
ဝါသနာအရလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ရေပြင်ကျယ်ကြီးတွေကို နှစ်သက်တာကြောင့် ဒီကျွန်းကို ဝယ်ယူခဲ့တာလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ် တိုင်းတာမှုများအရ လာရီအယ်လ်လီဆန်သည် အမေရိကန်နိုင်ငံ၏ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပြီး ၎င်းဝယ်ယူလိုက်သည့် Lanai ကျွန်းမှာ ဂေါက်ကွင်းများ၊ အပန်းဖြေစခန်းများ၊ ဇိမ်ခံအိမ်ကြီးများနှင့် စည်ကားသည့် ကျွန်းကြီးတစ်ကျွန်းလည်း ဖြစ်သည်။ အယ်လီဆန်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၃၆ ဘီလျံဖြစ်ပြီး အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်သည်။ Lanai ကျွန်း၏ အကျယ်မှာ ၁၄၁ စတုရန်းမိုင် ရှိပြီး ကမ္ဘာ့အဆင့်ရှိ ဂေါက်ကွင်းများက ဂေါက်ရိုက် ဝါသနာကြီးသူ အယ်လီဆန်အတွက် စိတ်ကျေနပ်စရာ ဖြစ်သည်။ဆက်စပ် ဖော်ပြမှုများအရ Microsoft ကုမ္ပဏီ၏ ပိုင်ရှင် ဘီလျံနာတစ်ဦးဖြစ်သူ ဘီလ်ဂိတ်သည် ၁၉၉၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် သူ၏ မင်္ဂလာပွဲတွင် Lanai ကျွန်းမှ ဟိုတယ်အခန်းများ အားလုံးကို မှာယူခဲ့ကြောင်း သိရသည်။
ပြည်မြန်မာ
0 comments:
Post a Comment