Wednesday, July 4, 2012

ဂျက်ကီချန်း ဇူလိုင် ၅ ရက်နေ့တွင် မြန်မာနိုင်ငံ လာရောက်မည်

ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် လာမည့်ဇူလိုင်လ ၅ ရက်နေ့ တွင် မြန်မာနိုင်ငံ သို့ရောက်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရှိရ သည်။"အဓိကတော့ လူမှုဝန်ထမ်း လက်အောက်မှာရှိတဲ့ဌာနတွေဆီ သွားရောက်ဖို့ရှိတယ်။ ကလေးတွေနဲ့လည်းတွေ့ မယ်။ unicef အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ရှိ တယ်။ အစိုးရဌာနက တာဝန်ရှိသူတွေနဲ့လည်းတွေ့ ဖို့အစီအစဉ်ရှိသလား ဆိုတာတွေတော့ အသေးစိတ် မသိသေးဘူး" ဟုရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီး ဌာနမှ တာဝန် ရှိသူတစ်ဦး၏အဆိုအရ သိရှိရ သည်။

တရုတ်လူမျိုးရုပ်ရှင် သရုပ်ဆောင်၊ စတန့်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သူ ဂျက်ကီချန်းကို မြန်မာ တို့ကောင်းစွာ ရင်းနှီးပြီးဖြစ်သည်။ သို့ရာတွင် ၄င်းရုပ်ရှင် သရုပ်ဆောင်၏ဘဝအကြောင်းကို မြန်မာတို့ သိသူနည်းပေမည်။ ယခုVenus News Weeklyဂျာနယ်က ၄င်းဘဝ၏ စိတ်ဝင်စားဖွယ်ရာများကို ဖော်ပြ လိုက်ပါသည်။ ဂျက်ကီးချန်းကို ၁၉၅၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ဟောင်ကောင်၌ မွေးဖွားခဲ့သည်။ ထိုအချိန်တွင် တရုတ်ပြည်တွင်းစစ်ဖြစ်နေရာ၊ ဒုက္ခသည်များ ဖြစ်ကြသည့် ချားလ်(Charles)) နှင့် လီလီချန်း (Lee-Lee Chan) တို့ဇနီးမောင်နှံက မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဂျက်ကီချန်း၏ နာမည်ပြောင်မှာ တရုတ်သံ ဖြင့် ဆိုရလျှင်" ပေါ်ပေါ်" (Pao pao)) ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ ' အမြောက်ဆံ' ဟူ၏။ အကြောင်း မှာ စွမ်းရည်မြင့်မားပြင်းထန်သည့် ဂျက်ကီချန်းလေးသည် အမြဲတစေ ဟိုဟိုဒီဒီ လျှောက်လိမ့်နေ၍ဖြစ်သည်။ ဂျက်ကီချန်း၏ မိဘနှစ်ပါးမှာ ဟောင်ကောင်ရှိ ပြင်သစ်ကောင်စစ်ဝန်ရုံးတွင် လုပ်ကိုင်သည်။

ချန်းသည် ဟောင်ကောင်ကျွန်းပေါ်တွင် မူလတန်းကျောင်းတတ်ခဲ့သည်။ ၁၉၆၀ တွင် ချန်း၏ဖခင်က အမေရိကန် သံရုံးထမင်းချက်ခေါင်းဆောင်အဖြစ် လုပ်ရန် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့သို့သွားခဲ့သည်။ အသက် ၈နှစ်အရွယ်၊ ၁၉၆၂ ခုနှစ်တွင် Big and Little Wong Tin Bar ရုပ်ရှင်တွင် စတင်ပါဝင် ခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် မင်းသားဘရုစ်လီရုပ်ရှင်များဖြစ်သည့် Fist of Fury နှင့် Enter the Drago ရုပ်ရှင်ဇာတ်ကားကြီးများတွင် စတန့် မင်းသားအဖြစ် လုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဟောင်ကောင်၌ အကန့်အသတ်ဖြင့် ထုတ်လွှင့်ခဲ့သည့် Little Tiger of Canton ဇာတ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ရသည်။ ချန်း၏ ပထမဆုံးအဓိက ထိုးဖောက်နိုင်သည့် ရုပ်ရှင်မှာ ၁၉၇၈ တွင်ရိုက်သည့် Snake in the Eagle's Shadow ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ချန်းသည် The Fearless Hyena ရုပ်ရှင်ဇာတ်ကား တွင် ပူးတွဲဒါရိုက်တာအဖြစ်လုပ်ခွင့်ရခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှင့် ၉၀ အစောပိုင်းတွင် Police Story 2 ၂ ရုပ်ရှင်ဇာတ်ကားကြီးတွင်သရုပ်ဆောင်ခဲ့ရာ၊ ၁၉၈၉ တွင်ံ Hong Kong ရုပ်ရှင်ဆုရွေးချယ်ရေးကBest Action Choreography ဆု ချီးမြှင့်ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ထိုင်ဝမ်ရုပ်ရှင်မင်းသမီးလင်ဖန်ဂျောင်နှင့်လက်ထပ်ခဲ့၍ သားတစ်ဦးထွန်းကားသည်။ သရုပ်ဆောင်နှင့် တေးသံရှင် ဂျေစီချန်း (Jaycee Chan) ) သည်၎င်းတို့၏သားဖြစ်သည်။ ၂၀ဝ၇ ခုနှစ်တွင် ချန်းသည် တရုတ်မင်းသား ဂျက်လီနှင့်တွဲဖက်၍ The Forbidden Kingdom ရုပ်ရှင်ဇာတ်ကားကြီးကို အပြီးသတ်ရိုက်ကူးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျက်ကီချန်း၏ ဇာတ်ကား ၁၀ဝ မြောက် ' ၁၉၁၁'ဆိုသည့်ရုပ်ရှင်ကိုထုတ်လွှင့်ခဲ့သည်။၂၀၁၂ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် သူသည် အသက်ရလာပြီဖြစ်၍ Actionဇာတ်ကားများ ရိုက်ကူး တော့မည်မဟုတ်ကြောင်း စတန့်အနည်းငယ်တော့ သရုပ်ဆောင်ဦးမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ ကမ္ဘာ့ဂင်းနစ်စံချိန်တင် မှတ်တမ်းတွင် ချန်းသည်'သက်ရှိ သရုပ်ဆောင်အနေဖြင့် စတန့်အလုပ်နိုင်ဆုံး' မှတ်တမ်းတင်ခံထားရသည်။
venus news

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews