Friday, July 20, 2012

ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်ရှိတဲ့ အကြီးဆုံးကုန်းလိပ်ကြီး သေဆုံး

အီကွေဒေါနိုင်ငံ၊ Galapagos ကျွန်းရဲ့ ရှားပါး တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းမှာ ဖြည်းညင်း တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့သွားလာတတ်တဲ့ ”ဂျော့” (George) လို့နာမည်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကုန်းလိပ်ကြီး တစ်ကောင်ရှိပါတယ်။အသက်(၁၀၀) နှစ်ခန့်ရှိပြီး အလေးချိန်ပေါင် (၂၀၀) လေးတဲ့ လိပ်ကြီး“ဂျော့” ရဲ့ခြေလှမ်းတွေဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့မှာတော့ အဆုံးတိုင် ရပ်တန့်သွား ခဲ့ရပါပြီ။ အီကွေဒေါနိုင်ငံရဲ့ အချစ်တော် “ဂျော့” ဟာ သူ့မျိုးစိတ်လိပ်တွေထဲမှာ တစ်ကောင်တည်းကျန်ခဲ့တဲ့ လိပ်ကြီး ဖြစ်တာကြောင့် သူသေဆုံးမှု အပေါ်မှာ အားလုံးက ဝမ်းနည်းနေကြပါတယ်။ လိပ်ကြီး “ ဂျော့” ကို တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်တဲ့ သတ္တဗေဒ ပညာရှင်များကို (၁၉၇၂) ခုနှစ်မှာ တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ သူနဲ့မျိုးစိတ်ချင်းနီးစပ်မှု ရှိတဲ့ လိပ်မတွေနဲ့ မျိုးဆက်ပွားဖို့ ကြိုးစားခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။
Angle Kid

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews