Saturday, June 30, 2012

ကုလားများ ဥာဏ်ဆင်နေပြီ

From : ဆူးနှင်းမယ်
၂၈.၆.၂၀၁၂ ရက်နေ့ အီဂျစ်မှာအီဂျစ်လူမျိုး အယောက် ၂၀ လောက်ကစပြီး မြန်မာ သံရုံးရှေ့ မှာဆန္ဒပြ မှုဖြစ်ပွားခဲ့ပါတယ်.. ဆန္ဒပြရတဲ့ အကြောင်း အရင်းကတော့ မြန်မာပြည်မှာ မွတ်ဆ လင်တွေကို မြန်မာ အစိုးရနဲ့ မြန်မာလူမျိုးများ ကနိုင့် ထက်စီးနင်းဖိနှိပ်ပြီး ယခုအာရကန်နှင့် အရေးအခင်း မှာမွတ်ဆလင်တွေကိုတစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ် နလို့ဖြစ် တယ်လို့သူတို့ကဆိုပါတယ်။ အယောက် ၂၀ လောက်ကစလိုက် တဲ့ဆန္ဒပြ မှုဟာအယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါထိမ်း သိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ကြား သိရသလောက် ကတော့မြန်မာ သံရုံးနဲ့ ဆန္ဒပြသူများ ဘက်မှခေါင်း 

ဆောင်အချို့တို့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ကြပါတယ်။ မြန်မာသံရုံးဘက်မှ အရေးအခင်းဖြစ် ပွားရခြင်းနဲ့ အခြေအနေတို့ကို ရှင်းပြသော်လည်း ဆန္ဒပြပွဲခေါင်းဆောင်တို့က ထိုအဖြစ်အပျက် များအားလုံးကို ၄င်းတို့သိပြီးသားဖြစ်ကြောင်းနဲ့ ထိုအဖြစ်အပျက်များနဲ့စပ်လျဉ်းပြီး အီဂျစ်ပြည်သူ တို့ကိုမြန်မာတို့ကတောင်း ပန်ရမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ မြန်မာသံရုံးမှ ထိုကိစ္စများအတွက် များစွာ ၀မ်းနည်းပါကြောင် ပြော
သော်လည်း ထိုလူတို့ကလက်မခံနိုင်ကြောင်းနှင့် မြန်မာတို့မှသတင်းစာများမှ တရားဝင်တိုင်းသိပြည် သိတောင်းပန်မှသာ
လက်ခံနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုသို့မတောင်းပန်လျင် တာ့ဟ်ရီးယား စကွဲမှ လူများအား သံရုံးရှေ့သို့ခေါ်ဆောင်လာ မည်ဖြစ် ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ ....ဒါတွေကတော့ ယနေ့ကြားသိထားသမျှ အခြေအနေတွေပါ။ မနက်ဖြန် ဘုရားဝတ်ပြုပြီးချိန်တာ့ဟ်ရီးယား စကွဲမှအပြန် ညနေ၅ နာရီမှာ ပြန်လည် ဆန္ဒပြကြဦး မှာ ဖြစ်ကြောင်းလည်း သိရပါတယ်.။ ဒီနေ့ ကိစ္စဖြစ်ပွားအပြီးမှာတော့ ကျမတတ်နိုင်သလောက် သဲလွန်စ ရှာဖွေကြည့်မိတဲ့အခါမှာ အီဂျစ်တွေရဲ့ ဂရုတစ်ခုကနေ ဒီလို ၀ါဒဖြန့်တာကို အီဂျစ်ပေါင်းများစွာက ပြန် ရှဲနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ကျမကလဲ အာရဗီစာ၊ စကားမတတ်တဲ့အခါကျတော့ ဂူးဂဲလ် အကူအညီနဲ့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်.။ ဒါပေမယ့် ခင်မင်တဲ့ အီဂျစ်တွေကတဆင့် ဆက်လက်စုံ စမ်းပြီး သတင်းရသလောက် ဖြန့်ပေးပါမယ်.။ တကယ်တော့ ဒီနိုင်ငံအခြေအနေနဲ့ ကျမတို့အာရှတိုက်သား လူနည်းစုတွေဟာ အမြဲသတိကြီးကြီးနဲ့နေကြရတာပါ.။ ဆန္ဒပြ တဲ့ သံရုံးဘက်ကိုကိုယ်တိုင်မသွားနိုင်သည့် တိုင်အောင်(သွားခဲ့ရင် အသက်ရှင်ဖို့ အာမခံချက် မရှိပါဘူး) ဘာပဲပြောပြော တတ်နိုင်သလောက်တော့ ရေးပေးပါမယ်.။ ဒီကိစ္စဟာ ကျမတို့အားလုံးသိတဲ့ အတိုင်း မရိုးသားပါဘူး.။ တစ်ချက်စဉ်းစားကြည့်ရအောင်... ဘာလို့အီဂျစ်ကိုအရင် စတင်ပြန့်နှံ့စေသလဲဆိုရင် အီဂျစ်ရဲ့လက်ရှိ အခြေအနေနဲ့ နိုင်ငံအခြေအနေအရ အီဂျစ်လူမျိုးတွေသွေးဆူနေတဲ့ အချိန်တစ်ကြောင်း ၊ ပြည်သူအ ချို့ဟာ နိုင်ငံရေးအသုံးချသူအချို့ကြောင့် နေ့တွက်နဲ့ တာ့ဟ်ရီးယား စကွဲမှာဆန္ဒပြနေသူတွေ လဲအဆင်သင့်ရှိနေတာက တကြောင်း၊ နောက်အီဂျစ်ဟာ လောလောလတ်လတ် မွတ်စလင်ဘရား သားဟုဒ်မှ သမတရာထူးရရှိထားတာက တစ်ကြောင်းတို့ကြောင်း အင်မတန် ဇာတ်လမ်းစလို့ကောင်း တဲ့အခြေအနေကို အသုံးချသွားတာ ဖြစ်ပါတယ်။ တစ်ခြား စော်ဘွားတိုင်းပြည်တွေကို ဒီလိုဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အီဂျစ်မှာ ကြီးကြီးမားမားဖြစ်သွားပြီးပြီဆိုရင်တော့ တခြားအစ္စလာမ်မစ်နိုင်ငံတွေဆီက ထောက်ခံမှုရဖို့ မခက်တော့ပါဘူး။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ကွက်လို့ ကျမတော့ မြင်ပါတယ်.။ အောင်မြင်ရင် မြန်မာပြည်အဖို့ တစ်ကမ္ဘာလုံးက ၀ိုင်းဖိအားပေးတာမျိုးခံလာ ရနိုင်စရာရှိပါတယ်.။ ဒီကိစ္စကို အားလုံးက ၀ိုင်းပြီးအလေးအနက်ထားပြီး စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်း ချင်ပါတယ်..။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews