
အင်ဂျင်ပါဝါ ၁၃၀ဝ စီစီဖြစ်ကာ ကညနမှလိုင်စင်ရသည် အထိဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အဆိုပါ ကားကုမ္ပဏီမှ တာဝန်ခံကရှင်းပြသည်။ “ကုမ္ပဏီတွေအနေနဲ့ သူတို့ရောင်းနိုင် တဲ့ဈေးနဲ့ရောင်းတာပါ။ ဒါကို ဈေးကွက်ဖျက်တယ်လို့ ပြောလို့ မရပါဘူး။ ကားပွဲစားတွေ အနေနဲ့ကလည်း သူတို့ ဘာဖြစ်လို့ ရောင်းနိုင်တာလဲ၊ ငါတို့လည်း ရောင်း နိုင်အောင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားရမှာပါ။ အခုလို တန်ဖိုးနည်းကားတွေ ရောင်းပေးတော့ လူတိုင်း နီးပါး ကားစီးနိုင် ပြီး နိုင်ငံတော်ဖွံ့ဖြိုးတာပေါ့”ဟု ကားဝယ်ရောင်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။ ၂၀ဝ၇ မော် ဒယ်နှင့်အထက် ၁၃၀ဝ စီစီကားများကို မည်သူမဆို တင်သွင်းနိုင်သော မူဝါဒအသစ် ဖွင့်ပြီးနောက်ပိုင်း ကားဈေးများ ဆက်တိုက်ကျဆင်းကာ ဂျာနယ်နှင့် သတင်းစာများတွင် ကားရောင်း လိုသောသတင်းများ များပြားနေကြောင်း၊ ထို့အပြင် ကားကုမ္ပဏီများနှင့် Show Room များ အများ အပြားပေါ်ပေါက်လာပြီး အပြိုင်အဆိုင်ဝန်ဆောင်ရောင်း ချနေကြကြောင်း၊ံHONDA Fit ကားများသည် ဟံသာဝတီကားဝင်းအတွင်း တွင် မော်ဒယ် ၂၀ဝ၇/ဝ၈ ဆိုလျှင် ကျပ်သိန်း ၁၆၀ ဝန်းကျင် ဈေးပေါက်ကာ အရောင်းအဝယ် ရပ်ဆိုင်းနေကြောင်း စုံစမ်းသိရသည်။
ဗီးနပ်နယူး
0 comments:
Post a Comment