Friday, June 22, 2012

ဒုံးကျည် ပစ်စင်များ မြောက်ကိုရီးယားသို့ ပေးပို့ခဲ့ သည်ဆိုခြင်းကို တရုတ်ငြင်းဆို

တရုတ်နိုင်ငံသည် ပြီးခဲ့ သည့်နှစ် အ တွင်း ကုလသမဂ္ဂ၏ ပိတ်ဆို့တား ဆီးမှုများကိုချိုးဖောက်၍မြောက် ကိုရီးယားနိုင်ငံသို့ တိုက်ချင်းပစ် ဒုံးကျည်ပစ်စင်လေးခု ပေးပို့လိုက် သည်ဆိုသော မီဒီယာသတင်းများ ကို ဘေဂျင်း အစိုးရကငြင်းဆို လိုက်သည်။ရွေ့လျားသယ်ဆောင်နိုင်သော ဒုံးကျည်ပစ်စင်များ ကိုရေ ကြောင်းမှတစ်ဆင့် မြောက်ကိုရီး ယားနိုင်ငံသို့ ပေးပို့လိုက်သည်ကို တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်ဂြိုဟ်တုများက ထောက်လှမ်း သိရှိခဲ့ကြောင်း ဂျပန်မီဒီယာများ တွင်ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များအရ ပိတ်ပင်ထားသော ပစ္စည်းကိရိ ယာများကို တရုတ်ကုမ္ပဏီများ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ သို့ ပေးအပ်ခဲ့ခြင်းမရှိကြောင်း တရုတ်င်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လျူဝေမင်းက ပုံမှန်သတင်းထုတ်ပြန်ချက်တစ် ရပ်တွင်ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင် ငံတွင် နျူကလီးယား မပြန့်ပွားရေးနှင့် ပတ်သက်၍တရုတ်နိုင်ငံက အစဉ် တစိုက် ဘက်ပေါင်းစုံမှ ပါဝင်ဆွေး နွေးနေပြီး ကုလသမဂ္ဂ၏ ဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာဆောင်ရွက် လျက်ရှိကြောင်း တရုတ်ပြောရေး ဆိုခွင့်ရှိသူက ဆက်လက်ပြော ကြားသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews