
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်အတွင်း မသင်္ကာဖွယ်နေအိမ် တစ်အိမ် ကို ၀င်ရောက်စစ်ဆေးခဲ့ရာက အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေ က ပြောပါတယ်။ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ထိုင်း မြန်မာနယ်စပ်အနီးက ပြောင်းဖူး စိုက်ခင်းဆီကို သယ်ယူပို့ဆောင်ပေးဖို့အတွက် သူ့ရဲ့နေအိမ်မှာ ခေတ္တသိမ်းဆည်းထားတာဖြစ်ပြီး၊ သယ်ပို့ခအဖြစ် တစ်ခေါက်ကို ထိုင်းဘတ်ငွေ တစ်သောင်း ရရှိကြောင်း၊ အရင်ကလည်း တစ်ခေါက်သယ် ပို့ပေးခဲ့ဖူးကြောင်း ထွက်ဆိုခဲ့တဲ့ အတွက် ဥပဒေအရ အရေးယူထားတယ်လို့ ထိုင်းနယ်စပ်အာဏာ ပိုင်တွေက ပြောဆိုပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် နဲ့ မယ်ဆိုင်ကြားက မယ်ဆိုင်ချောင်းအနီး မှာမြန်မာနိုင်ငံဖက်က ကူးဖြတ် လာသူတစ်ဦးကို ထိုင်း အမှတ် (၃) မြင်းတပ်က တားဆီးစစ်ဆေးခဲ့ရာမှာ ဟီးရိုးအင်း ဘိန်းဖြူ (၃) ကီလိုကျော် ပါတဲ့ အိတ်ကိုသာ ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူကတော့ ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ ထိုင်းစစ်တပ် အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
0 comments:
Post a Comment