Thursday, May 24, 2012

မန္တလေးတိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မီးစက်ကြီးများရောက်ရှိ

    ယနေ့နံနက်မှာ ရန်ကုန်အေးရှားဝေါဆိပ်ကမ်းတွင် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ကမှာယူတင်သွင်းထားတဲ့ မီးစက်ကြီး (၁၁)လုံးရောက်ရှိလာပါတယ်။မီးစက်ကြီးများမှာ ၅၀၀   ကေဗွီထိမြင့် ဆုံးပါရှိပြီး  အိမ်ထောင်စု (၄၀၀၀) ကိုမီးပေးနိုင်ပါတယ်။ စုစုပေါင်းမြန်မာနိုင်ငံမှ မှာယူထားတဲ့ မီးစက် ကြီးပေါင်း ၁၀၅ လုံး ထိရှိနေပြီလို့သိရပါတယ်။အခုရောက်ရှိလာတဲ့ မီးစက် ၁၁ လုံးအနက်မှ ၈လုံးကိုမန္တလေးတိုင်းဒေကြီးသို့ပေးပို့သွားမှာဖြစ်ပါတယ်။ ပြည်သူများရဲ့လျှပ်စစ်မီးလိုအပ်ချက်ကို အနည်း နဲ့ အများဖြည့်ဆည်းပေးနိုင်တော့မှာဖြစ်ပါတယ်။
          နွေရာသီ  အချိန်ဖြစ်သောကြောင့် လျှပ်စစ်သုံးစွဲမူမြင့်တက်ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများရေအား နည်းသောကြောင့် အပြည့်အ၀မလည် ပက်နိုင်ခြင်း ၊ ရွှေလီင်္ရေအားလျှပ်စစ်မှ လျှပ်စစ်တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံ ရသောကြောင့်  ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးများပိုမိုပျက်တောက်လျက်ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည်တို့တွင်လည်း  ဖယောင်းတိုင်များထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြမူ များဖြစ်ပေါ်ခဲ့ပါတယ်။ 

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews