
ပါတယ်။နာမည်ကျော် စာရေးဆရာကြီး ချားလ်ဒစ်ကင်ရဲ့
ဝတ္ထုစာအုပ်နာမည် ဖြစ်ပါတယ်။
ငယ်စဉ်က အားကျခဲ့တဲ့ သူတွေဟာ မျက်လှည့်ပညာရှင် မဟုတ်ကြောင်း ပြောပြရာမှာ..
“ကျွန်တော် တကယ့်ကို စွဲလမ်းအားကျတဲ့သူတွေကမင်းသားကြီးဂျင်းကယ်လီနဲ့ဖရက်ဘက်တာရီနဲ့ အော်လ်ဆန်ဝဲလ်၊ နောက်ပြီး
ဝေါ
(လ်)ဒစ္စနေး တို့ ဖြစ်ကြပါတယ်။
သူတို့မှာ တခြားလူတွေနဲ့ မတူတဲ့ သီးခြား အနုပညာပုံစံတွေ ရှိနေကြပြီး
လူတွေကို စိတ်လှုပ်ရှားအောင် ဖန်တီးနိုင်စွမ်း ရှိတယ်။ ဒီအတိုင်း
မျက်လှည့်မှာလည်း ကျွန်တော် လုပ်ပြချင်တယ်။ မျက်လှည့်ဆိုတာ ရသစုံလင်စွာနဲ့
ဆန်းကြယ်တဲ့ စိတ်ကူးနဲ့ ဆွဲဆောင်မှုရှိရ မယ်။ ပျော်စရာလည်းကောင်း ရမယ်။
ကြောင်တောင်တောင် ဂေါက်တောက်တောက်နဲ့ ရယ်စရာကောင်း တာလည်း ဖြစ်ရမယ်။
သီချင်းရေးသူတစ်ယောက် ဒါမှမဟုတ် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်က
သူ့ခံစားချက်ကို အမျိုးမျိုး ဖော်ပြတာမျိုးပေါ့”။ကမ္ဘာပေါ်မှာ
ဝင်ငွေအကောင်းဆုံး မျက်လှည့်ဝိဇ္ဇာအဖြစ် ရပ်တည်နိုင်ခဲ့ပြီး
အမ်မီဆု ၂၁ ဆုနဲ့ ဂင်းနစ်စံချိန် စာအုပ်မှာ ၁၁ ကြိမ် စာရင်းဝင်ခဲ့ပြီး
ဖြစ်တဲ့ ဒေးဗစ်ဟာ လစ်ဘာတီရုပ်ကြီးနဲ့ ရထားတွဲ၊ ဂျက်လေယာဉ်ကြီးတွေကို
ပျောက်ကွယ်သွားအောင် မျက်လှည့်အစွမ်းနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြီးပါပြီ။
လေထဲမှာလည်း ပျံဝဲပြခဲ့ပြီးပါပြီ။ သူပြောပြတာက.. “မိုးရွာတာကိုပျောက် သွားအောင် လုပ်ပေးဖို့ လူတွေ ဘယ်တော့ တောင်းဆိုမလဲ” တဲ့။
နောက်ပြီးတော့.. “မက်ဟက်တန်ရပ်ကွက် တစ်ခုလုံးကို အဲဒီက
ဂျလ်နီဖာလိုပက်(ဇ်)ရဲ့ ကြီးမားတဲ့ တင်ပါးထဲမှာ ပျောက်ကွယ်သွားအောင်
ကျွန်တော် လုပ်နိုင်တယ်” လို့ ဟာသနှောပြီး ပြောသွားပါတယ်။ သူ့ရဲ့
နောက်တစ်ခါ ပြကွက်နဲ့ ပတ်သက်လို့... “စင်ပေါ်မှာ မိန်းကလေးတစ်ယောက်
ကိုယ်ဝန်ရှိသွားတာမျိုးကို ပြသချင်ပါတယ်။ ဒါပေမဲ့ သူ့အလိုလို
ကိုယ်ဝန်ရသွားတာ ဖြစ်ပြီး ယောက်ျား တစ်ယောက်ယောက်နဲ့ ဆက်ဆံပြီးမှ ရတာမျိုး
မဟုတ်ဘူးနော်။ ဒါဆိုရင် လူတိုင်းက ပျော်ရွှင်ကြမှာပဲ။ ဒါပေမဲ့ ဒီအကြောင်းကို
ခုခင်ဗျားတို့ကို မပြောဘူးနော်”။
8 Day