Sunday, July 1, 2012

Microsoft မှ Surface Tablet ထုတ်လုပ်

Tablet ပြိုင်ပွဲသည် ယခုအခါ Apple နှင့် Google သာမကဘဲ Microsoft မှလည်း  ဝင်ရောက် လာခဲ့ပြီ ဖြစ်သည်။  ဇွန် ၁၉၊ ၂၀၁၂ တွင် Microsoft သည် Surface tablet အား ပြသခဲ့သည်။ Surface tablet သည် Version နှစ်မျိုးဖြင့် ထုတ်လုပ်မည်ဖြစ် ပြီး ပထမတစ်မျိုးမှာ windows RT အား သုံးမည်ဖြစ်ပြီး windows 8 နှင့် အတူတူနီးပါး ဆောင်း ဦးရာသီတွင် ဈေးကွက်ထဲ ရောက်ရှိမည် ဖြစ်သည်။
ARM CPU ကို သုံးမည်ဖြစ်ပြီး Window 8 Full version မဟုတ်သဖြင့် windows app store မှ Metro apps များကို သုံးရမည်ဖြစ်သည်။ Microsoft office လည်း တစ်ပါတည်း ပါဝင်လာမည် ဖြစ်သည်။ ထို့နောက် သုံးလအကြာတွင် windows 8 pro သုံးထားသော tablet ထွက်ရှိမည် ဖြစ်သည်။ Full Windows 8 OS ပါဝင်မည်ဖြစ်ပြီး Intel Ivy Bridge CPU ကို သုံးမည်ဖြစ်၏။Proversion သည် အနည်းငယ် ပိုထူမည်ဖြစ်ကာ ဘက်ထရီနှင့် Peripheral support များ ပိုကောင်းမည်ဖြစ်သည်။ Surface  တွင် 10.6 လက်မ မျက်နှာပြင် ပါဝင်မည်ဖြစ်ကာ 16:9 (AR) ရှိမည်ဖြစ်ရာ HDTV ကဲ့သို့ပင် ဖြစ်၍ ဗီဒီယိုနှင့် ရုပ်ရှင်များကို full screen ဖြင့် ကြည့်နိုင်မည်ဖြစ်သည်။
Microsoft မှ resolution နဲ့ ပတ်သက်၍ သတင်း မထုတ်ပြန်သေးသော်လည်း RT version မှာ HD ဖြစ်ပြီး Pro version မှာမူ Full HD ဖြစ်မည်ဟု ဆို၏။ ထို့ကြောင့် RT version မှာ (720p) နှင့် Pro version မှာ (1080p) အနည်းဆုံး ရှိမည်ဟု ယူဆရသည်။ အကြမ်းပတမ်း ခံနိုင်ရန်အတွက်လည်း ဂေါ်ရီလာဖန်သား ၂ ကို သုံးထား၏။ Windows 8 Pro version သည် digital inking ကို ထောက်ပံ့ပေးနိုင်၍ Stylus နှင့် အလွယ်တကူ စာရေးသားနိုင်မည် ဖြစ်သည်။
ထို့အပြင် optical bonding process ကြောင့် ဂေါ်ရီလာဖန်သား ၂ နှင့် display ကြားတွင် ကွက်လပ်မရှိဘဲ စာရွက်ပေါ်တွင် ရေးသားရသလို ခံစားရမည် ဖြစ်သည်။ Stylus နှင့် ink ကြားဝယ် 0.7 mm သာ ခြားသည်ဟု Microsoft မှ ဆို၏။ ထို့အပြင် palm block နည်းပညာကိုပါ သုံးထားပြီး ၎င်းနည်းပညာသည် stylus သုံးနေသမျှ touch sensor ကို ပိတ်ထားမည်ဖြစ်ရာ လက်နှင့် မတော်တဆ ထိမိပြီး မှားယွင်းမည့် ပြဿနာ မရှိနိုင်တော့ပေ။
မဂ္ဂနီဆီယမ် အိမ်မှာလည်း ထိခိုက်ပွန်းပဲ့မှုကို ခံနိုင်ရည်ရှိမည် ဖြစ်ပြီး ၁.၅ ပေါင် လေးမည်ဖြစ်သည်။ ထို့အပြင် kickstand ပါ တစ်ပါတည်း ပါဝင်လာသဖြင့် အလွယ်တကူ ထောင်ထားနိုင်မည် ဖြစ်သည်။ ထို့အပြင် surface အတွက် ကာဗာမှာ ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ကီးဘုတ်မှာလည်း touch ကီးဘုတ် ဖြစ်သဖြင့် ခလုတ်များ ပါဝင်မည် မဟုတ်ချေ။
နက်ဂိုက်

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews