Tuesday, June 19, 2012

ဒွန်ဘန်ချောင်းကူးတံတားအား KIA မှမိုင်းထောင်ဖောက်ခွဲ


From : ကချင်ပြည်သူတစ်ဦး


ဝိုင်းမော်ချီဖွေကားလမ်းမှရှိတဲ့ဒွန်ဘန်ချောင်းကူးတံတားကိုမနေ့မနက်၂နာရီခွဲ လောက်တုန်းကKIAမှလာရောက်
မိုင်းခွဲခဲ့သဖြင့်ကြမ်းခင်းမှာ၅ပေပတ်လည်ပျက်စီးသွားခဲ့ပါတယ်။တံတားမိုင်းပေါက်ကွဲသံကိုနယ်ခြားစောင့်အဖွဲ့မှ ကြားပြီးလိုက်လံပစ်ခတ်ခဲ့တဲ့အတွက်တံတားကိုလာရောက်မိုင်းဖောက်ခွဲတဲ့KIAအဖွဲ့မှသူတွေကထွက်ပြေးခဲ့တယ်
လို့သိရပါတယ်။KIAအဖွဲ့ဟာကချင်ပြည်နယ်အတွင်းမှာရှိတဲ့အဓိကလမ်းကြောင်းတွေမှာရှိတဲ့တံတားတွေကို
ဖောက်ခွဲမှုတွေပြုလုပ်နေတာဟာ အ ခုဆိုရင် တံတားပေါင်း ၂၀၀ ကျော်နေပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုဖောက် ခွဲခဲ့တဲ့အတွက်ဒေသခံတွေရဲ့စားဝတ်နေရေးကိုလုံးဝအခက်အခဲ တွေကိုဖြစ်ပေါ်မှုတွေဖြစ်စေတဲ့အ ပြင်ဒုက္ခ
 တွေကိုဖြစ်ပေါ်စေပါတယ်။လမ်းကြောင်းတွေကိုပိတ်ပင်မှုတွေဖျက်ဆီးမှုတွေကြောင့် ဒေသအတွင်းမှာကုန်
စည်စီးဆင်းမှုမရှိသလောက် ဖြစ်ခဲ့ပြီးကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ဒေသခံတွေဒုက္ခရောက်နေကြရတယို့ ၀ိုင်းမော်မြို့မှ ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews