
အဆိုပါ ဖျက်ဆီးခဲ့တဲ့
မူးယစ်ဆေးဝါး တွေရဲ့တန်ဖိုး အနေနဲ့ ကတော့ မြန်မာ ငွေကျပ် တစ်သောင်း
တစ်ထောင့် ကိုးရာ ခုနှစ်ဆယ့် ခြောက်သိန်း ကျော်ခန့် ရှိပြီး အမေရိကန်
ဒေါ်လာ အနေနဲ့ ၁၄ သန်းကျော် ဖိုးကို ဖျက်ဆီး မီးရှို့ခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။ အဆိုပါ ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါး တွေဟာ
ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပဲခူးတိုင်း ဒေသကြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီ တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး များကို ဖျက်ဆီး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပဲခူးတိုင်း ဒေသကြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီ တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး များကို ဖျက်ဆီး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို မီးရှို့ ဖျက်ဆီးမူဟာ
ပြည်တွင်းမှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို
အမျိုးသားရေး တာဝန် တစ်ရပ် အနေနဲ့ ခံယူပြီး လူထုလှုပ်ရှားမှု အသွင်နဲ့
ဝိုင်းဝန်း ဆောင်ရွက် လျက်ရှိတာကို လက်တွေ့ ပြသတဲ့ အထိမ်းအမှတ်လည်း
ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့
ပတ်သက်ပြီး ယခုလက်ရှိမှာ ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ အထိ ၁၅ နှစ်
စီမံကိန်း ရေးဆွဲကာ ပြုလုပ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
(mrtv-4)
0 comments:
Post a Comment