ဧပြီလတွင် ရောင်းအား ကောင်းမွန်ခဲ့ သောတန်ဖိုး နည်းဖုန်းများမှာ မကြာသေးခင်ကထွက်ပေါ်လာ ခဲ့သော ကျပ်တစ်သိန်းကျော်တန် ဖုန်းသတင်း များကြောင့် ရောင်းအား သိသိသာသာ ကျဆင်း လာကြောင်းသိရသည်။ “တန်ဖိုးနည်းဖုန်းတွေကို အရင်က လောက်တော့ ဘယ်နေရာမှာမှမရောင်း ရတော့ပါဘူး။ ရောင်းအားသိသိသာသာ ကိုကျ ဆင်းနေတာပါ။ ဒါကလည်း လက်ရှိ ဖုန်းထက်
တန်ဖိုးနည်းတာတွေ ထွက်လာ တော့မယ်လိုလို သတင်းတွေကြောင့်ပါ ” ဟု
မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ထိုကဲ့သို့ ကျပ်တစ်သိန်းကျော်တန် ဖုန်းများထွက်ပေါ်လာမည်ဆိုသောသတင်း
နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင်
အထက်အရာရှိများက
ယင်းသတင်းသည် ဟုတ်မှန်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသတင်းသည် ဟုတ်မှန်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင်
လက်ရှိချ ထားပေးလျက်ရှိသောတန်ဖိုးနည်း
ဖုန်းများရောင်းအားကျဆင်းသွားမှု ကြောင့် လည်း ယခင်နေရာအများစုတွင်
လျှောက်ထားနိုင်သော ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲတန်ဖုန်းများ
ကိုမြန်မာ့ ဆက်သွယ်ရေး၏ နေရာအနည်းငယ်တွင် သာလျှောက်ထား
နိုင်တော့မည်ဖြစ်သည်ဟု
ဆိုသည်။ ကျပ်တစ်သိန်းကျော်တန်ဖုန်းများ ထွက်ပေါ်လာပါက လက်ရှိရောင်းချလျက်
ရှိသောGSM နှင့်WCDMA ဖုန်းများ၏ရောင်းအားမှာပိုမိုကျဆင်းလာနိုင်ဖွယ်
ရှိကြောင်းကိုလည်းToday Mobile မှ ဦးနေလင်း ထွန်းကပြောသည်။ယင်းက”
ဒီဖုန်းတွေထွက် ပေါ်လာ မယ်ဆိုတာက ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့တစ်လနှစ်လအ တွင်းတော့မဖြစ်နိုင်ပါဘူး။ ကျပ်တစ်သိန်း
ကျော် ဖုန်းတွေ ချပေးရင်တော့ လက်ရှိ ထက်လူအများစု ပိုမိုဖုန်း
ကိုင်လာနိုင်ကြ
မှာပါ”ဟု ပြောသည်။
0 comments:
Post a Comment