Tuesday, June 26, 2012

နိုင်ငံကြီးသား ပီသစွာ အားပေးခဲ့တဲ့ ပရိတ်သတ်ကို အထူးကျေးဇူးတင်

ဗီယက်နမ် ၁-၃ မြန်မာ ပွဲစဉ်တွင်း ကွင်းလုံးပြည့် နီးပါး ပရိသတ်များ လာရောက် အားပေးခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ် ခဲ့သည့်အပြင် အသင်းအား အကောင်းဆုံး ထောက် ပံ့အားပေး ခဲ့သည့် မြန်မာ ဘော လုံးချစ် ပရိသတ်ကြီးအား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ချီးကျူးစကား ဆိုခဲ့သည်။
"ပရိသတ်က နိုင်ငံကြီးသား ပီပီ အားပေးလိုက်တာက ကျွန်တော်တို့ လူမျိုးရဲ့ အဆင့်အတန်း ကို ပြလိုက် နိုင်တာပါပဲ။ ဒီအတွက်လည်း ကွင်းထဲထိ လာရောက်ပြီး မြန်မာအသင်းကို စည်းကမ်းတကျ အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်" ဟု ဦးဇော်ဇော်က ပွဲအပြီးတွင် Soccer Myanmar သို့ ပြောကြားခဲ့သည်။


ပထမနေ့ ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲစဉ်တွင် ပရိသတ် တစ်ဦး ပစ်ပေါက်လိုက်သည့် ခဲတစ်လုံး ကွင်းအတွင်း ၀င်ရောက်ခဲ့ပြီးနောက် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များအား ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက သတိပေးခဲ့ သေးသည်။ သို့သော် ယနေ့ပွဲစဉ်တွင် ပရိသတ်များ အားလုံး စနစ်တကျ အားပေးခဲ့သည့် အပြင် "မြန်မာဟေ့" ဆိုသည့် သံပြိုင် ဟစ်ကြွေးသံက သုဝဏ္ဏကွင်း၌ ပဲ့တင်ထပ် နေခဲ့သည်။

"ဒီကနေ့ပွဲ ပရိသတ် အားပေးပုံကို ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ကတောင် ချီးကျူးခဲ့ပါတယ်။ ဒါကလည်း အားလုံးက ပူးပေါင်း ဆောင်ရွက်လို့ ရခဲ့တာပါ။ ပရိသတ်တွေ၊ မီဒီယာတွေ၊ လုံခြုံရေး အဖွဲ့ဝင်တွေ၊ ဘောလုံး အဖွဲ့ချုပ်က သူတွေ အားလုံးက စနစ်တကျ ကြိုတင် ပြင်ဆင်မှုကြောင့် ရခဲ့တဲ့ အကျိုးရလဒ်ပါ။ မြန်မာ ပရိသတ်တွေဟာ ယဉ်ကျေးစွာနဲ့ အားပေးနိုင်တယ် ဆိုတာကိုလည်း သက်သေ ပြလိုက်နိုင်ပါတယ်။ ဒီပုံစံအတိုင်း နောက်လာမယ့် ပွဲစဉ်တွေမှာ ဆက်လက် အားပေးကြဖို့လည်း မျှော်လင့်ပါတယ်" ဟု ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာအသင်း ပရိသတ်များအား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံတို့က ချီးကျူး ခဲ့သည့်အပြင် ဗီယက်နမ် နည်းပြနှင့် မြန်မာအသင်း နည်းပြတို့ကလည်း ချီးကျူးခဲ့ကြောင်း သိရသည်။ "ဒီကနေ့ ပွဲစဉ်ဟာ ပွဲကောင်း တစ်ပွဲပါ။ စိတ်လှုပ်ရှား ဖို့လည်း ကောင်းပါတယ်။ နှစ်သင်းစလုံး ကစားတာ ကောင်းခဲ့ပြီး မြန်မာအသင်းက ပိုကောင်းလို့ အနိုင်ရခဲ့ တာပါ။ ပရိသတ်  အားပေးပုံက အရမ်းကို ကောင်းပါတယ်။ ဒီထောက်ပံ့မှုကို မြန်မာအသင်း ရရှိခဲ့ပြီး နိုင်ပွဲရခဲ့တာပါ" ဟု ဗီယက်နမ် နည်းပြချုပ် လုဒင်သောင်းက ပြောကြားခဲ့သည်။

ပတ်ဆောင်ဟွာကမူ "ပရိသတ် အားပေးမှု အရမ်းကို ကောင်းပါတယ်။ ဒီပုံစံ အတိုင်းဆို မြန်မာ့ ဘောလုံး ဆက်ပြီး တိုးတက်လာ ဦးမှာပါ" ဟု ချီးကျူးခဲ့သည်။ဘောလုံးသမားတွေကလည်းပြောပါတယ် ပရိတ်သတ် သူတို့ရဲ့ခွန်အား၊ အားဆေးတစ်ခွက်ပါပဲတဲ့  ကိုယ်တိုင်အားမပေးနိုင်ပေမဲ့ သွားရောက်အပင်ပန်းခံ ဒုက္ခခံ၊ အ သံတွေဝင်တဲ့အထိ အားပေးတဲ့ မြန်မာချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ နောင်လာမည့်  ကိုရီးယားနဲ့ပွဲမှာလည်း နိုင်တာရှုံးတာကို အဓိကမထားပဲ အကောင်းဆုံးကစားသွားနိုင်ပါစေလို့ ဆုတောင်း ပါတယ်။ ဘာပဲဖြစ်ဖြစ်အာရှထိပ်သီးအသင်းနဲ့ယှဉ်ရတာမနိုင်ရင်တောင် သရေဆိုရင် အရမ်းပဲကျေနပ်ကြ မှာပါ။မြန်မာကိုယ်စားပြု ယူ-၂၂ အသင်းအောင်မြင်မူတွေထွေးပိုက်ပြီး မြန်မာဂုဏ်ကို မြှင့်တင်နိုင်ပါစေ....။

soccer myanmar

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews