Thursday, May 24, 2012

မြန်မာ့တပ်မတော်ရေတွင် ပြည်တွင်းထုတ်လေယာဉ်တင်သင်္ဘော စတင်တိုးချဲ့တပ်ဆင်



From : The Voice
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews