Saturday, June 23, 2012

မြန်မာဘောလုံးချစ်ပရိတ်သတ်များ စိတ်ဝင်စားနေသည့် အာရှယူ-၂၂ ခြေစစ်ပွဲများယနေ့စတင်မည်

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်    လက်ခံကျင်းပမည့်  အာရှယူ-၂၂ ခြေစစ်ပွဲအုပ်စု (G) ပွဲစဉ်များကို ဇွန်လ ၂၃ ရက် ယနေ့မှစ၍ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပတော့မည်ဖြစ်သည်။

ခြေစစ်ပွဲအုပ်စု (G)တွင်  အိမ်ရှင်မြန်မာအသင်းနှင့်အတူ  တောင်ကိုရီင်္းယား ၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ် (တိုင်ပေ)နှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်လျက်ရှိသည်။ ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲဦးထွက်ပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်း၌ ညနေ ၃ နာရီ ၁၅ မိနစ်တွင်    မလေးရှား - တောင်ကိုရီးယား ၆ နာရီ ၁၅ မိနစ်တွင် မြန်မာ - ဖိလစ်ပိုင် အောင်ဆန်းကွင်းတွင်လည်း ညနေ  ၃ နာရီ ၁၅ မိနစ်မှာ ဗီယက်နမ်-တရုတ်(တိုင်ပေ) အသင်းတို့ စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်နေ့အထိကျင်းပမည့် အာရှယူ-၂၂ ခြေစစ် ပွဲကိုလက်ခံကျင်းပမည်ဖြစ်သော သုဝဏ္ဏကွင်းနှ င့်အောင်ဆန်းကွင်းတို့ကိုအဆင့်မြှင့်တင်ထားပြီးဖြစ်သည်။
ယခင်ရိုးရိုးခုံတန်းများအစား   ဖိုက်ဘာခုံများကိုလည်း  ပြောင်းလဲတက်ဆင်းပြီးဖြစ်ပါသည်။    ဘောလုံးပွဲသို့
လာရောက်ကြည့်ရှု့အားပေးသော  မြန်မာ့ဘောလုံးပရိတ်သက်များ၏   အပြန်ခရီးအတွက်လည်း မ-ထ-သ ယာဉ်လိုင်းနှင့်ညှိနှိုင်းကာ မော်တော်ယာဉ်များစီစဉ်ပေးထားပြီး   ကွင်းအတွင်းပထမဆုံး     ၀င်ရောက်သော ပရိတ်သတ် ၁၀၀၀ ကိုလည်း မြန်မာအသင်းဂျာစီများပေးသွားမည်ဖြစ်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews