Tuesday, June 26, 2012

ဗြိတိန်မှ ကားဆားဗစ်စင်တာကြီးတစ်ခု မြန်မာနိုင်ငံတွင်မကြာမီတည်ဆောက်မည်

ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင် ငံတွင် မကြာမီတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရ ရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခုလာရောက်ဖွင့် လှစ်ဖို့စီစဉ်နေပါတယ်။ ဒီနှစ်ကုန်သို့မဟုတ် နောက်နှစ် ဆန်းပိုင်းလောက်မှာ အကောင်အထည်ပေါ်လာနိုင်ပါ တယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာမိုက် ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။အဆိုပါကုမ္ပဏီသည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ကာ ယူကေ၊ ယူအက်စ်အေနှင့် ယူရိုနိုင်ငံများ မှ ထုတ်လုပ်သည့်ဘတ်စ်ကား၊ Truck ကားနှင့် စိုက်ပျိုးရေး သုံးအပါအ၀င် မော်တော်ကားများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဆားဗစ်စင်တာဆောက်ပြီးတာနဲ့ အလုပ်သမားတွေကို
သင်တန်းတွေပေးမယ်။ နောက်ပြီး Customer ကိုအကောင်းဆုံး ၀န်ဆောင်မှုပေးသွားပါမယ်”ဟု မစ္စတာ မိုက်ကယ်ကော့တဲလိုက ထပ်ပြောသည်။ အဆိုပါ ကားဆားဗစ်စင်တာနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့များမှ လိုအပ်သည့် မူဝါဒပိုင်းနှင့် လုပ်ထုံး လုပ်နည်းပိုင်း တို့အား ညှိနှိုင်းနေရသောကြောင့် ယင်းအတွက် မည်မျှရင်းနှီးမြှုပ်နှံရမည် ကိုဖော်ပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း အင်္ဂလန်နိုင်ငံ၏ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ယခုနှစ် မတ်လကုန်အထိအမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၅၉ ဒသမ ၇၈၅ ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews