Wednesday, June 27, 2012

ဂျပန်ဝန်ကြီးချုပ်က နျူကလီးယားဓာတ် ပေါင်းဖိုများ ပြန်လည်ဖွင့်လှစ်ရန် အမိန့် ပေး

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ သည်ကန်ဆိုင်း လျှပ်စစ်စွမ်းအား ကုမ္ပဏီအားဖူကွီဒေသ ရှိ နျူကလီး ယား ဓာတ် ပေါင်းဖိုနှစ်ခုအား ပြန်လည်ဖွင့်လှစ်ရန် ဇွန် လ ၁၆ ရက်နေ့တွင် အမိန့်ပေးလိုက် ကြောင်း သိရသည်။ ဖူကွီဒေသ အုပ်ချုပ် ရေးမှူး    အစ်ဆေး နီရှီကာ ဝါကလည်း နျူကလီးယားဓာတ်ပေါင်း ဖိုနှစ်ခုကို ပြန်လည်ဖွင့်လှစ်ရန်သဘောတူ ညီ ချက်ပေး ခဲ့သည်။လွန်ခဲ့သည့် နှစ်ကဖူကူရှီး မား နျူကလီးယားယိုစိမ့် မှု ပြဿ နာပေါ်ပေါက်ခဲ့ ပြီးနောက် ယခုကဲ့သို့ ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် ဖွင့်လှစ်ခြင်းမှာ နျူကလီးးယား ဓာတ်ပေါင်းဖိုများကို ပိတ်ပြီးမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။ ကျိုတိုမြို့မြောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ အွိုင် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်-၃ နှင့် အမှတ်- ၄ ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျိုတိုမြို့သည် လူဦးရေ ၁ ဒသမ ၃၈ သန်း နေထိုင်ပြီး ကမ္ဘာလှည့်ခရီးသည် တို့အကြား ရေပန်း စားသည့် နေရာတစ်ရပ်လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ နျူကလီးယားဓာတ်ပေါင်းဖို ပေါင်း ၅၀ ကို ပြန်လည်ပြုပြင်စစ်ဆေးမှု များပြုလုပ်ရန်အတွက် ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။၂၀၁၁ ခုနှစ် မတ်လတွင် ဖူကူ ရှီးမားဒေချိုင်း နျူကလီးယားစက်ရုံ၌ နျူ ကလီးယားယိုစိမ့်မှုပြဿနာပေါ်ပေါက်ခဲ့ ပြီးနောက် ဂျပန်လူ ထုက စိုးရိမ်ထိတ်လန့် မှုများ ဖြစ်ပွားနေသောကြောင့် နျူကလီးယား ဓာတ်ပေါင်းဖို များကို ပြန်လည်ဖွင့် လှစ်ရန် တုံ့ဆိုင်းနေခဲ့ရခြင်းဖြစ်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews