Sunday, June 17, 2012

ဘေးလ်ရော မိုဒရစ်ပါ ခေါ်ဖို့ တပြိုင်တည်း တချိန်တည်း ကြိုးပမ်းလာသည့် မန်ချက်စတာယူနိုက်တက်


From-မက်ဖန်

မန်ချက်စတာယူနိုက်တက်မှ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် တော့တင်းဟမ်းဟော့စပါးအသင်းမှ အဓိက ကစားသမားများ ဖြစ်သည့် လူကာမိုဒရစ်နှင့် ဂရတ်ဘေးလ်တို့ နှစ်ဦးစလုံးအတွက် ဆွေးနွေးမှု စတင်နေပြီဟု သိရသည်။

မန်ချက်စတာညနေခင်းသတင်းစာ၏ အလိုအရ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် ထုတ်ပယ်ခံ ထိသွားသော ဟာရီရက်နပ် စပါးအသင်းတွင် မရှိတော့သည့်အတွက် ဘေးလ်သည်လည်း အဝေးသို့ ထွက်ခွာဖို့ စဉ်းစားနေပြီဟု သိရသည်။

ဘာစီလိုနာနှင့် ရီးယဲမက်ဒရစ်အသင်းများ၏ စိတ်ဝင်စားခြင်း ခံနေရသော ဘေးလ်အား ဖာဂူဆန်နှင့် မန်စီနီတို့ကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေလျက် ရှိနေသည်။

မန်ယူအသင်းသည် လိုင်လီစတား အေဒင်ဟာဇက်ကို ချယ်ဆီးထံသို့ လက်လွတ်လိုက်ရပြီးနောက် ကွင်းလယ်တိုက်စစ်ကို အားသန်သည့် ထိပ်တန်းအဆင့်ရှိ ကစားသမားကို အလိုရှိနေဆဲ ဖြစ်သည်။

ဘေလ်သည်ယခုနှစ်နွေရာသီအတွက်ယူနိုက်တက်၏အဓိကပစ်မှတ်ဖြစ်လာသော်လည်း ဘေးလ်ကိုယ်တိုင်က စပါးမှနေ ထွက်ခွာကာ သရဲနီတို့ထံ ပူးပေါင်းမည်ဟု ဆိုမှသာ ဖာဂူဆန်သည် စတင်ကြိုးပမ်းဖွယ်ရှိနေသည်။

ထို့အပြင် စပါးအသင်း၏ ကွင်းလယ်ကစားသမား မိုဒရစ်နောက်သို့ နောက်ယောင်ခံလိုက်နေသည်မှာလည်း လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ဖြစ်သော်လည်း ပြောင်းရွှေ့ကြေးမှာ ပေါင် ၃၂သန်းမျှအထိ ရှိနေသောကြောင့် အဆိုပါ ကစားသမား နှစ်ဦးစလုံးအတွက် တန်ကြေးကို လျော့ချနိုင်ပါက အိုထရက်ဖိုဒ့်တွင် ကွင်းလယ်ကစားသမား နှစ်ဦးကို ယခုနှစ်နွေရာသီတွင် မြင်တွေ့ရနိုင်ဖွယ် ရှိသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews