Saturday, May 19, 2012

မြန်မာ့ဆက်သွယ်ရေး ဂြိုလ်တု ၂၀၁၅ တွင်လွှတ်တင်နိုင်ရန် တရုတ် ၊ အီးယူတို့ဆွေးနွေးနေ


ဆက်သွယ်ရေး ဂြိုဟ်တုလွှတ်တင်ရန်အတွက်တရုတ် ၊အီးယူတို့နှင့်စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု  မြန်မာ့

ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ "လောလောဆယ်ဆွေးနွေးနပါတယ် ကိုယ့်နိုင်ငံအတွက်အကျိုး ရှိမယ်လို့ထင်ရင်လွှတ်တင်မယ်။ အကျိုးမရှိဘူးထင်ရင်ငှားသုံး သွားမှာပါ" ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။ " မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ " ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှုများအတွက် ဖိုင်ဘာကွန်ရက်ကို သာအဓိကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောသည်။ လက်ရှိတိုးချဲ့ဆောင်ရွက်နေသည့် ဖိုင်ဘာ ဆက်ကြောင်း

မှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်း ဆက်ကြောင်းများ ပြီးစီးပါက လားရှိုး - မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက် သွားမည်ဖြစ်

ကြောင်း၊ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews