Monday, May 28, 2012

Photoshop CS5 အကြောင်းမြန်မာလိုလေးပါ

Photoshop user သမားများအတွက် အခု Photoshop cs5 အကြောင်း စာအုပ်ကို တင်ပေးလိုက်ပါတယ်. နောက်ထပ် တစ်အုပ်ရှိပါသေးတယ်. ကျွန်တော် တင်ဖို့ ကြိုးစားနေပါတယ်. ညီလေးတစ်ယောက် ပို့ပေးထားတာပါ. ဖိုင်ဆိုက်က ကြီးနေလို့ ခဏသီးခံပြီး စောင့်ပေးစေလိုပါတယ်.  ဆေးသောက်ထားတာမို့ ကျွန်တော် စာအုပ်တွေကိုပဲ တင်ပေးလိုက်ပါတယ်. မနက်ဖြန်မှာ  မေးထား တာတွေကို ဖြေပေး ဖို့အတွက် ဒါနောက်ဆုံး တင်ပေးလိုက်တဲ့ စာအုပ်ပါပဲ။ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ။ Website Design ကို မိမိကိုယ်တိုင် ရေးဆွဲချင်သူဟာ ကိုယ်ကိုယ်တိုင် Photoshop ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ အထူးလိုအပ်ပါတယ်. Flash ပိုင်းကတော့ Profession မဟုတ်တောင်မှ flash အတွက် ထုတ်ထားတဲ့ software တွေက ဒုနဲ့ဒေး ဖြစ်နေတာကြောင့်မို့ flash ကိုတော့ ခဏ ခေါက်ထားလို့ ရသေးပေမယ့် Photoshop ကိုတော့ဖြင့် မဖြစ်မနေ သင်ယူထားရပါမယ်.. လိုချင်တယ်ဆို အောက်မှာယူလိုက်ပါ။
ဒီမှာ

ဂျပန်ကားကုမ္ပဏီ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်

From : မြတ်မေဇင်
မြန်မာတိုင်းမ်း ၊ အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
ဂျပန်နိုင်ငံမှ ကားထုတ်လုပ်တင်ပို့ ရောင်းချသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် စက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် အလားအလာများစွာ ရှိနေသည်ဟု ပြည်တွင်းကားအရောင်းစင်တာပိုင်ရှင်များက ပြောသည်။
"နောက်ပိုင်းမှာ ကားကိုတင်သွင်းတာထက် ကားကုမ္ပဏီတွေ ပြည်တွင်းမှာ ထုတ်လုပ်တာတွေ ဖြစ်လာမှာပါ။ အလုပ် အကိုင်အခွင့် အလမ်းတွေလည်း ရှိလာပြီး ၀ယ်လက်တွေအတွက် ပိုပြီးအဆင်ပြေ လာမယ်။ ကားအပိုပစ္စည်းတွေ ပေါလာ မှာပေါ့။ ကားပြင်ချင်ရင် ကုမ္ပဏီပို့လိုက် တာနဲ့ကို အသစ်အတိုင်းပြန်ဖြစ်လာမှာ"ဟု ဆာကူရာကားအရောင်းစင်တာ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂျပန် ခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံမှ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမို စိတ်ဝင်စား လာပြီး တိုယိုတာ၊ နစ်ဆန်း၊ ဆန်နီ၊ မစ်ဆူဘီရှီ အစရှိသည့် ကား ကုမ္ပဏီများလာရောက်နိုင်ဖွယ်ရှိသည် ဟု ကားအရောင်းစင်တာ လုပ်ငန်းရှင် များက ခန့်မှန်းသည်။
"မစ်ဆူဘီရှီအနေနဲ့ ပြည်တွင်းမှာ စက်ရုံလာရောက်တည်ဆောက်ဖို့ ရှိပါ တယ်။ ကားထုတ်လုပ်တဲ့ လုပ်ငန်းကို လည်း ပြည်တွင်းမှာ လုပ်ချင်ပါတယ်။လုပ်ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်" ဟု မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲလက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင် မောင်တင်က ပြောသည်။
မစ်ဆူဘီရှီနည်းပညာဖလှယ်ပွဲကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် မေလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး မစ်ဆူဘီရှီနည်းပညာ ကုန်ပစ္စည်းများ အား မိတ်ဆက်ပေးခဲ့သည်။
"နောက်ပိုင်း ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပြည်တွင်းဝင်လာမယ်ဆိုရင် ကျွန်တော်တို့ ကားအရောင်းစင်တာတွေ အနေနဲ့ လက်တွဲ လုပ်ဆောင်သွားရမှာ ပါ။ ရေရှည်မှာ ဒီလိုပဲသွားရမှာပဲ" ဟု ဦးဌေးအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော ယာဉ်အိုယာဉ်ဟောင်းလဲလှယ်သည့် မူဝါဒမထွက်ရှိခင်ကပင် ဂျပန်ကားဟောင်း များကိုသာ တင်သွင်းအသုံးပြုခဲ့ကြသည်။
ကားအသစ်များ တင်သွင်းခွင့်ပြုရာ တွင်လည်း ဂျပန်ကားများကိုသာ ပိုမို ကြိုက်နှစ်သက်သည်ကို တွေ့ရသည်ဟု ကားဝယ်ရောင်း သမားများက ပြောသည်။
"မြန်မာလူမျိုးတွေက ဂျပန်ကားနဲ့က ရင်းနှီးပြီးသား၊ အခုလည်း ဂျပန်ကားတွေကိုပဲ လူကြိုက်များတယ်။ ဈေးတွေ ကျိုးသွားလို့ အရောင်းအ၀ယ်တော့ နည်းနည်းအေးနေတယ်" ဟု ကားအရောင်းအ၀ယ်လုပ်သူ ဦးအေးမင်းက ပြောသည်။

လျှပ်စစ်မီးအဆင်ပြေရန် ဂျပန်နိုင်ငံမှ 120 MW Gas Turbine သုံးလုံးငှားပေးမည်

From : ခေတ်လူငယ်ဂျပန်နိုင်ငံ Nikkei Inc: နှင့် ဂျပန်စီးပွားရေးသုတေသန ဗဟိုဌာန (Japan Center for Economic Research) တို့က တာဝန်ခံ၍ ဂျပန်နိုင်ငံ တိုကျိုမြို့၌ မေ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသော 18th International Conference on the Future of Asia သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ ယင်းကွန့်ဖရင့်ကို ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေး ဟောပြောကြသည်။ အဆိုပါ ကွန်ဖရင့်၏ အဓိက အကြောင်းအရာခေါင်းစဉ်မှာ ပြောင်းလဲမှုများ၊ ရှုပ်ထွေးမှုများဖြင့် မတည်ငြိမ်သော ယနေ့ကမ္ဘာ၌ အာရှ၏ အခန်းကဏ္ဍအတွက် ဖွံ့ဖြိုးမှုပုံစံသစ်တစ်ခု ရှာဖွေဖော်ထုတ်ရန် (Asia’s Role in a Tumultuous World-In Search of a New Growth Model) ဖြစ်သည်။ တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကမ္ဘာ့စီးပွားရေး အခြေအနေကို စိန်ခေါ်နေမှုနှင့် ဖြေရှင်းမှုနည်းလမ်းများအား အာရှ၏ ရှုမြင်သုံးသပ်ချက်၊ အာရှ၏ အနာဂတ်အတွက် ရှေ့တန်းရောက်လာသော သိပ္ပံနည်းပညာ၊ အာရှ-ပစိဖိတ်ဒေသတွင် သြဇာအာဏာထိန်းညှိမှု ပျက်ယွင်းလာခြင်းနှင့် ဒေသတွင်း လုံခြုံရေးအပေါ် သက်ရောက်မှုအခြေအနေ၊ အာရှပေါင်းစည်းကမ္ဘာတွင် လှုပ်ရှားတက်ကြွသော စွမ်းအားသစ်များ ပေါ်ထွန်းလာခြင်းဟူသော အကြောင်းအရာ ခေါင်းစဉ်များအား တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ရှင်းလင်းဖြေကြားခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အာရှနှင့် ယနေ့ မြန်မာနိုင်ငံတော်သစ် အခြေအနေ၊ မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာနှင့် အာရှ၏ အနာဂတ်ရည်မှန်းချက်ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားကာ အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပြီး ကွန်ဖရင့်သို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr.Yukio Edano နှင့် မေ ၂၄ ရက်တွင် လည်းကောင်း၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Koichiro Gemba နှင့် မေ ၂၅ ရက်တွင် လည်းကောင်း သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံတွင် လက်တလော ကြုံတွေ့နေရသည့် လျှပ်စစ်ဓါတ်အား မလုံလောက်မှုနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်း စသည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား လိုအပ်နေမှုအခြေအနေကို အထောက်အကူ ပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ 120 MW Gas Turbine သုံးလုံးကို မြန်မာနိုင်ငံအနေဖြင့် ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ သဘောတူညီမှုကို ရရှိခဲ့သည်။ ထို့အပြင် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် မြန်မာနိုင်ငံသို့ မေ ၂၆ ရက်တွင် ပြန်လည်ရောက်ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ကျောင်းအပ်နှံရာတွင် အလျူငွေကောက်ခံမှုများအား ပြင်းထန်စွာအရေးယူမည်


From : The Voice

ကျောင်းအပ်နှံချိန် ကာလဖြစ်သည့် မေလ ၂၅ ရက်နေ့အတွင်း ကျောင်းအပ်နှံသူ မိဘများထံမှ အလှူငွေ ကောက်ခံပါက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။
အလှူငွေ ကောက်ခံကြောင်း သိရှိရပါက အဆင့်ဆင့် စစ်ဆေးမည် ဖြစ်ပြီး မှန်ကန်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင် ပညာသင်နှစ်အတွင်း ငွေကြေးတတ်နိုင်သော မိဘအချို့ထံမှ အလှူငွေ ကောက်ခံမှုများကို တွေ့ရှိ၍ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို အပြစ်ပေးမှုများ ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းကဲ့သို့ မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားကြောင်း၊ စစ်ဆေးတွေ့ရှိပါက အလုပ်ထွက်စာ ချက်ချင်း တင်ရမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် ပညာရေးမှူး ဒေါ်ခိုင်ရွှေညွှန့်က မေလ ၂၂ ရက်နေ့တွင် ကျင်းပသော မြို့ နယ်အဆင့် ကလေး ဗဟိုပြု ချဉ်းကပ်သင်ယူမှု ဆိုင်ရာ သင်တန်းဆင်းပွဲတွင် ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်က ဒဂုံ (၁) မှာ ကျောင်းအပ်တုန်းက တောင်ဒဂုံက ဆိုတော့ နှစ်သိန်းလောက် ပေးရတယ်။ နောက်နှစ်ကျတော့ ဖောင်ဖိုးလောက်ပဲ ပေးရတယ်” ဟု မြို့ နယ်ကျော် ကျောင်းအပ်နှံခဲ့သူ ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့ နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။

အလှူငွေ ကောက်ခံခြင်းကို တားမြစ်ထားခြင်းကြောင့် ကျောင်းအပ်နှံချိန်တွင် အလှူငွေများ မကောက်ခံ သော်လည်း ကျောင်း၏ ပြင်ပ ပြင်ဆင်မှုများအတွက် မတည် ပြုပြင်ပေးမှုကို ကျောင်းသားမိဘများက လုပ်ဆောင်ပေးသည့် သဘောမျိုး ရှိကြောင်း အ.ထ.က (၂) ဗဟန်း အထက်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။

“ဒီနှစ်က အရင်လို ပိုက်ဆံပေးတိုင်း မရဘူး။ ကျောင်းဝင်ခွင့် ဖောင်တွေတောင် အခု ပိတ်သွားပြီ။ အပ်ချင်တောင် လက်ခံလို့ မရဘူး” ဟု ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ်) ၏ ကျောင်းဝင်ခွင့် လက်ခံပုံကို အဆိုပါ ကျောင်းမှ ဆရာမ တစ်ဦးက ရှင်းပြသည်။

ပညာရေး ဝန်ကြီးဌာနက ပေးသော ထောက်ပံ့ငွေသည် ရန်ပုံငွေ နည်းပါးသော ကျောင်းများ အတွက် လုံလောက်မှု မရှိကြောင်း၊ အလှူငွေ ကောက်ခံခွင့် မပြုပါက ထောက်ပံ့ငွေ တိုးမြှင့်ပေးပါလျှင် ပို၍ အဆင်ပြေ နိုင်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ် (၁၄) မူလတန်းလွန် ကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ပြောသည်။

ကျောင်းအုပ်ဆရာ၊ ဆရာမများ အတွက် မြို့ နယ် ပညာရေးမှူးရုံးများက တစ်နှစ်လျှင် ကျပ်သုံးသောင်း တိတိ ထောက်ပံ့ပေးသော်လည်း ကုန်ကျစရိတ် လိုအပ်ချက်များ ရှိသောကြောင့် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှ စတင်၍ ကျောင်းသား ၂၀၀ အောက် ကျောင်းများအတွက် ငါးသောင်းကျပ်၊ ကျောင်းသား ၂၀၀ နှင့်အထက် ကျောင်းများအတွက် ကျပ်တစ်သိန်းအထိ တိုးမြှင့်ပေးမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

Thursday, May 24, 2012

မြန်မာ့တပ်မတော်ရေတွင် ပြည်တွင်းထုတ်လေယာဉ်တင်သင်္ဘော စတင်တိုးချဲ့တပ်ဆင်



From : The Voice
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အာဆီယံရဲချုပ်များလာရောက် တွေ့ဆုံ


From-Myanmar Express
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် နေပြည်တော်၌ ကျင်းပသည့်(၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံရဲချုပ် များနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ၊ Interpol ရဲအဖွဲ့အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်အဖွဲ့များအား မနေ့က မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်-ရဲချုပ်ကျော်ကျော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြ သည်။

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အား ထိုင်းNational Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke လာရောက်တွေ့ဆုံ

From-Myanmar Express
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လာရောက်ဂါရဝ
ပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ်နှင့်အတူ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်ကိုကိုခိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးကြီးမြင့်သိန်း၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်မျိုး၊ ဒုတိယ ဗိုလ်မှူးကြီးမြင့်ထွန်းဟန်တို့ တက် ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးတို့ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား လေ့ကျင့်ရေးတိုးမြှင့်ဆောင် ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ
ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မီးစက်ကြီးများရောက်ရှိ

    ယနေ့နံနက်မှာ ရန်ကုန်အေးရှားဝေါဆိပ်ကမ်းတွင် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ကမှာယူတင်သွင်းထားတဲ့ မီးစက်ကြီး (၁၁)လုံးရောက်ရှိလာပါတယ်။မီးစက်ကြီးများမှာ ၅၀၀   ကေဗွီထိမြင့် ဆုံးပါရှိပြီး  အိမ်ထောင်စု (၄၀၀၀) ကိုမီးပေးနိုင်ပါတယ်။ စုစုပေါင်းမြန်မာနိုင်ငံမှ မှာယူထားတဲ့ မီးစက် ကြီးပေါင်း ၁၀၅ လုံး ထိရှိနေပြီလို့သိရပါတယ်။အခုရောက်ရှိလာတဲ့ မီးစက် ၁၁ လုံးအနက်မှ ၈လုံးကိုမန္တလေးတိုင်းဒေကြီးသို့ပေးပို့သွားမှာဖြစ်ပါတယ်။ ပြည်သူများရဲ့လျှပ်စစ်မီးလိုအပ်ချက်ကို အနည်း နဲ့ အများဖြည့်ဆည်းပေးနိုင်တော့မှာဖြစ်ပါတယ်။
          နွေရာသီ  အချိန်ဖြစ်သောကြောင့် လျှပ်စစ်သုံးစွဲမူမြင့်တက်ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများရေအား နည်းသောကြောင့် အပြည့်အ၀မလည် ပက်နိုင်ခြင်း ၊ ရွှေလီင်္ရေအားလျှပ်စစ်မှ လျှပ်စစ်တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံ ရသောကြောင့်  ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးများပိုမိုပျက်တောက်လျက်ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည်တို့တွင်လည်း  ဖယောင်းတိုင်များထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြမူ များဖြစ်ပေါ်ခဲ့ပါတယ်။ 

Wednesday, May 23, 2012

Desktop Background လှလှလေးတွေလိုချင်တယ်ဆိုရင်..

ကျွန်တော်ကတော့ Desktop Background လှလှလေးတွေအမြဲပြောင်းတင်ဖြစ်ပါတယ်.ကွန်ပျူတာဖွင့်လိုက်တာ နဲ့ စိတ်ထဲကြည်နူးသွားတယ်.စိတ်ကိုတစ်မျိုးလေးဖြစ်သွားစေတာပေါ့နော့.အဲလို Background လှလှလေးတွေ လိုချင်တယ်ဆိုရင်တော့ ဒီမှာ သွားယူလိုက်ပါ.. တော်တော်စုံပြီး တော်တော်လန်းတာလေးတွေ အများကြီးပါပဲ
:)

Desktop Icon ပြောင်းတဲ့ XUS Desktop V1.8.77 Software လေးပါ

ဒါကတော့ desktop က folder တွေနဲ့ ဖိုင်တွေ software တွေကို ဒီဇိုင်းပြောင်းတဲ့ desktop icon ကိုပြောင်းတဲ့ software ပါ. သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကဲအားလုံးပဲ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်. အထဲမှာ ထည့်ဖို့ keygen ပါ ထည့်ပေးထားပါတယ်. လိုချင်ရင် download လုပ်လိုက်ပါ. စက်လေးခြင်းဘာခြင်း မရှိပါဘူး. ပေါ့ပေါ့ပါးပါး software ဖြစ်ပါတယ်. လိုချင်တယ်ဆို ဒီမှာ
ယူလိုက်ပါ..

အမှန်တကယ် ဆန္ဒပြသင့်တာက ဘယ်သူ့ကိုလည်း ?????

ယခုရက်ပိုင်းအတွင်းတွင် လျှပ်စစ်မီး ပုံမှန်မလာသောကြောင့် ရန်ကုန်၊မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်ဝန်ကြီးဌာန အဆောက်အအုံများရှေ့တွင် ဖယောင်းတိုင်ကိုယ်စီကိုင်ဆောင်ကာ ဆန္ဒပြနေကြသည်။ဘာကြောင့်ဒီလိုမီးများပျက်သည်ကို အကြောင်းရင်းမှန်ကို မသိရှာဘဲ သူများယောင်တိုင်း လိုက်ယောင်နေကြသည်။
မေလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ များမှာ ည ၈ နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်၊ ပန်ကနိုင်း ကျေးရွာ အနီးမှာ သောင်းကျန်း သူများရဲ့ ဖောက်ခွဲ
ဖျက်ဆီး မှုကြောင့် ပျက်စီးသွားတဲ့ ၂၃၀ ကေဗွီ ရွှေလီ-မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင် များကို အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ ပြင်ဆင် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို တာဝါတိုင်များ ပျက်စီး သွားတာကြောင့် ရွှေလီ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ပို့လွှတ် နိုင်ခြင်း မရှိတာကြောင့် ဓာတ်အား စနစ် အတွင်း ၂၀၀ မဂ္ဂါဝပ် လျော့နည်းပြီး ဓာတ်အား ပြတ်တောက် လျက်ရှိ နေတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ပွား မှုကြောင့် နိုင်ငံအ၀ှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မှုမှာ ပိုမိုလျော့နည်း သွားတဲ့ အတွက် ပြည်သူများ အနေနဲ့ လျှပ်စစ်မီး ပိုမိုပြတ်တောက် ခြင်းနဲ့ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများ ရှိတာကြောင့် ဓာတ်အား အမြန် ပြန်လည် ပို့လွှတ်နိုင်ဖို့တွက် အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း တာဝန်ရှိ သူများမှ ပြင်ဆင်လျက် ရှိနေပါတယ်။

 Myanmar Express 

ကေအိုင်အေအဖွဲ့မှ ကုန်တင်ယာဉ်နှစ်စီးအား ဆက်ကြေးတောင်းပြီး ဗုံးခွဲဖျက်ဆီး

မေ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မူဆယ်မြို့နယ် နန့်ပေါ်တံတားနှင့် နမ့်အွန်ရွာအကြား ထင်ရှုးတောအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မူဆယ်မှ လားရှိုးသို့ ယာဉ်မောင်းေ သာင်းထွေးနှင့်ယာဉ်မောင်းအောင်နိုင်တို့က မောင်းနှင်လာသော ခြောက်ဘီးကုန်တင်ယာဉ် နှစ်စီးအား ယူ နီဖောင်း ဝတ်ဆင်ထားသည့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ ခုနှစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တားဆီးကာ ရပ်တန့်စေခဲ့ပြီး သောင်းထွေးထံမှ ဆက်ကြေးငွေကျပ် ၈၀၀၀၀ ကို ရယူခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း လေးဦးကို ထွက်ပြေးစေခဲ့ပြီး ယာဉ်နှစ်စီး၏ ယာဉ်မောင်းခန်းများ အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးစီဖြင့် ပစ်ခွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ဗုံးခွဲဖျက်ဆီးမှုကြောင့် ယာဉ်အမှတ် ဂ(၈ဈ/ ၇၈၇၆)၏ ခေါင်းပိုင်းဝဲဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်အမှတ် (၈ဈ/ ၇၈၈၀) ၏ ခေါင်းပိုင်းပျက်စီးခြင်း၊ ဘေးနှစ်ဖက် တံခါးမှန်ကွဲခြင်းနှင့် ကားရှေ့လေကာမှန်တွင် လက်နက်ငယ်ကျည်များ ထိမှန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အခင်းဖြစ်ပွားရာ နေရာမှ အရှည် နှစ်လက်မခွဲ၊ အချင်းတစ်လက်မခွဲခန့်ရှိ သံကိုယ်ထည်တွင် အရှည်ငါးလက်မခန့် သစ်သားလက်ကိုင်တပ် KRL 68 စာတန်းပါ မပေါက်ကွဲသေးသည့် လက်ပစ် ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရကြောင်းနှင့် ပျက်စီးသွားသည့် မော်တော်ယာဉ် နှစ်စီးအနက် တစ်စီး အား ရွှေ့ပြောင်းနိုင်ခဲ့ပြီး မေ ၂၀ ရက် နံနက် အစောပိုင်းမှစ၍ အဆိုပါလမ်းပေါ်တွင် ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

Saturday, May 19, 2012

မြန်မာ့ဆက်သွယ်ရေး ဂြိုလ်တု ၂၀၁၅ တွင်လွှတ်တင်နိုင်ရန် တရုတ် ၊ အီးယူတို့ဆွေးနွေးနေ


ဆက်သွယ်ရေး ဂြိုဟ်တုလွှတ်တင်ရန်အတွက်တရုတ် ၊အီးယူတို့နှင့်စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု  မြန်မာ့

ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ "လောလောဆယ်ဆွေးနွေးနပါတယ် ကိုယ့်နိုင်ငံအတွက်အကျိုး ရှိမယ်လို့ထင်ရင်လွှတ်တင်မယ်။ အကျိုးမရှိဘူးထင်ရင်ငှားသုံး သွားမှာပါ" ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။ " မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ " ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှုများအတွက် ဖိုင်ဘာကွန်ရက်ကို သာအဓိကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောသည်။ လက်ရှိတိုးချဲ့ဆောင်ရွက်နေသည့် ဖိုင်ဘာ ဆက်ကြောင်း

မှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်း ဆက်ကြောင်းများ ပြီးစီးပါက လားရှိုး - မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက် သွားမည်ဖြစ်

ကြောင်း၊ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

Friday, May 18, 2012

မြန်မာအပေါ် အမေရိကန်မှစီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်းပြီ


အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ယာယီရုတ်သိမ်းလိုက်ပါတယ်။ ယာယီရုတ်သိမ်းတယ်ဆို ပြီး ဖွင့်ပေးတယ်ဆိုတာကလည်း ရာသက်ပန် ရုတ်သိမ်း တဲ့ သဘောဖြစ်ပါတယ်။ မြန်မာ ဆိုသည်မှာ မြန်လည်းမြန် မာလည်း မာလို့ မြန်မာလို့ နာမည်ပေးထားတာဖြစ်ပြီး ရှေ့မှာ ပိတ်ဆို့ထားတာတွေ ရှိလို့ နှေးကွေးနေရတာ ဖြစ်ပါတယ်။ ပိတ်ဆို့မှု တွေ ရုတ်သိမ်းတဲ့ သတင်းကြောင့် မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံသားများအားလုံး ဝမ်းသာ ကြည်နူး ပျော်ရွှင်လျှက်ရှိပါတယ်။

တရုတ် နဲ့ အာဆီယံနိုင်ငံများကလည်း မြန်မာ အပေါ် စီးပွားပိတ်ဆို့မှု အပြီးရုတ်သိမ်းရေးအတွက် အမြဲလိုလိုတောင်းဆိုပေးလျှက် ရှိပါတယ်။ လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို သတိ နဲ့ ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ အပတ်က မရုတ်သိမ်းစေလိုကြောင်း ဖွင့်ပြောခဲ့ပါတယ်။ US Campaign for Burma အဖွဲ့က ပြည်တွင်းဖြစ် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး များ ကတော့ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေး ကြေညာခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ ကြေညာချက်ကို စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Wednesday, May 16, 2012

Tuesday, May 15, 2012

Run Command များ

ကွန်ပျူတာ Run box(window+R)မှာ အသုံးပြု တဲ့ Run Command များ

(This is used for command in computer ) …..
NOTE: If you interest to use this command ,you must be done as like this step.First go to the ‘run’,in this box you must be written ‘cmd’.You will see command box .In this box you write this command .Only not know computer command ………………………………………….Try it.We will get.
သုံးနည်းလေးပါ………..ပထမဆုံး”run box”ကို ဖွင့် ရမှာပါ။window key နဲ R ကို တွဲ နှိပ် ပါ။”Run box” ကျ လာပါ မယ်။အဲဒီ”Run box” မှာ “cmd”လို ရိုက် ပါ။ “command box”လေးကျ လာ ပါ မယ်။အဲဒီ “box” လေးမှာ ဒီ “command”တွေကို ရိုက် ပြီးသုံးကြည့် ပါ။သိ ပြီးသူများကို မရည်ရွယ်ပါဘူး…….
1.Accessibility Control (command box )
မှာ ရိုက် ရမှာ က access.cpl
2.Add Hardware Wizard (command box )
မှာ ရိုက် ရမှာ က hdwwiz.cpl
3.Add/Remove Programs (command box )
မှာ ရိုက် ရမှာ က appwiz.cpl
4.Administrative Tools(command box )
မှာ ရိုက် ရမှာ က control admintools
5.Automatic Updates (command box )
မှာ ရိုက် ရမှာ က wuaucpl.cpl
6.Blutetooth Transfer Wizard (command box )
မှာ ရိုက် ရမှာ က fsquirt
7.Calculator(command box )
မှာ ရိုက် ရမှာ က calc
8.Certificate Manager (command box )
မှာ ရိုက် ရမှာ က certmgr.msc
9.Character Map (command box )
မှာ ရိုက် ရမှာ က charmap
10.Check Disk Utility (command box )
မှာ ရိုက် ရမှာ က chkdsk
11.Clipboard Viewer (command box )
မှာ ရိုက် ရမှာ က clipbrd
12.Command Prompt (command box )
မှာ ရိုက် ရမှာ က cmd
13.Component Services (command box )
မှာ ရိုက် ရမှာ က dcomcnfg
14.Computer Management (command box )
မှာ ရိုက် ရမှာ က compmgmt .msc
15.Date and Time Properties (command box )
မှာ ရိုက် ရမှာ က timedate.cpl
16.DDE Shares (command box )
မှာ ရိုက် ရမှာ က ddeshare
17.Device Manager (command box )
မှာ ရိုက် ရမှာ က devmgmt.msc
18.Direct X Control Pannel (If Installed)* (command box )
မှာ ရိုက် ရမှာ က directx.cpl
19.Direct X Troubleshooter (command box )
မှာ ရိုက် ရမှာ က dxdiag
20.Disk Cleanup Utility (command box )
မှာ ရိုက် ရမှာ က cleanmgr
21.Disk Defragment (command box )
မှာ ရိုက် ရမှာ က dfrg.msc
22.Disk Management (command box )
မှာ ရိုက် ရမှာ က diskmgmt.msc
23.Disk Partition Manager (command box )
မှာ ရိုက် ရမှာ က diskpart
24.Display Properties (command box )
မှာ ရိုက် ရမှာ က control desktop
25.Display Properties (command box )
မှာ ရိုက် ရမှာ က desk.cpl
26.Display Properties (w/Appearance Tab Preselected) (command box )
မှာ ရိုက် ရမှာ က control color
27.Dr.Watson System Troubleshooting Utility (command box )
မှာ ရိုက် ရမှာ က drwtsn32
28.Driver Verifier Utility (command box )
မှာ ရိုက် ရမှာ က verifier
29.Event Viewer (command box )
မှာ ရိုက် ရမှာ က eventvwr.msc
30.File Signature Verification Tool (command box )
မှာ ရိုက် ရမှာ က sigverif
31.Findfast (command box )
မှာ ရိုက် ရမှာ က findfast.cpl
32.Folders Properties (command box )
မှာ ရိုက် ရမှာ က control folders
33.Fonts (command box )
မှာ ရိုက် ရမှာ က control fonts
34.Fonts Folder (command box )
မှာ ရိုက် ရမှာ က fonts
35.Free Cell Card Game (command box )
မှာ ရိုက် ရမှာ က freecell
36.Game Controllers (command box )
မှာ ရိုက် ရမှာ က joy.cpl
37.Group Policy Editor (XP Prof) (command box )
မှာ ရိုက် ရမှာ က gpedit.msc
38.Heart Card Game (command box )
မှာ ရိုက် ရမှာ က mshearts
39.Iexpress Wizard (command box )
မှာ ရိုက် ရမှာ က iexpress
40.Indexing Services (command box )
မှာ ရိုက် ရမှာ က ciadv.msc
41.Internet Properties (command box )
မှာ ရိုက် ရမှာ က inetcpl.cpl
42.IP Configuration (Display Connection Configuration) (command box )
မှာ ရိုက် ရမှာ က ipconfig/all
43.IP Configuration (Display DNS Cache Contents) (command box )
မှာ ရိုက် ရမှာ က ipconfig/displaydns
44.IP Configuration(Delete DNS Cache Contents) (command box )
မှာ ရိုက် ရမှာ က ipconfig/flushdns
45.IP Configuration (Release All Connections) (command box )
မှာ ရိုက် ရမှာ က ipconfig/release
46.IP Configuration(Refreshes DHCP& Re-Registers DNS) (command box )
မှာ ရိုက် ရမှာ က ipconfig/registerdns
47.IP Configuration(Display DHCP Class ID) (command box )
မှာ ရိုက် ရမှာ က ipconfig/showclassid
49.IP Configuration(Modifies DHCP Class ID) (command box )
မှာ ရိုက် ရမှာ က spconfig/setclassid
50.ava Control Panel (If Installed) (command box )
မှာ ရိုက် ရမှာ က jpicpl32.cpl
51.Java Control Panel(If Installed) (command box )
မှာ ရိုက် ရမှာ က javaws
52.Keyboard Properties (command box )
မှာ ရိုက် ရမှာ က control keyboard
53.Local Security Settings (command box )
မှာ ရိုက် ရမှာ က secpol.msc
54.Local Users and Groups (command box )
မှာ ရိုက် ရမှာ က lusrmgr.msc
55.Logs You Out of Windows (command box )
မှာ ရိုက် ရမှာ က logoff
56.Microsoft Chat (command box )
မှာ ရိုက် ရမှာ က winchat
57.Minesweeper Game (command box )
မှာ ရိုက် ရမှာ က winmine
58.Mouse Properties (command box )
မှာ ရိုက် ရမှာ က control mouse
59.Mouse Properties (command box )
မှာ ရိုက် ရမှာ က main.cpl
60.Network Connection (command box )
မှာ ရိုက် ရမှာ က ncpa.cpl
61.Network Setup Wizard (command box )
မှာ ရိုက် ရမှာ က netsetup.cpl
62.Notepad (command box )
မှာ ရိုက် ရမှာ က notepad
63.Nview Desktop Manager (If installed) (command box )
မှာ ရိုက် ရမှာ က nvtuicpl.cpl
64.Object Packager (command box )
မှာ ရိုက် ရမှာ က packager
65.ODBC Data Source Administrator (command box )
မှာ ရိုက် ရမှာ က odbccp32.cpl
66.On Screen Keyboard (command box )
မှာ ရိုက် ရမှာ က osk
67.Opens AC3 Filter (If installed) (command box )
မှာ ရိုက် ရမှာ က ac3filter.cpl
68.Password Properties (command box )
မှာ ရိုက် ရမှာ က password.cpl
69.Performance Monitor (command box )
မှာ ရိုက် ရမှာ က perfmon
70.Phone and Modem Options (command box )
မှာ ရိုက် ရမှာ က telephon.cpl
71.Power Configuration (command box )
မှာ ရိုက် ရမှာ က powercfg.cpl
72.Printers and Faxes (command box )
မှာ ရိုက် ရမှာ က control printers
73.Printers Folder (command box )
မှာ ရိုက် ရမှာ က printers
74.Private Character Editor (command box )
မှာ ရိုက် ရမှာ က eudcedit
75.Quicktime(If Installed) (command box )
မှာ ရိုက် ရမှာ က QuickTime.cpl
76.Regional Settings (command box )
မှာ ရိုက် ရမှာ က intl.cpl
77.Registry Editor (command box )
မှာ ရိုက် ရမှာ က regedit
78.Registry Editor (command box )
မှာ ရိုက် ရမှာ က regedit32
79.Remote Desktop (command box )
မှာ ရိုက် ရမှာ က mstsc
80.Removable Storage (command box )
မှာ ရိုက် ရမှာ က ntmsmgr.msc
81.Removable Storage Operator Requests (command box )
မှာ ရိုက် ရမှာ က ntmsoprq.msc
82.Resultant Set of Policy(XP Prof) (command box )
မှာ ရိုက် ရမှာ က rsop.msc
83.Scanners and Cameras (command box )
မှာ ရိုက် ရမှာ က sticpl.cpl
84.Scheduled Tasks (command box )
မှာ ရိုက် ရမှာ က control schedtasks
85.Security Center (command box )
မှာ ရိုက် ရမှာ က wscui.cpl
86.Services (command box )
မှာ ရိုက် ရမှာ က services.msc
87.Shared Folders (command box )
မှာ ရိုက် ရမှာ က fsmgmt.msc
88.Shut Down Windows (command box )
မှာ ရိုက် ရမှာ က shutdown
89.Sounds and Audio (command box )
မှာ ရိုက် ရမှာ က mmsys.cpl
90.Spider Solitare Card Game (command box )
မှာ ရိုက် ရမှာ က spider
91.SQL Client Configuration (command box )
မှာ ရိုက် ရမှာ က cliconfg
92.System Configuration Editor (command box )
မှာ ရိုက် ရမှာ က sysedit
93.System Configuration Utility (command box )
မှာ ရိုက် ရမှာ က msconfig
94.System File Checker Utility (Scan Immediately) (command box )
မှာ ရိုက် ရမှာ က sfc/scannow
95.System File Checker Utility (Return to Default Setting (command box )
မှာ ရိုက် ရမှာ က sfc/revert
96.System File Checker Utility (Purge File Cache) (command box )
မှာ ရိုက် ရမှာ က sfc/purgecache
97.System File Checker Utility (Set Cache Size to size x) (command box )
မှာ ရိုက် ရမှာ က sfc/cachesize=x
98.System Properties (command box )
မှာ ရိုက် ရမှာ က sysdm.cpl
99.Task Manager (command box )
မှာ ရိုက် ရမှာ က taskmgr
100.Telnet Client (command box )
မှာ ရိုက် ရမှာ က telnet
101.User Account Management (command box )
မှာ ရိုက် ရမှာ က nusrmgr.cpl
102.Utility Manager (command box )
မှာ ရိုက် ရမှာ က utilman
103.Windows Firewall (command box )
မှာ ရိုက် ရမှာ က firewall.cpl
104.Windows Magnifier (command box )
မှာ ရိုက် ရမှာ က magnify
105. Windows Management Infrastructure (command box )
မှာ ရိုက် ရမှာ က wmimgmt.msc
106.Windows Update Launches (command box )
မှာ ရိုက် ရမှာ က wupdmgr
107.Windows XP Tour Wizard (command box )
မှာ ရိုက် ရမှာ က tourstard
108.Wordpad (command box )
မှာ ရိုက် ရမှာ က wordpad

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews