Thursday, July 5, 2012

အရက်မူးနေသည့် ယာဉ်မောင်းက အမျိုးသမီး ၏ မျက်နှာကို ကိုက်ဖြတ် စားသောက်

မေလ အတွင်းက အမေရိကန်ပြည်ထောင်စု မီယာမီတွင် ရူဒီယူဂျင်း ဆိုသူက အိမ်ခြေ ရာခြေမဲ့ လူတစ်ဦးကို တိုက်ခိုက်ကာ မျက်နှာအား ကိုက်ဖြတ် စားသောက် ခဲ့မှုသည် တရုတ်နိုင်ငံသို့တိုင် ပျံ့နှံ့လာခဲ့ကြောင်း DM သတင်းဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံတွင် အရက်မူးနေသော ဘတ်စ်ကား ဒရိုင်ဘာ တစ်ဦးသည် အမျိုးသမီးတစ်ဦးကို ရုတ်တရက် တိုက်ခိုက်ကာ မျက်နှာအား ကုတ်ဖဲ့စားသောက်ခဲ့မှုအား ကင်မရာမှ ရိုက်ကူးရရှိခဲ့သည်။

ဒေါင်ဟု အမည်ဖော်ပြသော ဒရိုင်ဘာသည် နေ့လည်စာ စားချိန်အတွင်း အရက်အလွန်အကျွံ သောက်ကာ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဝမ်ကျို့မြို့တွင် သူသည် လမ်းပေါ်သို့ ပြေးထွက်လာကာ ဒူအမည်ရှိ အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ကားရှေ့၌ ပိတ်ရပ်ခဲ့သည်။ သူသည် ကားစက်ဖုံးပေါ်သို့ ခုန်တက်ကာ မော်တော်ကားအား ရိုက်ခွဲခဲ့ပြီး အမျိုးသမီးက ငယ်သံပါအောင် အော်ဟစ်ကာ အကူအညီ တောင်းခံခဲ့သည်။ ဒူသည် ကားကို စွန့်ခွာထွက်ပြေးရာ ဒေါင်က အမျိုးသမီးအား ခုန်အုပ်လျက် မြေပေါ်သို့ ဆွဲလှဲကာ မျက်နှာကို ကုတ်ဖဲ့လျက် ကိုက်ဖြတ် စားသောက် ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့များ ရောက်လာပြီး ဒေါင်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီး သည် နှာခေါင်းနှင့် နှုတ်ခမ်းများ ပျက်စီးသွားသောကြောင်း ပလတ်စတစ်ဆာဂျရီ ပြုလုပ်ရန် လိုအပ်လိမ့် မည်ဖြစ်ကြောင်း သူ့အားတင်ပို့ခဲ့သည့် ဆေးရုံမှ ဆရာဝန်များက ပြောကြားခဲ့သည်။
ပြည်မြန်မာ

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews