Saturday, June 23, 2012

ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်မှု ဒဏ်ရာရသူသုံးဦးတွင် တစ်ဦးသေဆုံး

ဓာတ်ငွေ့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန် တွင်း ၌ ဖြစ်ပွား ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ သုံးဦးအနက် အမျိုးသမီးတစ်ဦး ဇွန်လ ၁၈ ရက်တွင် သေဆုံးသွားေ ကြာင်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် သေဆုံးသူ မမိဇင် အသက် (၁၇ နှစ်) အား ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ဌာန၌ ကုသလျက်ရှိရာ ယခုလ ၁၈ ရက် နံနက် ၆ နာရီခွဲ အချိန်၌ ကွယ်လွန်သွားခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်များက ဦးခေါင်းပိုင်း ထိခိုက်မှုနှင့် လည်ပင်း၌ ပြင်းထန် စွာ ဒဏ်ရာရရှိမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ပြောကြားကြောင်း ဦးသန်းထွန်းက ပြောသည်။ “အခု သေဆုံးတဲ့သူက ကျွန်တော့်တူမပါ။ ဒဏ်ရာရတဲ့ အထဲမှာ ကျွန်တော့်သား လည်း ပါတယ်။ အခု ဒီလိုဖြစ်တာ ရွှေနဒီ ကုမ္ပဏီဘက်က ကျွန်တော်တို့ကို ဘာတစ်ခုမှ ဆောင် ရွက်ပေးခြင်းမျိုး မရှိဘူး။ ကုမ္ပဏီကိုတော့ အကြောင်းကြားစာ ပို့ထားတယ်။ အကြောင်းမပြန်ရင်တော့ အခုဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးကို ဦးတိုက်လျှောက်မယ်။ နောက်ပြီး နိုင်ငံတော်ကိုလည်း စာတင်မယ်။ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေ ဆီကိုလည်း ဆက်ပြီး စာတင်သွားဖို့ ရှိတယ်” ဟု ကောင်းမြတ်သူ သဲ၊ ကျောက်၊ ကွန်က ရစ်လုပ်ငန်းမှ ပိုင်ရှင်ဦးသန်းထွန်းက ဆိုသည်။ အဆိုပါ အမှုနဲ့ပတ်သက်၍ ဘက်ဟိုးယာဉ်မောင်းအား အမှုနှစ်ခုဖြင့် ပုဒ်မ ၂၈၅/၃၃၇/၃ဝ၄ (က) နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ-၆၁ အရ အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျန်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးအနက် ကိုဇော်မင်းဝင်းမှာ မီးလောင်မှုကြောင့် ဘယ်ညာ လက်နှစ်ဖက် အပါဝင် နားရွက်တို့၌ ဒဏ်ရာများ ရရှိပြီး ကျန်တစ်ဦးမှာ ခြေမ၌ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews