Thursday, May 24, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အာဆီယံရဲချုပ်များလာရောက် တွေ့ဆုံ


From-Myanmar Express
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် နေပြည်တော်၌ ကျင်းပသည့်(၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံရဲချုပ် များနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ၊ Interpol ရဲအဖွဲ့အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်အဖွဲ့များအား မနေ့က မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်-ရဲချုပ်ကျော်ကျော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြ သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews