Friday, July 13, 2012

ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် အဆိုးဆုံး အရည်များ

ကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစား နေရင် ဒါမှ မဟုတ် ပိုပြီး ကျန်းမာရေး နဲ့ ညီညွတ် တဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာနေရင် သင်သောက်တဲ့ အရည်တွေကို လည်း အလေးထားရပါမယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေ သတိထား ရှောင်ကြဉ်သင့်တဲ့ အရည်တွေကို ဖော်ပြပေး လိုက်ပါတယ်။

(၁) Juice Juice
အရည်အများစုမှာ သကြားများစွာ ထည့်ထားတာကြောင့် သင့်ကျန်းမာရေး အတွက် ၁၀ဝ ရာခိုင်နှုန်း Juiceကိုပဲ ရွေးချယ်သင့်ပါတယ်။

(၂) အမြှုပ်ထသော ခရင်မ်ပါကော်ဖီ
ဒီကော်ဖီတစ်ခွက်မှာ ကယ်လိုရီ ၈၀ဝ ကျော်နဲ့ သကြား ၁၇၀ ဂရမ်တို့ ပါဝင်ပါ တယ်။ ဒီလို ကယ်လိုရီများများ မရရှိစေဖို့ အဆီထုတ်ထားတဲ့ နို့ပါတဲ့ အမြှုပ်မထတဲ့ ရိုးရိုးကော်ဖီကိုပဲ သောက်သင့်ပါတယ်။

(၃) အနံ့အရသာထည့်ထားသော ရေ (Flavoured Water)
ဗီတာမင် အားဖြည့်ထားတယ်ဆိုပေမယ့် အများအားဖြင့် ဆေးသကြားတွေ ပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းမှာ ရေနဲ့ သဘာဝအနံ့အရသာပါတယ်လို့ ရေး ထားမှသာ ရွေးချယ်ပါ။ 

(၄) ဆော်ဒါအချိုရည် (Soda) ဆော်ဒါအချိုရည်ကို များများသောက်ရင် အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။

(၅) အေးခဲနေသော အရောင်ဆိုးထားသည့် အရည်များ
အရောင်ဆိုးထားတဲ့ အချိုရည်တွေက အရောင်တု၊ အရသာအတုနဲ့ အချိုတုတွေ ထည့်ထားတတ်ပါတယ်။

(၆) အဆင်သင့် သစ်သီးဖျော်ရည်ဈေးကွက်ထဲမှာ အဆင်သင့်ရနိုင်တဲ့ သစ်သီးဖျော်ရည်အများစုက တကယ့်သစ်သီး တွေနဲ့ လုပ်ထားတာမဟုတ်ဘဲ သစ်သီးနံ့လေးထည့်ကာ သကြားတွေနဲ့ လုပ်ထားတာပါ။ အညွှန်းကို သေချာဖတ်ပြီး မှ ဝယ်သင့်ပါတယ်။

(၇) အရက်
အမျိုးသားဖြစ်ရင် တစ်နေ့ နှစ်ပက်၊ အမျိုးသမီးဖြစ်ရင် တစ်နေ့ တစ်ပက်ခန့် သောက်ရုံနဲ့ အဝလွန်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် အရက်ကို မသောက်ဘဲ မနေနိုင်ရင် တတ်နိုင်သမျှ ထိန်းချုပ်သောက်ပါ။

(၈) ရယ်ဒီမိတ် ရှောက်ရည်၊ သံပရာရည် (Lemonade)
ဈေးကွက်ထဲက အဆင်သင့်သောက်နိုင်တဲ့ ရှောက်ရည်နဲ့ သံပရာရည်တို့ကို ရှောင် ပါ။ တာရှည်ခံစေတဲ့ ပစ္စည်းတွေနဲ့ ဆိုးဆေးအရောင်တွေ ပါဝင်နေလို့ပါ။ အိမ်မှာပဲ သံပရာသီး၊ ရှောက်သီးကို အသုံးပြုပြီး ဖျော် ရည်ဖျော်သောက်ပါ။ သကြားအစား ပျားရည် ထည့်သောက်ပါ။

(၉) အားကစားအချိုရည် (Sport Drink)
အားကစားလုပ်ရင်း ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်က အရေးပါပါတယ်။ ဒါပေမဲ့ အားကစားအချိုရည် မှာ သင့်ကျန်းမာရေးနဲ့ မသင့်တော်တဲ့ သကြားအများ အပြားနဲ့ တာရှည်ခံစေတဲ့ပစ္စည်းတွေ ပါဝင်နေပါတယ်။

(၁၀) စွမ်းအားဖြည့်အချိုရည် (Energy Drinks)
စွမ်းအားဖြည့်အချိုရည်ကို သောက်ပြီးတာနဲ့ ချက်ချင်းစွမ်းအင်ရရှိစေနိုင်ပေမယ့် ယာယီပဲ အဆင်ပြေပါ လိမ့်မယ်။ အကြောင်းကတော့ ဒီအချိုရည်အများစုမှာ သကြားနဲ့ ကဖင်းဓာတ်တွေ အလွန်အမင်း ထည့်ထားတတ်လို့ပါ။
good health

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews