခွင့်ရတဲ့အတွက် mobile information value chain ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေစေ တယ်။ Tablet နဲ့စမတ်ဖုန်းပုံစံ ဒီဇိုင်းများက Apple ရဲ့ iPad/ iPhone တို့ရဲ့ လမ်းကြောင်းကို ယှဉ်ပြိုင်ရင်းက လုပ်ကိုင်စွမ်းဆောင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖော်ယူကြတယ်။စမတ်ဖုန်းဆိုတာက Notebook / Netbook တွေလုပ်ဆောင်ပေးတဲ့ အရည်အချင်းတချို့ကို ကိုယ့်အခြေအနေ ကိုယ့်အနေအထားနဲ့ ထုတ်ပေးနိုင်စေဖို့ ကြိုးစားရင်းနဲ့ Tablet တစ်ခု လုပ်ကိုင်နိုင်သလောက် စွမ်းဆောင်ရည် နီးပါးရှိလာချိန်မှာ Phalets လို့ ခေါ်တွင် အသုံးပြုလာနိုင်မှာဖြစ်တယ်။
တကယ့်တကယ် ပြောကြစတမ်းဆိုရင် အငယ်ဆုံးအရွယ်အစား ရှိတဲ့ Tablet တစ်ခုရဲ့ Screen အရွယ်အစားက ၇ လက်မ ရှိနေတဲ့အတွက် စမတ်ဖုန်းတွေထက် ကြည့်ရှုလုပ်ကိုင်ရတဲ့ အနေအထား ပိုကောင်းတယ်။ ဒါပေမဲ့လည်း ဒီနေ့လက်ငင်းအခြေအနေမှာ ထိပ်တန်းစာရင်းဝင် စမတ်ဖုန်းတွေရဲ့ screen အရွယ်အစားတွေက ၄ လက်မလောက် ရှိလာကြတယ်။ တပ်ဆင်ပါရှိလာတဲ့ ကင်မရာ အရည်အသွေးတွေ ကလည်း မြင့်မြင့်မားမား ရှိလာပြန်တယ်။

ဒါ့အပြင် စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ processor/memory/stroge components/operating system တွေရဲ့ အရည်အချင်းတွေကလည်း ပိုမို မြင့်မားလာနေတယ်။ Phablets ဆိုတဲ့ ဝေါဟာရကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီက ထွက်ပေါ်လာခဲ့တဲ့ Galaxy Note က စတင်ခဲ့တယ်လို့လည်း ပြောနိုင်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာ ဆန်းသစ်မှုနဲ့ ပတ်သက်ပြီး အတော်ပေါ်ပြူလာ ဖြစ်သွားခဲ့တာ ၄ လအတွင်း ၅ သန်းကျော်အထိ အရောင်းသွက်ခဲ့တယ်။ အဲဒီနောက် LG Optimus V ကလည်း ထွက်ပေါ်လာပြန်တယ်။ ယေဘုယျသဘော အရ smart phone-tablet hybrid လို့ ခေါ်ဆိုလိုက်ကြတယ်။ ဒီလမ်းကြောင်းပေါ်ကို HTC နဲ့ Huawei တို့လည်း လိုက်ပါလာကြပြန်တယ်။ လောလောဆယ် မြင်တွေ့နေကြရတဲ့ အနေအထားအရ မိုဘိုင်းလောကကို Apple ရဲ့ products တွေက ဦးဆောင်နေတဲ့ ပုံသဏ္ဌာန်မျိုး ရှိတယ်။ အကြောင်းအချက် တော်တော်များများအတွက် မှန်ကန်မှု ရှိပေမယ့် တချို့အင်္ဂါရပ်နဲ့ ဆန်းသစ်မှုတွေမှာ Apple ရဲ့ Devices တွေက ပြန်လိုက်ပေးရတဲ့ အခြေအနေမျိုးလည်း ရှိနေပြန်ပါတယ်။ ဒီအတွက် အဆင့်မြင့် မိုဘိုင်းကိရိယာတွေမှာ နှိုင်းယှဉ်ပြီးဝေ ဖန်ပြောဆိုနိုင်တဲ့ အလေ့အကျင့်တွေ ဖြစ်လာတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ WWDC 2012 အရ Apple ကနေ နောက်ထပ် ထုတ်လုပ် ရောင်းချမယ့် iPhone / iPadသစ်တွေအတွက် iOS 6 နဲ့ တွဲဖက် ပါဝင်လာလိမ့်မယ်လို့ ခင်းပြသွားတာ တွေ့ရတယ်။ iOS 6 က မူလပထမ iPad နဲ့တော့ အသုံးချနိုင်မယ် မဟုတ်ပေ။ ဒါပေမဲ့ မကြာသေးခင်က ထွက်ထားတဲ့ iPad နဲ့ iPhone 4S ကိုတော့ လိုက်လျောညီထွေ အသုံးချနိုင်မယ်လို့ ဆိုတယ်။ iPhone 4S မှာ Siri ဆိုတဲ့ digital assistant ကို စတင် မိတ်ဆက်ပေးခဲ့တယ်။ iOS 6 မှာတော့ Siri ရဲ့ အရည်အချင်းတွေ ပိုပြည့်စုံစေလိမ့်မယ်လို့လည်း သိရတယ်။ အထူးသဖြင့် ဘာသာစကား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်တယ်။

Siri နဲ့ ပတ်သက်ပြီး ညွှန်းဆိုလာချက်ကတော့ လတ်တလော သိလိုတဲ့သတင်းကို စုံစမ်းကြည့်လို့ရစေဖို့ အစီအမံ လုပ်ထားတယ်လို့ သိရတယ်။ Facebook integration တွေလည်း ပါဝင်လာတယ်။ Apple ရဲ့ မူပိုင် maps app လည်း ပါဝင်လာတယ်။ Map app ဆိုရင် Google Maps ထက် ပိုပြီး အဆင်ပြေစေမယ်လို့ ညွှန်းဆို ပြောကြားထားတယ်။ 3D ဓာတ်ပုံတွေနဲ့ တွေ့မြင်ကြရမှာ ဖြစ်တယ်။ Bird's eye views နဲ့ ကြည့်လို့ရမှာ ဖြစ်တဲ့အတွက် မကျွမ်းကျင်တဲ့ အရပ်ဒေသကို အသေအချာ အသေးစိတ် လေ့လာခွင့် ရနိုင်သွားစေတယ်။ Safari Browsers အနေအထားကို ကြည့်မယ်ဆိုရင်လည်း iOS 5 မှာ ထက် Features တွေ တိုးချဲ့ပေးထားတယ်။ အထူးသဖြင့် Smart app bannere ဆိုရင် အလွန် စိတ်ဝင်စားစရာ ကောင်းတယ်။ photo streams app နဲ့ mail app တွေကလည်း အသုံးပြုသူတွေကို နှစ်ခြိုက်အားရစေတယ်။

iOS 6 နဲ့ တွဲဖက်လာမယ့် Apple ရဲ့ iPhone 5 / iPad 3 တို့အတွက် အသေအချာ ထူးခြားမှုတွေရှိနေတာကို တစ်ခုနဲ့တစ်ခု ပေါင်းကူးသုံးစွဲနိုင်မယ့် အခွင့်အလမ်းတွေ ရှိသွားစေမှာ ဖြစ်တယ်။ နောက်ထပ် ရရှိလာတဲ့ ကောလာဟလ သတင်းတစ်ခုက ၇ လက်မ အရွယ်အစားရှိတဲ့ Screen နဲ့ iPad သစ် ထွက်လာမယ်လို့ သိရပြန်တယ်။ ဒီအတွက် Apple ကိုယ်တိုင် Smart phone - tablet hybrid ဆီကို ချီတက်လာနေတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။မိုဘိုင်း ဖုန်းထုတ်လုပ်သူတွေ တော်တော် များများက iPad (7 inch) နဲ့ Galaxy Note တို့ရဲ့ လှုပ်ရှားမှုကို လေ့လာပြီး phablets ဒါမှမဟုတ် Hybrid တွေ ဒီနှစ်ပိုင်းအတွင်း အပြိုင်အဆိုင် ထုတ်လုပ်လာဖွယ် ရှိတယ်။ နောက်တစ်ချက်က အလွန်အရည် အသွေးကောင်းတဲ့ display ကို အကြောင်းပြုပြီး ဂိမ်းကစားဖို့ ပိုပြီး အဆင်ပြေလာတာ တွေ့ရတယ်။ ဒါ့အပြင် မိုဘိုင်းကိရိယာတွေအတွက် အသုံးပြုခွင့်ရှိတဲ့ processor တွေရဲ့ ပါဝါစွမ်းအင်တွေက မြင့်တက်လာတယ်။

ဒီအတွက် Tablet တွေကို စီးပွားရေးလုပ်ငန်းကို သွားသွားလာလာ လှုပ်ရှားလုပ်ကိုင်သူတွေအတွက် 50% နဲ့ တစ်ကိုယ်ရေဖျော်ဖြေရေး ကိစ္စအတွက် 50% အသုံးပြုတဲ့ ကိရိယာ ဖြစ်နေတော့တယ်။ တစ်ချိန်တည်းမှာပဲ စမတ်ဖုန်းရဲ့ screen အရွယ်အစားနဲ့ မောင်းနှင်ပေးတဲ့ processor နဲ့ သိုမှီးနိုင်မယ့်ပမာဏတွေကိုမြှင့် တင်လုပ်ဆောင်ရင်း ဂိမ်းစက်ပုံစံအတိုင်း ကစားခွင့်ရစေဖို့ ဖန်တီးကြပြန်တယ်။ မကြာသေးတော့ တဲ့ နှစ်ပိုင်းအတွင်း စမတ်ဖုန်းတွေနဲ့ Tablet တွေရဲ့ ဆုံမှတ်တစ်ခု ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်။ ဒီအချိန်မှာ Phablet လို့ပဲ ခေါ်ဆိုကြမလား၊ ဒါမှမဟုတ် Gaming phone လို့ပဲသတ်မှတ်ကြမလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း တင်ပြပေးလိုက်ရပါတယ်။ ဆောင်းပါးရှင် - အိုင်တီမိတ်

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews