Friday, June 22, 2012

ပြည်ပမီဒီယာတွေကလွဲရင် နိုင်ငံသားအားလုံး အကုန်လုံးတာဝန်ကျေတယ်

myanmar express

အခု ရခိုင်ပြည်နယ်က အရေးအခင်းမှာတော့ ပြည်ပမီဒီယာတွေကလွဲရင်နိုင်ငံသားအားလုံး ကိုယ်စီကိုယ်ငှ တာဝန်ကျေခဲ့ကြပါတယ်။ အရင်အရေးအခင်းတွေအားလုံးမှာ စစ်တပ်ကပဲ အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေ ရှင်း ခဲ့ပေမယ့် အခုတကြိမ်မှာတော့ အစိုးရကအရေးပေါ်အခြေအနေကြေငြာပြီး စစ်တပ်ကိုကိုင်တွယ်ခိုင်း တာတောင်မှဘင်္ဂလားဒေ့ရှ်ဖက်က လက်နက်ကိုင်ပြီးဝင်လာတဲ့ သူတွေကို တိုက်ခိုက်တာလွဲရင်မြို့ ရွာတွေ အတွက်လုံခြုံရေးယူခဲ့ယုံသက်သက်ပါပဲ။ အခုအရေးအခင်းမှာ စစ်တပ်ကသူ့အလုပ်သူလုပ်သွားပြီး တာ ဝန်ကျေခဲ့ပါတယ်။ မြို့ရွာတွေက အရေးအခင်းတွေကိုရဲတပ်ဖွဲ့တွေကသာ ကိုင်တွယ်ခဲ့ပြီး အင်အားမ လုံေ လာက် လို့အပျက်အစီးများခဲ့တာကလွဲရင် အရင်တုန်းကလို ပစ္စလက္ခ မပစ်ခဲ့လို့လူအသေပျောက်နှုန်း နည်းခဲ့ပြီး EU ကတောင် အခုအရေးအခင်းမှာ အစိုးရရဲ့သတိကြီးကြီးနဲ့ ကိုင်တွယ်နိုင်ခဲ့မှုကို အသိအမှတ်ြ ပုချီးကျူးခဲ့ပါတယ်။ ၈၈'မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုမြအေးတို့က ဘင်္ဂလီရိုဟင်ဂျာ ကိုလုံးဝလက်မခံခဲ့ကြပဲ ကန့်ကွက်ခဲ့ကြသလို ပြည်တွင်းကဘာသာခြားတွေကိုလည်း ဘာသာရေးအဓိက ရုဏ်းမဟုတ်တဲ့အကြောင်း အမျိုးသားရေးဖြစ်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆို စည်းရုံးနိုင်ခဲ့တာ ကလည်း အသိအမှတ်ပြု ချီးကျူးစရာကောင်းပါတယ်။ NLD အပါအဝင်နိုင်ငံရေးအဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေကလည်း Statementsကိုယ်စီထုတ်ပြီး အကြမ်းဖက်မှုတွေရပ်ဆိုင်း ဖို့တိုက် တွန်း ခဲ့ပါတယ်။NLDလိုအင်အားကြီးပါတီက Statement ထုတ်တဲ့အချိန်မှာသာမန်ကာ သျှံကာ ထုတ်ခဲ့တယ် ဆိုပြီး ကျနော်အပါအဝင် တော်တော်များများစိတ်ပျက်အားလျော့ခဲ့ကြပေမယ့် ILO Conference အပြီးမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ "တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေက စပြီး လိုအပ်ပါတယ်။ ဒီမှာ ပြောလိုတာကလက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည် နယ်က ပြဿနာ ကို ဖြေရှင်း ရမှာ ဖြစ်ပါတယ်။ကျွန်မအထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မှု ကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင်နယ်စပ်မှာ တစ်ဖက်က တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေ မယ်ဆိုတာသေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုကိုကြီးကြပ်ထိမ်း သိမ်းရေးကို လိုအပ်နေပါတယ်။" .. လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ လူတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့တောင် ရှင်းလင်းတဲ့ ဥပဒေလိုအပ်တယ် .. တိကျတဲ့ စနစ်လိုအပ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားအပြီးမှာတော့ရိုဟင်ဂျာအရေး ရှေ့နေလိုက်
တဲ့အဖွဲ့အစည်းတွေအားလုံး ကျွမ်းပြန်ကုန်သလိုထုတ်ပြန်ခဲ့တဲ့သူ့ပါတီရဲ့ Statement ကို အားမလို အားမရဖြစ်နေတဲ့ကျနော်တို့ကိုလဲ ပြန်လည်တက်ကြွစေခဲ့ပါတော့တယ်။

2...နောက်ထပ်တာဝန်ကြေခဲ့တာတော့ Eleven Media Group၊ The Voiceတို့အပါအဝင် ပြည်တွင်းမီဒီ ယာတွေအားလုံးဖြစ်ပြီး သူတို့က သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးခဲ့ကာ နိုင်ငံတကာ ကိုပြန့်နေ တဲ့ သတင်းမှားတွေကိုတန်ပြန်နိုင်ခဲ့ပါတယ်။
 
နောက်ဆုံးကျေးဇူးတင်ရမှာကတော့ Facebook ကို အသုံးပြုနေတဲ့တက်ကြွလူငယ်တွေပါပဲ။ အမျိုးချစ်တဲ့ သူတွေ လူငယ်တွေဟာ မြန်မာပြည်ပြင်ပကဒေါ်လာစားမီဒီယာတွေက ဘင်္ဂလီခေါ်တောအရေးကို မဟုတ်မဟပ်လုပ်ကြံဇါတ်တွေခင်းနေကြတာကို တုံ့ပြန်နိုင်ဖို့၊ အမှန်တရားကို ပြသနိုင်ဖို့အတွက်စာအုပ်တွေ သမိုင်းကြောင်းတွေကိုလှန်လျောပြီး Facebook မှာ Postတွေရေးကြတယ်။ Share ကြတယ်။ ရေးကြ တဲ့သူအများကြီးရှိပေမယ့်အားလုံးရဲ့ဦးတည်ချက်က တစ်ခုတည်းပါပဲ။ အဲဒါကတော့ ဒီဘင်္ဂလီရိုဟင်ဂျာ ဆိုတာမြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူး၊ မြန်မာလူမျိုးစုထဲမှာမပါဝင်ဘူးဆိုတာကို မသိသေး တဲ့သူတွေသိအောင် နဲ့ ကမ္ဘာကနေ လက်ရှိ ရှိနေတဲ့အစိုးရကိုဖိအားပေးပြီး နိုင်ငံမဲ့တွေကို လူမျိုးစု စာရင်းထဲ ထည့်ခံရမှာကြောက်ကြလို့ပါပဲ။

သူတို့တတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြင်မှာ မတွေ့ဖူး စကားမပြောဖူးကြသလို၊ နေရပ်တွေက ကွဲပြားပြီး အယူအဆတွေကလည်း တစ်ဦးနဲ့တစ်ဦးမတူကြပေမယ့် ဒီ ဘင်္ဂလီရိုဟင်ဂျာအရေးမှာတော့ သတင်းအမှားတွေလွင့်နေတဲ့ပြည်ပမီဒီယာ (မြန်မာပိုင်းအစီအစဉ်)တွေကို သတင်းအမှားတွေ လွင့်ချင်တိုင်း လွင့်ခွင့်မရအောင် စုစုစည်းစည်းညီညီညာညာနဲ့ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ကြ တာပါ။ မြန်မာဘာသာ နဲ့သတင်းတွေဖြန့်နိုင်ခဲ့သလို အင်္ဂလိပ်စာကျွမ်းကျင်သူတွေကလည်း သတင်းတွေကိုဘာသာပြန်ပြီး Website တကာကို သတင်းဖြန့်နိုင်ခဲ့ပါတယ်။ကိုယ်တိုင်ဘာမပြန်နိုင်တဲ့သူတွေကလည်း ဘာသာပြန်ထား တဲ့ Postတွေ ကိုကူးယူပြီး Facebook နဲ့ Twitter တို့လို Social Network တွေကနေသတင်းအမှားတွေကို တက်ညီလက်ညီတုံ့ပြန်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံအတွက်ကိုယ့်ထမင်းကိုယ်စားပြီး Online ပေါ်မှာ စွမ်း သလောက်ဆောင်ရွက်ခဲ့ကြသူတွေမို့ ဂုဏ်ပြုသင့်တဲ့သူတွေပါပဲ။

မြန်မာပြည်ပြင်ပက ဒေါ်လာရှာစား ရိုဟင်ဂျာ ကြော်ငြာသမား တဖြစ်လဲဘင်္ဂ လီရိုဟင်ဂျာရှေ့နေများဖြစ် ကြတဲ့ BBC၊ VOA၊ RFA၊ DVB (မြန်မာပိုင်းအစီအစဉ်တာဝန်ခံတွေ) နဲ့ IRRAWADDY တို့တတွေကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့ဘဲ ပျာယာခပ် ချောင်ပိတ်ကုန်ပါတော့တယ်။မျက်နှာဖုံးတွေကွာကြပြီး အရှက်ရကုန်ခဲ့ပါတော့တယ်။အကောင်းဆုံးရလာဒ်အနေနဲ့ကတော့ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင် ဘယ်သူတွေကတိုင်းပြည်မျက်နှာကို ကြည့်ပြီး ဘယ်သူတွေက ဘယ်သူတွေက အခွင့်အရေးယူပြီးနိုင် ငံရေးကစားတဲ့သူလဲဆိုတာ သဲသဲကွဲကွဲ သိခဲ့ရတာ အမြတ်ပါပဲ။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews