Sunday, June 17, 2012

ရခိုင်ပြည်နယ်ဖြစ်စဉ်မှတ်တမ်း


 ဇွန်(၁ဝ) ၂ဝ၁၂
ရမ်းဗြဲ
ဇွန်လ ၁ဝ ရက်နေ့ ၁၁းဝဝ နာရီ။ ရပ်ကွက်(၁)၊ မြို့နှင့် တောရွာများမှ ရခိုင်တိုင်းရင်းသား အင်အား (၁ဝဝ)မှ သာယာကုန်းဗလီအား ဖျက်ဆီး၊ ရဲ တပ်ဖွဲ့မှဝင်ရောက် တားဆီးထိန်းသိမ်း။

မောင်တော
ဇွန်လ ၁ဝ ရက်နေ့ ဝ၈း၅ဝ မှ ၁ဝး၅ဝ နာရီ။ ရပ်ကွက်(၂)၊ ပျံကျ ဈေး၊ အကြမ်းဖက်သူ အင်အား ၂ဝဝ ခန့် ဈေးဝယ် မည့်ဟန်ဖြင့် လူစု၊ ရဲတပ်ဖွဲ့ မှတား၊ တား၍မရ၊ ¤င်းတို့၏ ကလေးငယ်များအား ရှေ့တွင်ထား၍ တက်လာ၊ မိုးပေါ် ထောင်ပစ်၍မရ၊ ခြောက်လှန့် ပစ် ခတ်တားဆီးခဲ့ရ။

စစ်တွေ
ဇွန်လ ၁ဝ ရက်နေ့ ဝ၃းဝဝ နာရီ။ မင်းဂံရပ်ကွက်(၈/၉)- အကြမ်းဖက် သူအင်အား ၂ဝဝ ခန့်နှင့် ရခိုင်တိုင်း ရင်းသား ၂ဝဝ ခန့် ရင်ဆိုင်၊ ရဲများရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ၊ (ရခိုင်အိမ်(၁) လုံးနှင့် ဘင်္ဂါလီအိမ်(၁)လုံး မီးလောင်)။
ဇွန်လ ၁ဝ ရက်နေ့ ဝ၅းဝဝ နာရီ။ မင်းဂံရပ်ကွက်၊ မိုးလုံလေလုံ အား ကစားရုံအား ၂ဝဝ ခန့်မှ မီးရှို့ရန် ရောက်ရှိလာ၊ ရဲများရောက်ရှိ၊ မိုး ပေါ်ထောင်ပစ်၊ လူစုကွဲ။
ဇွန်လ ၁ဝ ရက်နေ့ ဝ၈း၄၅ နာရီ။ ဘုမေရွာ/မင်းဂံရပ်ကွက်၊ နှစ်ရွာ စလုံးရှိ နေအိမ်များအား အပြန် အလှန် မီးရှို့၊ ရဲများရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (အိမ် ၅ လုံး မီးလောင်)
ဇွန်လ ၁ဝ ရက်နေ့ ဝ၉း၅ဝ နာရီ။ မင်းဂံရပ်ကွက်(၁၃)ရှိ ဘုန်းကြီး ကျောင်းအား အကြမ်းဖက်သမား ၁ဝ ဦးမှ မီးရှို့၊ ရဲများရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ဘုန်းကြီး ကျောင်း ၁ ကျောင်း မီးလောင်)
ဇွန်လ ၁ဝ ရက်နေ့ ၁ဝး၎ဝ နာရီ။ မင်းဂံရပ်ကွက်(၁၅)၌ အကြမ်းဖက် သမား၂ဝဝ/ ၃ဝဝ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ ခြောက်လှန့်ပစ်၊ လူစုကွဲ။ (ရခိုင် အိမ် ၁ လုံး မီးလောင်)
ဇွန်လ ၁ဝ ရက်နေ့ ၁ဝး၄၅ နာရီ။ စုမေလက်သမားရွာမှ အကြမ်းဖက် သမား ၃ဝဝ ဦးမှ ရခိုင်အိမ်(၃)လုံး ဖျက်ဆီး။ ရဲမှတား၊ မိုးပေါ်ထောင်ပစ်၊ ဘင်္ဂါလီ ၁၅ဝ ခန့် ကျန်ရှိ။
ဇွန်လ ၁ဝ ရက်နေ့ ၁၁း၃ဝ နာရီ။ ရွှေရောင်စုံ ဘုန်းကြီးကျောင်းသို့ ဘင်္ဂါလီ ၂ဝဝ ဦးမှ လာဝိုင်း၊ ရဲများမှ ရှင်းလင်းဆဲ။
ဇွန်လ ၁ဝ ရက်နေ့ ၁၁း၎ဝ နာရီ။ ဒူးဝါးမြောင်ရွာ၊ အကြမ်းဖက်သမား ၄ဝဝ ဦးနှင့် လူအင်အား ၁၅ဝ ဦး ထိပ်တိုက်တွေ့။
ဇွန်လ ၁ဝ ရက်နေ့ ၁၁း၎ဝ နာရီ။ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမှ ရခိုင် ၂ဝဝ ဦးစစ်တွေသို့ထွက်လာ၊ပုဏ္ဏား ကျွန်းတွင် တားထား။
ဇွန်လ ၁ဝ ရက်နေ့ ၁ဝး၅ဝ နာရီ။ စစ်တွေပြည်သူ့ဆေးရုံ၊ ရခိုင် ၄ ဦး (မစိုးရိမ်ရ)ဒဏ်ရာဖြင့် ရောက်ရှိလာ။
၁၅း၁၅ နာရီချိန်မှစ၍ စစ်တွေ လေယာဉ်ကွင်း၊ စစ်တွေရထားလမ်း (၂ဝ)မိုင် တောက်လျှောက်အား တပ်မတော်မှ တပ်ရင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိ။

ဇွန်လ(၁ဝ)ရက်နေ့ မွန်းလွဲပိုင်းက၊ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ဝယ် သံဃာတော်များ အပါအဝင် စုစုပေါင်း လူအင်အား ၂ဝဝဝ ကျော်ခန့်က၊ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များ ငြိမ်းချမ်းစေရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပြီးနောက် ကြာ သပတေးထောင့်တွင် ဝတ်ပြုဆုတောင်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့်ပတ်သက်၍ ဖြစ်စဉ်များမှာ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေမဲ့လုပ်ရပ်များ ဖြစ်သဖြင့် မိမိပါအဝင် ပါတီကပါ ဆန့်ကျင် ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေ ထွေအတွင်းရေးမှူး ဦးဌေးဦးက ဇွန်လ ၁ဝ ရက် မွန်းလွဲလေးနာရီ ခန့်က ပြောသည်။
”ရခိုင်ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံး ကြတာကို ဘယ်သူကမှမဖြစ်စေချင် ကြပါဘူး။ အခုဖြစ်နေတာတွေကို လည်း ကျွန်တော်တို့အားလုံးက ဆန့်ကျင်ပါတယ်”ဟု ဦးဌေးဦးက ပြောသည်။
အစိုးရအနေဖြင့် ဖြစ်ပေါ်နေ သောဖြစ်စဉ်များကို အချိန်နှင့် တစ်ပြေးညီ သတင်းများ ထုတ်ပြန် ပေးရန်လိုအပ်မည်ဟု တာဝန်ရှိသူ များအား တိုက်တွန်းထားကြောင်းကို လည်း သူက ထပ်လောင်းပြော ကြားသည်။
”အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေက ထပ်ဆင့်ဖြစ်နေတာတွေပါပဲ။ ဒါက လှုံ့ဆော်မှုတွေကြောင့်လည်း ဖြစ်နိုင် တယ်။ အမြန်ဆုံးထိန်းသိမ်းကြဖို့ လိုနေပါပြီ”ဟု ဦးဌေးဦးက ပြော သည်။
မောင်တောမြို့ရှိ ကူညီစောင့် ရှောက်ရေး စခန်းများအဖြစ် ဖွင့်လှစ်ထားသော အလိုတော်ပြည့် ကျောင်းတိုက်နှင့် ဇောတိက ပရဟိတကျောင်းတိုက်ရှိ ဒေသခံ ပြည် သူများအား ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် တာ ဝန်ရှိသူများမှ သွားရောက်၍ လိုအပ် သည်များကူညီအားပေးခဲ့ကြသည်။
မောင်တောမြို့ရှိ ဒေသခံပြည် သူများအား နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးမည့် ပစ္စည်းများကို တပ် မတော် ရဟတ်ယာဉ်များဖြင့် ဆက် တိုက် ပေးပို့လျက်ရှိကြောင်း သိရ သည်။
ကျောက်ဖြူ အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည့် ရခိုင်ပြည် နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်း ကျင့်/ သတ်ဖြတ်/ လုယက်သူ တရားခံ(၃)ဦးအနက်မှ တရားခံ ရှောင်ရှုး(ခ) ထက်ထက်(ခ) ဖြိုးဇေ ယျာကျော်သည် ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ၄င်းဝတ်ဆင်ထားသည့် ပုဆိုးအား ဆုတ်ဖြဲပြီး ကြိုးအဖြစ်အသုံးပြုကာ အမြင့်(၈) ပေခန့်ရှိ လေဝင်ပြတင်းပေါက်သံတိုင်တွင် ချည်နှောင်၍ အိမ်သာအိုးပေါ်မှ ခုန်ချကာ ကြိုးဆွဲချသေကြောင်း ကြံစည်ခဲ့သည်။
ယင်းဖြစ်စဉ်အား တိုက်ခန်း တာဝန်ကျ အကျဉ်းထောင်တပ် သားမှတွေ့မြင်၍ အကူအညီ တောင်းခံရာ တာဝန်ရှိသူများ ချက် ချင်းရောက်ရှိပြီး ရှေးဦးသူနာပြုစု နည်းဖြင့် ဝိုင်းဝန်းပြုစုသော်လည်း သတိပြန်လည်လာခြင်းမရှိဘဲ သေ ဆုံးခဲ့ကြောင်း၊ ¤င်းသေဆုံးမှုအား အကျဉ်းထောင်ဆရာဝန်မှ အတည် ပြုပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာသို့ ပြည်နယ်ထောင်အုပ်စုညွှန်ကြားရေးမှူး၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်ဆရာဝန် ကြီးနှင့် ခရိုင်လဝကမှူးတို့ပါဝင်သည့် အဖွဲ့မှ လာရောက်စစ်ဆေးကြည့်ရှု ပြီး ဓာတ်ပုံမှတ်တမ်းများရယူကာ ကျောက်ဖြူရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၆/၂ဝ၁၂)ဖြင့် အမှု ဖွင့်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေ သော အခြေအနေများနှင့် ပတ် သက်၍ လွန်ကဲသောရေးသား ဖော် ပြချက်များကို တွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားစေသည့် ရေးသားဖော်ပြမှု များ ဆက်လက်ပြုလုပ်ပါက တည် ဆဲဥပဒေများအရ အရေးယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြော သည်။
ယနေ့ ဇွန်လ ၁ဝ ရက်နေ့ ည ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူ တွေ့ဆုံကာ ထိုသို့သတိပေး ပြော ကြား ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံး မှာ နိုင်ငံ တော် အေးချမ်းသာယာရေးပင်ဖြစ် ကြောင်းပြောကြားခဲ့သည်။ ယင်း တွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံ တင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါ တက်ရောက်ခဲ့ ကြပြီး ရခိုင်ပြည်နယ်သတင်းများနှင့် ပတ်သက်၍စာပေစိစစ်ရေးသို့တင်ပြ ပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များ အတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်း စိန် မိဘပြည်သူများသို့ မိန့်ခွန်း ပြော ကြား။
”ဒီအခြေအနေဟာ ဘာသာ ရေးအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အပါအဝင် က၊ွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရ မယ့်အနေအထားကို ရောက်ရှိလာ တာကို တွေ့ရပါတယ်”
”မိဘပြည်သူများ၊ ဘာသာ ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ၊ လူထုလူတန်းစားအဖွဲ့အစည်း အားလုံးတို့က လက်ရှိဖြစ်ပေါ်နေ သော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်းမရှိအောင် သတိ တရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံ တော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ် ထိန်းသိမ်းဖော်ဆောင် ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါ တယ်”စသည်ဖြင့် မိန့်ခွန်းတွင်ပါရှိ။

နိုင်ငံတော် သမ္မတရုံးမှ အရေး ပေါ်အခြေအနေ ထုတ်ပြန်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂ဝ၁၂၊ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂ဝ၁၂ ဇွန် ၁ဝ၊ အရေးပေါ်အခြေ အနေ ကြေညာခြင်း။
၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည် ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂ဝ၁၂ ဇွန်လ ၈ရက်မှစတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ပါသည်။
၂။ သို့သော်လည်း အကြမ်းဖက်မှု များမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည် နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင် ရေးကို အမြန်ဆုံးပြန်လည် ဖော် ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။
၃။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)အရ တာ ဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီ ကို ရယူဆောင်ရွက်ရမည်။
၎။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ် သည်။
၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။
 
 ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်






 
ဇွန်လ(၁၁) ၂ဝ၁၂

 
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေ သည့်ကိစ္စရပ်များအပေါ် တောင်းဆို မှုတစ်ခုအား ယနေ့နံနက် ၁ဝနာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆို ပါကန့်ကွက်မှုတွင် ရခိုင်ပြည်နယ် တွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်း ဖက်မှုများနှင့် အကြမ်းဖက်သမား များအား အလိုမရှိကြောင်းထုတ် ဖော်တောင်းဆိုခဲ့ပြီး လက်ရှိ ရခိုင် ပြည်နယ်အရေးအပေါ် အစိုးရတာ ဝန်ရှိသူများမှ ဆောင်ရွက်နေသည့် အပေါ် သဘောတူထောက်ခံ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မောင်တောနှင့် ဘူသီးတောင်မြို့နယ် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ ဆရာမများအား လုံခြုံမှုရှိသော နေရာများသို့ ကယ်ယူပို့ဆောင်ပေး နေ ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အ လယ်သံကျော်ကျေးရွာမှ ဆရာ/ ဆရာမ ၄၅ ဦးအား ရဟတ်ယာဉ် များဖြင့်တင်ဆောင်ကာ စစ်တွေမြို့ သို့ ပို့ပေးပြီးဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် ‘ထူးဖောင်ဒေးရှင်း’မှ လှူဒါန်း သည့် ငွေကျပ်သိန်းငါးရာကို ၁၁-၆-၂ဝ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ဌာနချုပ်၌ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက လက်ခံပေး ခဲ့ကြောင်းသိရသည်။

စစ်တွေ
ဇွန်လ ၁၁ ရက်နေ့ ၁၃းဝဝ နာရီ။ ကန်တော်လီရွာနှင့် ဗျိုင်းစုရွာ အချင်း ချင်း ရိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့ ၁၄း၃၅ နာရီ။ နာဇီရပ်ကွက်(၁၂)၊ အိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ခလရ(၂ဝ)မှ တပ်မတော်သားများက သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေ နတ်များပစ်ဖောက်ခဲ့ရသဖြင့် လူစု ကွဲကာ မီးများလည်း ငြှိမ်းသတ်နိုင်ခဲ့ ကြောင်း သိရှိရသည်။
ဓညဝတီရပ်ကွက်၊ ၁၅းဝဝ နာရီမှ ၁၅း၎ဝ နာရီအထိ။ အကြမ်းဖက် သမား ၁၅ ဦးက ဓမ္မသိပ္ပံကျောင်း ဓမ္မာရုံအား မီးကွင်းနှင့်ပစ်ခဲ့ရာ ရခိုင် ၄ဝ ဦးက မီးငြှိမ်းသတ်၍ ၁၅း၎ဝ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။
ယင်းကျေးရွာများမှာ ယနေ့ နေ့လယ်ပိုင်းတွင် ခိုက်ရန် ဖြစ်ပွား ခဲ့သော ကျေးရွာများ ဖြစ်သည်။ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံတားဆီးခဲ့ရာ စစ်တွေသို့ ပြန်လှည့်သွားခဲ့ကြသည်။
နာဇီရပ်ကွက်(၁)၊ ၁၆း၃ဝ နာရီ။ အိမ်ခုနစ်အိမ် မီးလောင်ကျွမ်းခဲ့သည်။

ရဲနွယ်စုရပ်ကွက်၊ ၁၆း၃ဝ နာရီမှ ၁၆း၄၅ နာရီ။ ဇွန်လ ၁ဝ ရက်နေ့ တွင် မီးရှို့ခံခဲ့ရသည့် လောကနန္ဒာ ဘုရားဘေး ရဲနွယ်စုဗလီ ၁၆း၄၅ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

သံတော်လီရွာ၊ ၁၆း၎ဝ နာရီ။ ဘင်္ဂါလီနေအိမ်ငါးလုံးအား ဘင်ဂါလီ များကိုယ်တိုင် မီးရှို့ခဲ့သဖြင့် မီးငြှိမ်း သတ်ခဲ့ရသည်။

မင်းချောင်းတံတား၊ ၁၆း၄၅ နာရီ။ ပုဏ္ဏားကျွန်းမှလာသည့် ရခိုင်တိုင်း ရင်းသား ၆ဝ ခန့်ကို တံတားတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။

ပေါက်တော
၁၆း၃ဝ နာရီတွင် ဘုံဝန်ချောင်း အနောက်ဝစုကျေးရွာမှ လူအင်အား ၁၈ဝဝ ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ လူအင် အား ၂ဝဝဝ ခန့်တို့နှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်း ခြောက်ခုအတွက် ဆန်၊ ဆီနှင့် ဆားများ ပေးပို့လှူဒါန်း
ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့ နယ်များတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့ သည့်ဆူပူအကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးပြီး လတ်တလော ဒုက္ခနှင့် ရင်ဆိုင်နေ ကြရသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း၊ အလယ် သံကျော်၊ ရဲတပ်ရင်း(၂)တို့၌လည်းကောင်း၊ ဘူးသီးတောင်မြို့တွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ လည်းကောင်း စုစုပေါင်းကယ်ဆယ်ရေး စခန်းခြောက်ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကယ်ဆယ် ရေးစခန်းခြောက်ခု၌ ရောက်ရှိနေကြသည့် ဒုက္ခသည် အရေ အတွက်မှာ အိမ်ထောင်စု ၉၄၂ စု၊ စုစုပေါင်း လူဦးရေ ၄၁၅၄ ဦးဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ ဒုက္ခသည်စခန်းများ အတွက် ဇွန်လ ၁ဝ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စုစုပေါင်း ဆန် ၁၅၉ အိတ်၊ ဆီ ၁၆၅ ပိဿာနှင့် ဆား ၁၆၅ ပိဿာ ပေးပို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews