Tuesday, May 15, 2012

နီပေါနိုင်ငံမှာ အမည်မသိရောဂါတစ်မျိုး ဖြစ်ပွားလျက်ရှိ..

နီပေါနိုင်ငံ အနောက်ပိုင်း Myagdi ခရိုင်က Arman ကျေးရွာအုပ်စုမှာ လူ ၂၀၀ခန့် အမျိုးအမည် မခွဲခြားနိုင်တဲ့ ရောဂါတစ်မျိုး ကူးစက်ခံစားခဲ့ရကြောင်း ဒေသခံမီဒီယာ က ပြီးခဲ့တဲ့စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါရောဂါကို မိသားစု ၅၀ခန့် အများဆုံးခံစားခဲ့ရပြီး ရောဂါသည်တွေဟာ ခန္ဓာကိုယ်တုန်ရီခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ အဖျားတက်ခြင်းနဲ့ သတိလစ်မေ့မြောခြင်း စတဲ့ ဝေဒနာတွေကို ခံစားကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးသူငယ်တွေက အဆိုပါရောဂါကို အများဆုံး ကူးစက်ခံစား နေရပြီး ရွာသားတွေဟာလည်းအလားတူ ရောဂါလက္ခဏာများခံစားရပါကအမျိုးအမည်မခွဲခြားနိုင်တဲ့ ရောဂါဖြစ် တာကြောင့် ထိတ်လန့် ခြောက်ခြားနေကြကြောင်း သိရပါတယ်။ ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေး ရုံးကလည်းအဆိုပါ အမျိုးအမည်မသိတဲ့ ရောဂါပျံ့နှံ့နေတဲ့ ကျေးရွာတွေမှာထိရောက် တဲ့  ဆေးဝါးတွေ ဖြန့်ဖြူးပေးဖို့ ကျန်းမာရေး ဌာနတွေကို တိုက်တွန်း နှိုးဆော်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ Arman ကျန်းမာရေးဌာနဟာ အဆိုပါရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ရွာသားတွေကို ဆေးဝါး ဖြန့်ဖြူးပေးနိုင်ဖို့ ကျန်းမာရေး ပြုစုစောင့်ရှောက်တဲ့ စခန်းတစ်ခုကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရပါတယ်။
  
Myanmar Express

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews