
အင်တာနက်လိုင်း တစ်ခု အတွက် ကနဦး ပေးသွင်းငွေမှာ ၁၅ သိန်းခန့်
ကုန်ကျပြီး လိုင်း နှစ်လိုင်း ရယူထားသည့်အတွက် ကျပ်သိန်း ၃၀ ခန့် ကုန်ကျခဲ့
ကြောင်း ၄င်းကဆိုသည်။ကမာရွတ်မြို့နယ်၌ အင်တာ နက်ဆိုင် ဖွင့်လှစ်သူ တစ်ဦးက
လည်း အင်တာနက် အမြန်နှုန်း၊ 1Mbps အတွက် လစဉ်ကြေး ကျပ် တစ်သိန်းခန့်
ပေးရသော် လည်း အမှန်တကယ် ရရှိမှုနှုန်း မှာ 512 Kps သာရှိကြောင်း၊ျွှWCDMA
မိုဘိုင်း အင်တာနက် လိုင်းများ 512 Kps မှ 2 Mbps အမြန်နှုန်းပေးနေချိန်တွင်
အင်တာ နက် စင်တာများကို 10 Mbps မှ 10 Mbps အမြန်နှုန်း ပေးသင့် ကြောင်း
ပြောကြားသည်။
“လစဉ်ကြေးတွေ များများ ပေးနေရပေမယ့် အင်တာနက်ဝန် ဆောင်မှုပေးတဲ့ ဌာနတွေ၊
ကုမ္ပဏီ အနေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေမလုပ်ဘူး၊အမြဲလိုလိုနှေးနေတယ်” ဟု
၎င်းကပြောသည်။ နိုင်ငံတကာတွင် မိုဘိုင်းဖုန်း ဝယ်ယူပါက အင်တာနက်စနစ်ကို
ထပ်မံငွေပေးသွင်းရန် မလိုဘဲ သုံး စွဲနိုင်သော်လည်း မြန်မာနိုင်ငံတွင်
အင်တာနက်သုံးစွဲရန်အတွက် ငွေ ကျပ်တစ်သောင်းပေးသွင်းလျှောက် ထားရပြီး
မိနစ်အလိုက် ကျသင့် ငွေများ ပေးချေနေရသည်။ “ထိုင်းမှာဆို ဘတ် ၅၀ (ကျပ် ၁၅၀ဝ
ခန့်)ပေးရုံနဲ့ နံပါတ်အသေ နဲ့ ဆင်းကတ်ရတယ်။ အင်တာ နက်လည်း
တစ်ခါတည်းသုံးရုံပဲ။ ဒီလိုစနစ်မျိုး ကျွန်တော်တို့နိုင်ငံမှာ လည်း
ကျင့်သုံးဖို့လိုတယ်”ဟု မို ဘိုင်းဖုန်း သုံးစွဲသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက် စနစ်များ နှေးကွေးမှုကြောင့် အင်
တာနက်ဆိုင်ဖွင့်လှစ်သူ အများစု မှာ ဂိမ်းဆိုင်အဖြစ် ပြောင်းလဲလာ ကြပြီး
အချို့မှာ လုပ်ငန်းရပ်ဆိုင်း ရသည်အထိ ဖြစ်ပေါ်နေသည်။ “တစ်နာရီ ကျပ် ၄၀ဝ နဲ့
လာ သုံးတယ်။ သုံးတဲ့သူကလည်း အီး မေးလ်တောင်စစ်လို့မရတော့မသုံး
တော့ဘူး။ဒီဆိုင်ကလိုင်းမကောင်း ဘူးဆို နောက်မလာတော့ဘူး။ ကျွန်တော်တို့မှာ
မီးမလာတဲ့ ရက် ဆို ဆီဖိုးကုန်တယ်။ လစဉ်မီတာခ၊ အင်တာနက် သုံးစွဲခတွေ ပေးနေရ
တယ်။ ကြာလာတော့ တောင့်မခံ နိုင်ဘူး”ဟု အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက
ရင်ဖွင့်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအဆိုအရ မြန်မာနိုင်ငံတွင်
အသုံးပြုလျက်ရှိသည့် အင်တာ နက်Bandwidth ပမာဏမှာ အမြင့်ဆုံး 3.6 GB
ရှိပြီးSEAME- WE 3 မှ ရေအောက် ကေ ဘယ်လ်ဆက်ကြောင်းလိုင်း အပါ အဝင်
အင်တာနက်ဆက်ကြောင်း လေးလိုင်းဖြင့် သုံးစွဲနေသည်။ သို့ သော်လည်းBandwidth
ပမာဏ 1.7 GB ရရှိသော ၄င်းSEAME- WE 3 လိုင်းမှာ မကြာခဏ ဖြတ်တောက်နေသည့်
အတွက် အင်တာနက်လိုင်းများ နှေးကွေး ခြင်းဖြစ်ကြောင်း သိရသည်။