Thursday, May 24, 2012

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အား ထိုင်းNational Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke လာရောက်တွေ့ဆုံ

From-Myanmar Express
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လာရောက်ဂါရဝ
ပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ်နှင့်အတူ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်ကိုကိုခိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးကြီးမြင့်သိန်း၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်မျိုး၊ ဒုတိယ ဗိုလ်မှူးကြီးမြင့်ထွန်းဟန်တို့ တက် ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးတို့ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား လေ့ကျင့်ရေးတိုးမြှင့်ဆောင် ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ
ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews