Saturday, June 23, 2012

ကျော်ကိုကို ဟက်ထရစ် ဂိုးနှင့်အတူ အဖွင့်ပွဲတွင် ဂိုးပြတ် အနိုင်ရသည့် မြန်မာယူ - ၂၂

ယနေ့ ညနေ ၆နာရီ ၁၅မိနစ် အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂နှင့် ဖိလစ်ပိုင် ယူ-၂၂တို့ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက နောက်မှ လိုက်ကစား ခဲ့ရသော်လည်း ကျော်ကိုကို ခြေစွမ်းပြမှုနှင့် ယနေ့ ညနေ ၆နာရီ ၁၅မိနစ် အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂နှင့် ဖိလစ်ပိုင် ယူ-၂၂တို့ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက နောက်မှ လိုက်ကစား ခဲ့ရသော်လည်း ကျော်ကိုကို ခြေစွမ်းပြမှုနှင့် အတူ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ဖိလစ်ပိုင် အသင်းက စပေးဘော ပေးသည်နှင့် မြန်မာတို့ တရစပ် တက်ဖိအားပေးခဲ့ ရာ ကျော်ကိုကို ဘောလုံး ရယူနိုင်ခဲ့ပြီး စက္ကန့်ပိုင်း အတွင်း ကိုက် ၃၀ကျော်ခန့် အကွာမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ ယင်းပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်ခဲ့သော်လည်း နောက်ခံလူများ ထိထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် ၄မိနစ်ခန့်အထိ ဆက်တိုက် ဖိကစား နေခဲ့ပြီး ၅မိနစ်၌ တန်ပြန်
တိုက်စစ်မှ တစ်ဆင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ဖိလစ်ပိုင်အသင်းအား ကန်ခွင့် ပေးခဲ့ရသည်။ ယင်း ပင်နယ်တီအား ခရစ္စတီယမ်က အပိုင် ကန်သွင်းကာ ဖိလစ်ပိုင်တို့ အဖွင့်ဂိုး စတင် ရရှိခဲ့သည်။

၈မိနစ်တွင် မြန်မာ တိုက်စစ်မှူး ကျော်ကိုကို ဧရိယာ အတွင်းမှ ခေါင်းတိုက်ခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း တိုက်ချက် လျှံထွက် သွားခဲ့သည်။ မြန်မာအသင်းသည် ဂိုးပေး လိုက်ရပြီး နောက်ပိုင်းတွင် ကစားကွက် တည်မရဘဲ ဖြစ်နေခဲ့ပြီး ဖိလစ်ပိုင် အသင်းကလည်း တောက်လျှောက် ဖိအားပေးရန် အားထုတ်ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၁၅မိနစ် ရောက်သည်အထိ ချေပဂိုး မရသည့် အပြင် အပိုင် အခွင့်အရေးပင် မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။ ၁၅မိနစ်တွင် မြန်မာတို့ နှစ်ကြိမ်ဆက် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး ဒုတိယ တစ်ကြိမ်တွင် ဂိုးသမား ပုတ်ထုတ်ရာမှ ကျလာသည့် ဘောလုံး ဖိလစ်ပိုင် နောက်ခံလူ လက်ထိသဖွယ် ဖြစ်ခဲ့သော်လည်း ဒိုင်ဖြစ်သူက ငြင်းဆန်ခဲ့သည်။
 ၁၇မိနစ်တွင် ကျော်ဇေယျာဝင်း ထောင့်ကန်ဘောမှ တစ်ဆင့် ကျော်ကိုကို အပိုင် ခေါင်းတိုက်ခဲ့ သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ ၁၈မိနစ်တွင် ရန်အောင်ဝင်း ညာဘက်ခြမ်းမှ ထိုးဖောက် ဖန်တီးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း ပိတ်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ထိချက် မမှန်ခဲ့ပေ။ ၂၁မိနစ်တွင် နန္ဒလင်းကျော်ချစ် ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံးအား အပိုင် ကန်သွင်းကာ ဂိုးပေါက်ထဲ ကန်သွင်းခဲ့ သော်လည်း လူကျွံဘော ဖြစ်နေခဲ့သည်။

၂၃မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ပြန်အံကျလာသည့် ဘောလုံးအား ဖြိုးကိုကိုသိန်း ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ရှင်းထုတ်ခဲ့သည်။ မြန်မာအသင်းသည် ထောင့်ကန်ဘောများ အကြိမ်ကြိမ် ရရှိသည်အထိ ဖိကစားနေခဲ့ သော်လည်း ဖိလစ်ပိုင် ဂိုးပေါက်ထဲ ဂိုးအဖြစ် ကန်သွင်းနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေခဲ့သည်။ ၂၇မိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ဖိလစ်ပိုင် ကစားသမား ၃ဦးအား လိမ်ခေါက် ကျော်ဖြတ်ရာ ဖိလစ်ပိုင် နောက်ခံလူ ဥပဒေပ တားသဖြင့် ပြစ်ဒဏ်ဘော ဖြစ်ခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်တင်ပေးရာ ကျော်ကိုကိုက ထောင့်ကျဉ်းထဲသို့ လှလှပပ ကန်သွင်းခဲ့ပြီး ချေပဂိုး ပြန်လည် ရရှိခဲ့သည်။

မိနစ် ၃၀တွင် မြန်မာအသင်း ညာခြမ်းမှ ထိုးဖောက်မှုမှ တစ်ဆင့် ကြည်လင်း ကန်သွင်းခွင့် ရခဲ့သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ ၃၂မိနစ်တွင် ကြည်လင်း ညာခြမ်းမှ လှလှ ပပ ဖြတ် တင်ပေးမှု နောက်ခံလူ ဖျက်ထုတ်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ၃၄မိနစ်တွင် ၁၃ကြိမ်မြောက် ထောင့်ကန်ဘော ရရှိသည်အထိ ဖိလစ်ပိုင် အသင်းဘက်သို့ ဖိကစားလျက် ရှိသည်။

၃၈မိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ဖြတ်တင်ပေးမှုအား ကျော်ကိုကို ကန်သွင်းခဲ့ သော် လည်း နောက်ခံလူ ထိထွက် သွားခဲ့သည်။ ၃၉မိနစ်တွင် ကျော်ဇေယျာဝင်း နောက်ပေါက်ဖြင့် ချပေးသည့် ဘောလုံးအား သိန်းသန်းဝင်း ဘယ်ခြမ်းမှ ဖြတ်တင်မှု ရန်အောင်ဝင်း ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့ပြန်သည်။ ၄၁မိနစ်တွင် ကွင်းလယ်မှ ကြည်လင်း ထိုးပေးသည့် ဘောလုံးအား လူကျွံ ထောင်ခြောက်မှ လွတ်ထွက် သွားသည့် ကျော်ကိုကိုက ဆွဲယူကာ အပိုင် ကန်သွင်းခဲ့ပြီး မြန်မာတို့ အတွက် ဦးဆောင်ဂိုး ရရှိခဲ့သည်။

ထို့နောက်တွင် မြန်မာအသင်းက ဆက်လက် ဖိကစားခဲ့ရာ ပထမပိုင်း နာကျင်အချိန်ပိုတွင် ညာခြမ်းမှ ဖြတ်တင်ပေးမှုအား ကျော်ကိုကို အသာ လမ်းကြောင်းပြောင်း ကန်သွင်းခဲ့ကာ ၎င်း၏ ဟက်ထရစ်ဂိုးအား ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် မြန်မာတို့က ၃-၁ဂိုးဖြင့် ပွဲအား ဦးဆောင်ထား နိုင်ခဲ့သည်။ 


ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းက ဖိလစ်ပိုင် အသင်းအား ဆက်လက် ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။ ၅၁မိနစ်တွင် ကြည်လင်း ဖန်တီးပေးသည့် ဘောလုံးအား ကျော်ကိုကို လွတ်ထွက် ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးသမား ထိထွက်ခဲ့ပြီး ယင်းဘောလုံးအား ကျော်ဇေယျာဝင်း အပိုင် ကန်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲသွားခဲ့သည်။ ၅၂မိနစ်တွင် ညာခြမ်းမှ ထိုးဖောက်ရာမှ ပြန်အံ လာသည့် ဘောလုံးအား ကြည်လင်း တစ်ချက်တားကာ အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးသမား မိခဲ့သည်။ ၅၄မိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ထိုးဖောက် ကန်သွင်းမှု ဂိုးသမား ပုတ်ထုတ်ခဲ့၍ ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ တစ်ဖန် နန္ဒလင်းကျော်ချစ် ဖန်တီးပေးမှုအား ကျော်ဇေယျာဝင်း ကန်သွင်းခဲ့ သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့ပြန်သည်။

၅၆မိနစ်တွင် ကျော်ကိုကို ဖန်တီးပေးသည့် ဘောလုံးအား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဂိုးသမားကိုပါ လိမ်ခေါက် ကန်သွင်းခဲ့ သော်လည်း ဂိုးတိုင်ထိထွက် ခဲ့၍ တစ်ဂိုး နစ်နာခဲ့သည်။ ၅၇မိနစ်တွင် နန္ဒလင်းကျော်ချစ် နေရာတွင် သက်နိုင် ၀င်ရောက် ကစားခဲ့သည်။ ၅၉မိနစ်တွင် လူစားဝင် ကစားသမား သက်နိုင် အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။

၆၄မိနစ်တွင် နိုင်လင်းဦး အဝေးမှ အပြင်း ကန်သွင်းချက် နောက်ခံလူ ထိကာ လမ်းကြောင်း ပြောင်းခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောအား ဇော်မင်းထွန်း ခေါင်း တိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော်ခဲ့သည်။ ၆၉မိနစ်တွင် ကျော်ဇေယျာဝင်း ဖန်တီးပေးသည့် ဘောလုံးအား ကျော်ကိုကို ဆွဲဝင်ကာ ဂိုးရှေ့ ဖြတ်တင်သလိုနှင့် ဂိုးပေါက်ထဲ ကန်သွင်းခဲ့ရာ ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။  ထို့နောက်တွင် ဇော်မင်းထွန်း နေရာတွင် ရဲဇော်ထက်အောင်အား ထည့်သွင်းခဲ့သည်။

၇၆မိနစ်တွင် မြန်မာအသင်း ကွင်းလယ်မှ အမှတ်မထင် လှမ်းကန်မှုအား ဂိုးသမား ပြန်ပုတ်ထုတ် ခဲ့ရာ ကျော်ဇေယျာဝင်းက နောက်တန်းနှင့် ဂိုးသမား တို့အား လိမ်ခေါက်ကာ မြန်မာတို့အတွက် ပဉ္စမမြောက် ဂိုးအား သွင်းယူ ပေးခဲ့သည်။ ၇၉မိနစ်တွင် မြန်မာအသင်းက ကျော်ကိုကိုအား ကောင်းစည်သူဖြင့် အစားထိုး ခဲ့သည်။ ၈၄မိနစ်တွင် ကြည်လင်း ဧရိယာ အပြင်မှ ဘယ်ခြေဖြင့် ကန်ချက် ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ထို့နောက်တွင် နှစ်ဖက်စလုံး ဂိုးထပ်မရတော့ဘဲ မြန်မာက ၅-၁ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် လာမည့် ဇွန်လ ၂၅ရက်နေ့ ည ၆း၁၅ အချိန်တွင် ဒုတိယပွဲစဉ် အဖြစ် ဗီယက်နမ် အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews