Sunday, June 24, 2012

ရသေ့တောင်အကြမ်းဖတ်လူသက်မှု ဘင်္ဂါလီ(၅၀)ကျော်ကိုဖမ်းဆီး


From : အေးမောင်ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူ ဟု ယူဆရသူ ဘင်္ဂါလီ (၅၀)ကျော်ကို ယခုရက်ပိုင်းအတွင်း သက်ဆိုင် ရာကဖမ်းဆီးထားပြီဖြစ် ကြောင်းရသေ့တောင်မြို့နယ်ကူတောင်ကျေးရွာမှရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့
သည်။" ကြာသပတေးနေ့က ၂၂ ဦးဖမ်းတယ်။ ကျန်၃၁ဦးကိုတော့ မနေ့ကဖမ်းတယ်။"ဟု ၄င်းကဆိုသည်။
အဆိုပါ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသား များနေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှိ့သူ ဘဂါင်္လီများကို ပြန်လည်တုံ့ပြန်ရန် လိုက်ပါသွားသော ရခိုင်တိုင်းရင်းသား များမှာ အနောက်ပြင်ရွာ အနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး အလောင်းများ ကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယင်းအကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၀ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိကာ ဘင်္ဂါလီ ၂ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများကို ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ဦးရေမှာ ၆၂ ဦးထိ ရောက် ရှိလာခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန် လိုက်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews