Monday, June 25, 2012

ဖိလစ်ပိုင်နှင့်ပွဲမှာ ပထမဆုံးချေပဂိုးမှာ ကျော်ဇေယျာဝင်း ဂိုးသားဖြစ်

ဖိလစ်ပိုင်အား ၅-၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့် ပွဲစဉ်တွင် မြန်မာအသင်း ရရှိခဲ့သော ချေပဂိုးမှာ ကျော်ကိုကို၏ သွင်းဂိုးဟု အများက မှတ်ယူခဲ့ကြ သော်လည်း အမှန်မှာမူ ကျော်ကိုကိုနှင့် ထိသွားခြင်း မရှိကြောင်း သိရ သည်။ ကွင်းအတွင်း အသံချဲ့စက်ဖြင့် ကြေညာရာ၌ ကျော်ကိုကို သွင်းယူသည်ဟု ကြေညာခဲ့သည့် အပြင် ဂိုးရရှိခဲ့သည့် အနေအထားမှာလည်း ကျော်ကိုကိုနှင့် ထိခဲ့သည်ဟု ထင်မှတ်ဖွယ် ဖြစ်နေခဲ့သည်။ သို့သော် အေအက်ဖ်စီ တာဝန်ရှိသူများက ကျော်ဇေယျာဝင်း၏ ဂိုးဟုသာ သတ်မှတ်ခဲ့ပြီး ကာယကံရှင် ဖြစ်သူ ကျော်ကိုကိုကလည်း ၎င်းနှင့် ထိခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ "ကျော်ဇေယျာဝင်းရဲ့ ဂိုးပါ။ ကျွန်တော်နဲ့ မထိခဲ့ပါဘူး" ဟု ကျော်ကိုကိုက ပြောကြားခဲ့သည်။ 

 မြန်မာလူငယ် အသင်းသည် ယနေ့ ညနေ ၅နာရီက သုဝဏ္ဏ အားကစားကွင်း ဘေးရှိ လေ့ကျင့်ရေး ကွင်း(၁)တွင် လေ့ကျင့်ရေး ပြုလုပ်ခဲ့သည်။ ယင်းလေ့ကျင့်ရေးတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည့် ဇော်မင်းထွန်းလည်း ပါဝင်ခဲ့ကာ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကာ လေ့ကျင့်ရေး အပြီးတွင် အထူးကု ဆရာဝန်နှင့် ပြသရန် အတွက် ထွက်ခွာ သွားခဲ့သည်။ အဆိုပါ လေ့ကျင့်ရေးသို့ ဘောလုံး ၀ါသနာရှင် ပရိသတ် အချို့လည်း လာရောက် ကြည့်ရှု ခဲ့ကြသည်။မြန်မာယူ-၂၂ အသင်း ယနေ့ညနေ ၆း၁၅ တွင် ဗီယက်နမ်ယူ-၂၂ အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews