Friday, June 22, 2012

ရခိုင်သားများမှ ဒေါ်အောင်ဆန်းစုကြည်ပြန်လာလျှင် ရန်ကုန်လေဆိပ်မှ ဆီးကြိုဆန္ဒပြကြမည်

မျိုးချစ် ရခိုင်သားများ က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားက ပြန်လာလျှင် လေဆိပ်မှ ဆီးကြိုဆန္ဒပြကြ မည်ဟု သတင်းရရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ဆူပူသောင်းကြမ်းမှုတွေ စတင်ဖြစ် ပွားပြီး ရခိုင်းတိုင်းရင်းသားများ ရက်ရက်စက်စက် အသတ်ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပက္ခာပြုပြီး စိုးရိမ်ကြောင်း စာရွက်တစ်ရွက် ပေးကာ နိုင်ငံခြား ကို ထွက်ခွာသွားပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်မယ့် ရခိုင်သား တစ်ဦးကတော့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပြ ပါတယ်

"ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြမှာပါ.. ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင် တုန်းကတော့ မဲရဖို့ ကို မျှော်ကိုးပြီး မြန်မာနိုင်ငံအနှံ့သွားနိုင်ပါတယ်... အခု ကျွန်တော်တို့ ရခိုင်တွေ ဒုက္ခခံစားနေရချိန်မှာကျတော့ စာရွက်တရွက် ထုတ်ပေးပြီး နိုင်ငံခြား သွားပါတယ်.. အရင်တခါ တုန်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှ မအူပင်သားများကို မေ့မထားပါနဲ့ လို့ ဆန္ဒပြသလိုပုံစံမျိုးပါပဲ... ဒုက္ခသည် ရခိုင်သားတွေကို မေ့ပြီး နိုင်ငံခြားက အမျိုးတွေဆီ သွားတာကို ဆန္ဒပြတာပါ.. ဘာမှလည်း မတောင်းဆိုပါဘူး.. ဘာမှလည်း မကန့်ကွက်ပါဘူး..." လို့ပြောပါတယ်။

ဒါပေမယ့်လည်း အခြား သူများကတော့ ရခိုင်ပြည်နယ် မငြိမ်းမချမ်းဖြစ်နေချိန်မှာ ယူတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကန့်ကွက်ကြောင်း၊ ရခိုင် ကလေးတွေ ကျောင်းမတတ်နိုင်ချိန်မှာ ယူတဲ့ ဒေါက်တာဘွဲ့ကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လိုလို ဘာလိုလို ပြောနေတာကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာအားပေး ပြည်ပမီဒီယာတွေနဲ့ အလိုတူအလိုပါဖြစ်နေတာကို ကန့်ကွက်ကြောင်း၊ ရခိုင်သားတို့ ငိုကျွေးချိန်မှာ ဘက်ဒေးသီချင်းဆိုနေတာတွေကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြ မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရန်ကုန်၊ လန်ဒန်၊ ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ ရခိုင်တိုင်းရင်းသားများက ဦးဆောင်ပြီး ရိုဟင်ဂျာကိစ္စကို အကြောင်းပြုက ဘီဘီစီနဲ့ ပြည်ပအခြေစိုက် မီဒီယာများဖြစ်ကြတဲ့ VOA, RFA, DVB, ဧရာဝတီ သတင်းဌာန တို့ကို ဆန္ဒပြခဲ့ကြပါတယ်။

Myanmar Express

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews