Friday, June 22, 2012

အသက်ခံရသော ရခိုင်တိုင်းရင်းသား(၁၀)ယောက် အလောင်းများပြန်ရ

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နယ်တွင်   ဇွန်လ  ၁၉   ရက်နေ့ကဘင်္ဂလီလူမျိုးများ၏   ဆူပူအကြမ်းဖတ်မှု 
ကြောင့် အသက်ခံရသော  ရခိုင်တိုင်းရင်းသား  ၁၀  ဦး၏အလောင်းများကို စစ်တပ်အကူဖြင့် တောင်းယူခဲ့ရာ သုံးရက်အကြာ   ဇွန်လ  ၂၁  ရက်နေ့က အလောင်းများပြန်လည်ရရှိခဲ့ကြောင်း   ရသေ့တောင်မြို့နယ်ဒေသ ခံများကပြောကြားသည်။  တစ်ယောက်ဆိုရင် အရိုးပဲကျန်တယ်။  ကျန်တဲ့အလောင်းတွေကိုတော့ သက်ပြီးမီး ရှို့ခံထားရတယ်ဟု   ယင်းအလောင်းများကို   သွားရောက်ကြည့်ရှု့ခဲ့သော   ဒေသခံတစ်ယောက်မှဆိုသည်။ ရသေ့တောင်မြို့နယ်ရှိ ဘင်္ဂလီများနေထိုင်ရာ   အနောက်ပြင် ကျေးရွာမှဆူပူအကြမ်ဖတ်သူများသည် ဇွန်လ ၁၉ ရက်နေ့ နံနက်   ၅  နာရီခန့်တွင်  ရခိုင်တိုင်းရင်းသာများနေထိုင်ရာ ကူတောင်ကျေးရွာကို ၀င်ရောက်မီး ရှို့ခဲ့ကြောင့်၊  ယင်းမီးရှို့  ဖျတ်ဆီးသူများကို   ပြန်လည်နှိမ်နှင်းရန်   လိုက်လံရာမှ   ရခိုင်တိုင်းရင်းသားများကို အနောက်ပြင်ကျေးရွာနား  အရောက်တွင်  ဘင်္ဂလီလူမျိုးများက သက်ဖြတ်ခဲ့ခြင်းဖြစ်ပြီး     အလောင်းများကို ပါ ဖျောက်ဖျက်ခဲ့ကြောင်း  ရသေ့တောင်မြို့နယ်  ကူတောင်ကျေးရွာဒေသခံများမှ ပြောကြား သည်။ ယင်းအ ကြမ်းဖတ်မှုကြောင့်ရခိုင်တိုင်းရင်းသား   ၁၀ ယောက်သေဆုံးခဲ့ပြီး၁၃  ယောက်ဒဏ်ရာရရှိခဲ့ကြောင်း   ရသေ့
 တောင်မြို့နယ် ဒေသခံများမှ ပြောကြားချက်အရသိရသည်။

The Voice

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews