Thursday, June 28, 2012

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်

ကိုရီးယားစစ်ပွဲ ဖြစ်ပွား ခဲ့သည့်၆၂ နှစ်မြောက် နှစ် ပတ်လည် အကြိုအဖြစ်   တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည်ကြီးမား သည့် ရေကြာင်းစစ်ရေး လေ့ကျင့်မှုတစ်ရပ် ကို ပြဿနာ တင်းမာနေသည့် ပင် လယ်ဝါအတွင်း စနေနေ့က စတင်ခဲ့ သည်ဟုပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ထုတ်ဖော်ပြောဆိုလိုက်သည်။ထိုကဲ့သို့  စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ် သင်္ဘော ၁၀ စင်းနှင့် အတူ၊ အမှုထမ်း ၈၀ဝ၀ လိုက်ပါနိုင်သည့်အမေရိကန်ဂျော့ဂ်ျ ဝါရှင်တန်လေ ယာဉ်တင် သင်္ဘော နှင့် တိုက်လေယာဉ် ရာနှင့်ချီ၍ ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ကြေ ညာခဲ့သည်။ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်နေချိန် တွင် ပြုလုပ်သည့် အဆိုပါ ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှု သည် ဂျပန်ပင်လယ် (အရှေ့ပင် လယ်) နှင့် ပင်လယ်ဝါတို့တွင် တစ်လှည့်စီ နှစ်စဉ်ပြုလုပ်လေ့ရှိ သည်ဟု ဆိုသည်။


 တောင်ကိုရီးယားနှင့် အမေရိ ကန်တပ်ဖွဲ့များသည် မြောက်ကိုရီး ယား၏ တိုက်ခိုက်မှုတစ်စုံတစ်ရာ အတွက် တုံ့ပြန်ရန်အလို့ငှာ စမ်း သပ်သည့်အနေဖြင့်အကြီးမားဆုံး ပစ်ခတ်ရေး လေ့ကျင့်မှု တစ်ရပ်ကို လုပ်ကိုင်ခဲ့သည်ဟုဆိုသည်။ မြောက်ကိုရီးယား နယ်စပ် အနီး ပိုချီယွန်ရှိ အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၂၀ဝ၀ နှင့်အတူ ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများ၊ အပါချီ တိုက်ခိုက် ရေး ရဟတ်ယာဉ်များ၊A-10 တင့် ကား ဖျက်တိုက်လေယာဉ်၊ ဒုံးကျည် များ၊ ရော့ကက်လောင်ချာများပါ ဝင်သည်ဟုသိရသည်။ကြာသပတေးနေ့နှင့် သော ကြာနေ့တို့တွင် အမေရိကန်၊ တောင် ကိုရီးယားနှင့် ဂျပန်တို့သည်တောင် ကိုရီးယား တောင်ဘက်ရှိ ဂျီဂျု ကျွန်းကမ်းလွန်ဒေသတွင် သီးခြား စစ်ရေးလေ့ ကျင့်မှုကို ပြုလုပ်ခဲ့ ကြောင်းဖျက် သင်္ဘောများ၊ ရိက္ခာ ဖြည့်သင်္ဘောများနှင့် ရဟတ်ယာဉ် များ ပါဝင်ကြောင်းသိရသည်။ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်ခြင်းသည် “မဆင်ချင်သောရန်စခြင်း” သာ ဖြစ်ကြောင်း မြောက်ကိုရီးယားက လူသိရှင်ကြား စွပ်စွဲပြောဆိုလိုက် သည်။ ဧပြီလတွင်မြောက် ကိုရီးယား ၏ မအောင်မြင်သော ဒုံးကျည် ပစ် လွှတ်မှုဖြစ်ပြီးနောက်တွင် တင်းမာ မှုသည် အမြင့်ဆုံးဖြစ်လာခဲ့သည်။“ယခုလို ပူးတွဲစစ်ရေးလေ့ ကျင့်တယ်ဆိုတာဟာ စစ်ဆင်ရေး စွမ်းရည်နဲ့ တိုက်ပွဲအသင့်စွမ်းရည် ရအောင် စမ်းသပ်တာပဲ ဖြစ်ပါ တယ်။ မြောက်ကိုရီးယားက တိုက် ခိုက်လာ ရင်ချက်ချင်းတုံ့ပြန်နိုင်စွမ်း အတွက်ပါ”ဟု ရေတပ်ဗိုလ်ချုပ် ပါ့တ်ဆောင်ဘေးက သောကြာနေ့ တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗီးနပ်နယူး

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews