Sunday, July 1, 2012

EURO 2012 FINAL

ယူကရိန်းနှင့် ပိုလန်နိုင်ငံတို့တွင် ကျင်းပနေသော ယူရို၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ယနေ့ည ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။
ချန်ပီယံဟောင်းများဖြစ်သော အီတလီအသင်းနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သောကြောင့် ချန်ပီယံအသစ် ပေါ်ထွက်လာမည် မဟုတ်ပေ။ အီတလီအသင်း ဗိုလ်စွဲပါက ပြင်သစ်နှင့် စပိန်တို့၏ နှစ်ကြိမ်ချန်ပီယံ ဖြစ်ဖူးသော စံချိန်ကို မှီမည်ဖြစ်ပြီး စပိန်အသင်းသာ ဗိုလ်စွဲခဲ့က ဂျာမနီအသင်း၏ သုံးကြိမ်ချန်ပီယံကို စံချိန်တူမည်ဖြစ်သည်။ ထို့အတူ ပြိုင်ပွဲကြီးများတွင် သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲခြင်း၊ ဥရောပဖလားကို နှစ်ကြိမ်ဆက်တိုက် ရယူနိုင်ခြင်း စသည့် စံချိန်သစ်များ ရယူမည်ဖြစ်သည်။ ထို့ကြောင့် ယနေ့ယှဉ်ပြိုင် ကစားမည့် ဥရောပဖလား ဗိုလ်လုပွဲတွင် မည်သည့်အသင်းက ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရရှိမည်ဆိုသည်မှာ ရင်ခုန်ဖွယ်ရာပင် ဖြစ်နေတော့သည်။
ဒီနေ့ ကစားမယ့် ယူရို၂၀၁၂ ဗိုလ်လုပွဲရဲ့ ကိန်းဂဏန်းအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
ဝး ဘယ်ဥရောပအသင်းမှ ဥရောပဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပါ။ ဆိုဗီယက်ယူနီယံ (၁၉၆၀၊ ၁၉၆၄)၊ အနောက်ဂျာမနီ (၁၉၇၂၊ ၁၉၇၆)တို့ ဖိုင်နယ်ကို နှစ်ကြိမ်ဆက် တက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
ဝး ဥရောပ နှစ်ကြိမ် အောင်မြင်မှုရခဲ့တဲ့ ကစားသမားလည်း မရှိဖူးပါ။ စပိန်အသင်းမှ ကားဆီးလတ်စ်၊ အင်နီယေစတာ၊ ဇာဗီ၊ ဖားဘရီးဂတ်စ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒိုတောရက်စ်တို့ဟာ စပိန်ရဲ့ ၂၀၀၈ ဗိုလ်လုပွဲမှာ ပွဲထွက်စကစားခဲ့ပြီး၊ အလွန်ဆိုနှင့် ကာဇော်လာတို့က လူစားလဲကာ ပါဝင်ကစားခဲ့သောကြောင့် ယနေ့ စပိန်အသင်း အောင်မြင်မှုရပါက ၎င်းတို့သည် ဥရောပဆုဖလားကို နှစ်ကြိမ် ကိုင်မြှောက်ခွင့်ရမည့် ပထမဆုံးသော ကစားသမားများ ဖြစ်လာမည်။ အနောက်ဂျာမနီမှ ရေနာဘွန်အော့ဖ်သည် ၁၉၇၂နှင့် ၈၀တို့တွင် ဆုဖလားရရှိခဲ့သော်လည်း အဆိုပါ နှစ်ပွဲစလုံးတွင် ပါဝင်ကစားခဲ့ခြင်း မရှိခဲ့ပါ။
၁၃း ဗိုလ်လုပွဲ နှစ်ကြိမ်ကစားဖူးသူ စုစုပေါင်း ဆယ့်သုံးယောက်ခန့် ရှိသည်။ ဗဲလ်လတင် အိုင်ဗန်နော့ဗ်၊ ဗစ်တာပိုနီဒင့်ခ်၊ လက်ဗ်ယာရှင် (ဆိုဗီယက်ယူနီယံ ၁၉၆၀ချန်ပီယံ၊ ၆၄ ဒုတိယ)၊ ဖရန့်ဘက်ကင်ဘောင်ဝါ၊ ယူလီဟိုးနက်စ်၊ ဆက်ဘ်မိုင်ယာ၊ ဟန်းစ်ဂျော့ရှဝါဇင်ဘက်၊ ဟာဘက် ၀ါမာ (အနောက်ဂျာမနီ ၁၉၇၂ ချန်ပီယံ၊ ၁၉၇၆ ဒုတိယ)၊ သောမတ်စ်ဟတ်စ်လာ၊ သောမတ်စ်ဟဲလ်မာ၊ ကလင်းစမန်း၊ မားသီးယပ်စ်ဆမ်း မား (ဂျာမနီ ၁၉၉၂ ဒုတိယ၊ ၁၉၉၆ ချန်ပီယံ) တို့ ဖြစ်သည်။
၃း ဥရောပဖလားနှင့် ကမ္ဘာ့ဖလားတို့ကို ဆက်တိုက် ရရှိဖူးသည့် အသင်း သုံးသင်းရှိသည်။ အနောက်ဂျာမနီသည် ၁၉၇၂တွင် ဥရောပဖလား ရရှိခဲ့ပြီး နှစ်နှစ်အကြာတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ သည်။ ပြင်သစ်သည် ၁၉၉၈တွင် ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး ယူရို၂၀၀၀တွင်လည်း အောင်ပွဲခံခဲ့သည်။ စပိန်အသင်းသည် ၂၀၀၈တွင် ဥရောပဖလား ရရှိခဲ့ပြီး၊ ၂၀၁၀ကမ္ဘာ့ဖလားတွင်လည်း အောင်ပွဲရခဲ့သည်။ မည်သည့်အသင်းမှ ပြိုင်ပွဲကြီးသုံးခု ဆက်တိုက် ဗိုလ်စွဲခြင်း မရှိခဲ့ပေ။ ဂျာမနီအသင်းသည် ၁၉၇၆တွင် အဆိုပါ အောင်မြင်မှု ရရှိရန် နီးစပ်ခဲ့သော်လည်း ချက်ကိုစလိုဗက်ကီးယားအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။
၁၅း ကမ္ဘာ့ဖလားနှင့် ဥရောပဖလား ဗိုလ်လုပွဲနှစ်ကြိမ်ဆက် ကစားခဲ့သော အနောက်ဂျာမနီနှင့် ပြင်သစ် ကစားသမား စုစုပေါင်း ၁၅ ယောက်ရှိသည်။
၉း ယူရို ၂၀၀၈နှင့် ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့တွင် ပါဝင်ကစားခဲ့သော စပိန်ကစားသမားပေါင်း ကိုးဦး ရှိသည်။
၂၇း ဥရောပဖလားနှင့် ကမ္ဘာ့ဖလား အောင်မြင်မှုရရှိဖူးသော ကစားသမားများပါ အထက်တွင် ဖော်ပြခဲ့သူ များ အပြင် ဒီနိုဇော့ဖ် (အီတလီ ၁၉၆၈၊ ၁၉၈၂)၊ သောမတ်ဟတ်စ်လာ၊ ကလင်းစမန်း (ဂျာမနီ ၁၉၉၀၊ ၁၉၉၆) တို့ဖြစ်သည်။ အီတလီအသင်းမှာ ဘူဖွန်၊ ပီယာလို၊ ဒီရော့ဆီတို့သည် အီတလီ အသင်းအောင်မြင်မှု ရပါက အဆိုပါ ကစားသမားများ စာရင်းတွင် ပါဝင်လာမည် ဖြစ်သည်။
၅း အချိန်ပိုအထိ ကစားခဲ့ရသော ဗိုလ်လုပွဲပေါင်း ၅ပွဲရှိသည်။
၁၉၆၀း ဆိုဗီယက်ယူနီယံ ၂ - ယူဂိုဆလားဗီးယား ၁
၁၉၆၈း အီတလီ ၁ - ယူဂိုဆလားဗီးယား ၁ (ပြန်ကစားသည့် ပွဲတွင် အီတလီက ၂-၀ ဖြင့်အနိုင်ရသည်)
၁၉၇၆း ချက်ကိုစလိုဗက်ကီးယား ၂ - အနောက်ဂျာမနီ ၂ (ချက်က ၅-၃ ပင်နယ်တီဖြင့် ဗိုလ်စွဲခဲ့သည်)
၁၉၉၆း ချက် ၁ - ဂျာမနီ ၂ (ရွှေဂိုး)
၂၀၀၀း ပြင်သစ် ၂ - အီတလီ ၁ (ရွှေဂိုး)
၁း ၁၉၇၆ခုနှစ် ဗိုလ်လုပွဲအဖြစ် ကစားခဲ့သော ချက်ကိုစလိုဗက်ကီးယားနှင့် အနောက်ဂျာမနီတို့၏ ပွဲသည် ယူရိုပွဲများ၏ ပထမဆုံးသော ပင်နယ်တီ အဆုံးအဖြတ်ယူသည့် ဗိုလ်လုပွဲဖြစ်ခဲ့သည်။ ယခုအချိန်အထိ ပင်နယ်တီ အဆုံးအဖြတ်ရယူသော တစ်ပွဲတည်းသော ဗိုလ်လုပွဲလည်း ဖြစ်သည်။
၁း ၁ဂိုးအသာဖြင့် အနိုင်ရရှိသော ဗိုလ်လုပွဲပေါင်း ၇ပွဲအထိ ရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင် စပိန်အသင်း၊ ၂၀၀၄ခုနှစ်တွင် ဂရိအသင်းတို့က ပြိုင်ဘက်များကို ၁ဂိုး ဂိုးမရှိဖြင့် ဗိုလ်စွဲခဲ့ပြီး ကျန်အကြိမ်များတွင် ၂ဂိုး ၁ဂိုးဖြင့် ဗိုလ်စွဲခဲ့ကြသည်။
၂-၀း နှစ်ဂိုး ဂိုးမရှိဖြင့် ဗိုလ်စွဲသော အသင်း လေးသင်း ရှိသည်။ ၁၉၉၂ ဒိန်းမတ်၊ ၁၉၈၈ ဟော်လန်၊ ၁၉၈၄ ပြင်သစ်၊ ၁၉၈၆ အီတလီ တို့ဖြစ်သည်။
၃-၀း ၁၉၇၂တွင် ဂျာမနီအသင်းက ဆိုဗီယက်ယူနီယံကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ဗိုလ်လုပွဲသည် ဂိုးကွာခြားချက် အများဆုံး ဖြစ်သည်။
၃း ၁ ဂိုးရှုံးနေရာမှ အနိုင်ရရှိအောင် ပြန်လည်ကစားနိုင်သော အသင်း သုံးသင်းသာ ရှိသည်။ ၂၀၀၀ ဗိုလ်လုပွဲတွင် ပြင်သစ်၊ ၉၆တွင် ဂျာမနီနှင့် ၆၀တွင် ဆိုဗီယက် အသင်းတို့ဖြစ်သည်။ ၁၉၆၈တွင် အီတလီအသင်းသည် ၁ဂိုးရှုံးနေရာမှ သရေဖြစ်အောင် ကစားနိုင်ခဲ့ပြီး ပြန်ကန်သော ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။
၈း ပထမပိုင်းတွင် ဦးဆောင်ဂိုး ရရှိခဲ့သော အသင်း ရှစ်သင်းအနက် နှစ်သင်းသာ ရှုံးနိမ့်ခဲ့ဖူးသည်။ ကျန်အသင်းများ ဖြစ်သော စပိန် (၂၀၀၈)၊ ဒိန်းမတ် (၁၉၉၂)၊ ဟော်လန် (၁၉၈၈)၊ အနောက်ဂျာမနီ (၁၉၈၀)၊ ချက်ကိုစလိုဗက်ကီးယား (၁၉၇၆)၊ အနောက်ဂျာမနီ (၁၉၇၂)တို့အားလုံး အောင်ပွဲရရှိခဲ့သည်။
၎း အုပ်စုပွဲတွင် တွေ့ဆုံဖူးသော အသင်းများ ဗိုလ်လုပွဲတွင် ပြန်လည်ဆုံတွေ့ခြင်းသည် ယခုအကြိမ်သည် လေးကြိမ်မြောက် ဖြစ်သည်။ ၁၉၈၈တွင် ရုရှနှင့် ဟော်လန်၊ ၁၉၉၆တွင် ဂျာမနီနှင့် ချက်၊ ၂၀၀၄တွင် ဂရိနှင့် ပေါ်တူဂီတို့ ဖြစ်သည်။
၃၆း ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲများတွင် သွင်းခဲ့သော ဂိုးပေါင်း ၃၆ဂိုးရှိသည်။ ယင်းတို့အနက် ပထမပိုင်းတွင် ၁၄ဂိုး၊ ဒုတိယပိုင်းတွင် ၁၉ဂိုးနှင့် အချိန်ပိုတွင် ၃ဂိုး သွင်းယူခဲ့ကြသည်။
၆း စပိန်မှ ပရီဒါသည် ယူရိုဗိုလ်လုပွဲ၏ အမြန်ဆုံးဂိုးကို သွင်းယူခဲ့သည်။ ၁၉၆၄ခုနှစ် ဗိုလ်လုပွဲတွင်  ပွဲချိန် ခြောက်မိနစ်တွင် အဖွင့်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ နောက်နှစ်မိနစ်အကြာတွင် ကူဆင်နော့ဗ်က ချေ ပ ဂိုးသွင်းယူခဲ့ပြီး အဆိုပါဂိုးသည် ဗိုလ်လုပွဲများအတွက် ဒုတိယမြောက် အမြန်ဆုံး ဂိုးဖြစ်သည်။
၂း ယခုဗိုလ်လုပွဲသည် ယူရိုပွဲစဉ်တလျောက် ဂိုးသမားများ အသင်းခေါင်းဆောင် အဖြစ် ကစားသော ပထမဆုံး ပွဲစဉ်ဖြစ်သည်။ ၁၉၃၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂိုးသမားများ ဖြစ်ကြသော အီတလီအသင်းမှ ကွန်ဘီနှင့် ချက်ကိုစလိုဗက်ကီးယား အသင်းမှာ ပလင်ဆာတို့က အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့ကြသည်။
၅း ချယ်လ်ဆီးအသင်းမှ စပိန်ကစားသမားများ ဖြစ်ကြသော တောရက်စ်နှင့် မာတာတို့သည် ချန်ပီယံလိဂ်နှင့် ဥရောပဖလားတို့ တစ်နှစ်တည်း ကိုင်မြှောက်ဖူးသော ကစားသမားများ ဖြစ်လာဖွယ် ရှိသည်။ ၁၉၆၄ခုနှစ်က စပိန်မှ လူးဝစ်ဆွာရက်ဇ် (အင်တာနေရှင်နယ်မီလာနို)၊ ၁၉၈၈ခုနှစ်က ပီအက်စ်ဗီ ကစားသမား များ ဖြစ်ကြသော ဟော်လန်မှ ဘရူကီလန်၊ ရော်နယ်လ်ကိုးလ်မန်း၊ ဘာရီဗန် အာလီ၊ ဗန်န်ဘာ့ဂ်တို့သည် ချန်ပီယံလိဂ်နှင့် ဥရောပဖလားကို တစ်နှစ်အတွင်း ရယူခဲ့ဖူးသည်။
၁၉၈၈နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် ပီအက်စ်ဗီ အသင်းမှ ၀င်းကိဗ်(၁၉၈၈)နှင့် ရီးရယ်အသင်းမှ အနယ်ကာတို့ သည် ဗိုလ်စွဲခဲ့သာ ဟော်လန်နှင့် ပြင်သစ်အသင်းတွင် ပါဝင်ကစားခွင့် မရခဲ့ကြပေ။
၁၀း ထို့အတူ တစ်နှစ်အတွင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲပြီး ယူရိုချန်ပီယံဆုကို လက်လွှတ်ခဲ့ရသော ကစားသမားပေါင်း ဆယ်ဦးရှိသည်။ ဆပ်ဘ်မိုင်ယာ၊ ဟန်းစ်ဂျော့ရှဝါဇင်ဘတ်၊ ဘက်ကင်ဘောင်ဝါ၊ ယူလီဟိုးနက်စ် (၁၉၇၆ ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီ) နှင့် ကာဗယ်ဟို၊ နူနိုဗလယ်တင်း၊ မန်နီချီ၊ ဒေကို၊ ပေါ် လိုဖယ်ယားရား (၂၀၀၄ ပေါ်တိုနှင့် ပေါ်တူဂီ) တို့ဖြစ်သည်။
၁း စပိန်အသင်း အောင်မြင်မှု ရရှိခဲ့ပါက ဒယ်လ်ဘော့စကေးသည် ဥရောပဖလားနှင့် ကမ္ဘာ့ဖလားနှစ်ခုလုံး ရရှိဖူးသော ဒုတိယမြောက် နည်းပြ ဖြစ်လာမည် ဖြစ်သည်။ ဟာလ်မက်ရှိုးသည် အနောက်ဂျာမနီအသင်းကို ၁၉၇၂နှင့် ၁၉၇၄တို့တွင် ဥရောပဖလားနှင့် ကမ္ဘာ့ဖလားတို့ ရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ အနောက်ဂျာမနီအသင်းသည် ၁၉၆၆ကမ္ဘာ့ဖလားနှင့် ၁၉၇၆ဥရောပဖလားတို့တွင်လည်း ဗိုလ်လုပွဲအ ထိရောက်ရှိခဲ့သည်။
Ref: uefa


ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews